Part 20

2.2K 161 17
                                    

Pond တို့ဆီသွားဖို့ Mile နဲ့ Ae ကလေဆိပ်ကိုအရင်
ရောက်နှင့်နေတယ်
Mile : P Mile ရေသွားဝယ်လိုက်ဦးမယ် အိတ်ခဏကြည့်
ထားဦး
Mile ထွက်သွားတာနဲ့ Pete ကလေဆိပ်ကိုဝင်လာတယ်
Ae : hey pete
Ae ကလက်ပြပြီး pete ကိုလှမ်းခေါ်လိုက်တယ် Pete မျက်လုံးထဲမှာအရင်ကကျောင်းဝတ်စုံလေးနဲ့ Ae ကိုမြင်ယောင်နေတယ်
Pete : Ae Mile ရော
Ae : ရေသွားဝယ်တယ် အခုမှပဲအေးဆေးမိတ်ဆက်ရတယ်
Ae ကလက်ဆွဲနှုတ်ဆက်ဖို့ လက်ကိုရှေ့ထုတ်ပေးလိုက်တယ် Pete Ae ရဲ့လက်ကိုဖြည်းဖြည်းချင်းကိုင်လိုက်တယ်
ဒီလက်လေးတွေကိုမထိတွေ့ခဲ့ရတာအချိန်တွေကြာလွန်ခဲ့ပြီ
ဒါပေမယ့် Ae ရဲ့လက်လေးတွေကအရင်တိုင်းပါပဲ pete လက်
လွတ်ဖို့ပြင်နေပေမယ့်လည်း Ae ကဆက်ကိုင်ထားပြီး Pete လက်ကိုသေချာကြည့်လိုက်တယ်
Ae :မင်းလက်ကနူးညံ့လိုက်တာ ယောကျာ်းလေးလက်လို့
တောင်မထင်ရဘူး
Ae ကပြောပြီးလက်ကိုလွှတ်လိုက်တယ် Ae မေ့နေတဲ့အရာ
တွေကိုပြန်သတိရလာမယ်ဆိုတာယုံကြည်တယ် အခုပြောနေတဲ့စကားလေးတွေကအရင်ထဲက Ae ပြောဖူးပြီးသားပါ
Pete : တစ်ယောက်ယောက်လည်း အဲ့လိုပဲပြောဖူးတယ်
Ae : မင်းကောင်မလေးလား
Pete : ကောင်မလေးမရှိပါဘူး Ae
Ae : ဟုတ်လား Mile ပြောတာတော့မင်းကမင်းကောင်မ
       လေးရှိလို့ဟိုမှာနေတာတဲ့
Pete : Mile ကကျွန်တော့်အကြောင်းပြောထားတာလား
Mile : ကို့အကိုအကြောင်းပဲ Ae ကိုမပြောထားစရာမှမရှိတာ
         Ae အကိုကသူ့ကောင်မလေးနဲ့ပြတ်သွားပြီ
Ae : ဟုတ်လား တောင်းပန်ပါတယ်
Can : hey hey မင်းတို့ဘာရပ်လုပ်နေတာလဲ လာ လာ လေ
       လေယာဉ်ထွက်ချိန်နီးပြီ
       Can တစ်ယောက်ကတော့ထုံးစံအတိုင်းပဲရောက်လာတာနဲ့ရှုပ်ရှက်ခတ်နေတော့တာပဲ Tin က Can လက်ကိုဆွဲလိုက်
ပြီးတော့
Tin : မင်းကလည်း ဘာတွေလောနေတာလဲ အချိန်ရှိပါသေး
         တယ် အေးဆေးပေါ့ မင်းလုပ်တာနဲ့ Pete တို့လန့်ပြီးပြေး
         သွားဦးမယ်
Ae : ဖြေးဖြေးပြောပါ Can တို့တွေလိုက်မမှီဘူး
Can : သွက်တာ ငါကသွက်တာပါဆို
     Can က Ae လက်ကိုကိုင်ပြီးပြောလိုက်တယ် Ae စိတ်ထဲ
မှာပုံရိပ်တချို့ပြန်ပေါ်လာတယ် အရင်ကလည်း Can အဲ့လိုကလေးပြောလေးပြောဖူးသလိုပဲခံစားမိတယ်
Pete : ဝင်ကြမယ်လေ
   လေဆိပ်ရောက်တော့ Pond နဲ့ Charen ကသူတို့ကိုစောင့်
နေကြတယ်
CH : ရောက်လာပြီလား
Tin : ဘယ်လိုလဲ မင်းတို့တစ်ညတာက
Pond : feel ပဲလေကွာ
  Charen က Pond ကျောကုန်းကိုအားပြင်းပြင်းနဲ့ရိုက်လိုက်
တယ်
Pond : အား ဘာလုပ်တာလဲကွာ အချစ်ကလည်း
CH : တော်စမ်းပါ လာလေ ကားစောင့်နေတယ်
    Pete ကသူ့အိတ်ကိုမနည်းသယ်ရတော့နောက်ကျပြီးကျန်ခဲ့တယ် Ae ကကားပေါ်မတက်ခင် Pete ဆီသွားပြီးအိတ်
ကိုယူလိုက်တယ်
Ae : ပေးပါ ငါသယ်ပေးမယ် မင်းကအရမ်းပျော့တာပဲ
Pete : ကျေးဇူးပါ Ae
    Pete က Ae ကိုပြုံးပြလိုက်တယ်
Ae : မင်းဒီလိုပြုံးတာကိုမြင်ရင် ကောင်မလေးတွေကြွေကျနေ
        ဦးမယ် မင်းကချောတာထက်ချစ်စရာကောင်းတယ်
Mile : P
Ae : လာပြီ Mile
   တည်းမယ့်အခန်းကအားလုံးစုနေလို့ရတယ့်အခန်းကျယ်
ကြီးတစ်ခန်း အကုန်လုံးအခန်းထဲရောက်တော့အိတ်တွေနေရာချကြတယ်
Mile : P Ae အပြင်ခဏလောက်လိုက်ခဲ့ပါ
    အပြင်ကရေကန်လေးနားမှာ Mile ကထိုင်နေတယ်
Ae : Mile ဘာပြောမလို့လဲ
Mile : ဒီနေ့အကိုနဲ့အရမ်းရင်းနှီးနေသလိုပဲ
Ae : မဟုတ်ပါဘူး သူကပျော့ညံ့ပြီးပုံစံလေးကတစ်မျိုးပဲမို့လို့
       သူ့ကိုကူညီတာပါ
Mile : Pete က Mile ရဲ့အကို ဒါပေမယ့် Ae သူနဲ့အဲ့လိုနေ
           တာမကြိုက်ဘူး
Ae : ဘာလို့လဲ Mile သဝန်တိုရအောင် Pete ကမိန်းကလေး
        လည်းမဟုတ်ဘူး
Mile : မိန်းကလေးဆိုရင်တောင်သဝန်တိုမှာမဟုတ်ဘူး
Ae : Mile စကားကဘယ်လိုကြီးလဲ
Mile : P Pete က Gay
Ae : gay လား ဒါကြောင့် သူ့ပုံကတစ်မျိုးဖြစ်နေတာကို
Mile : P စိတ်ထဲမှာဘာမှမဖြစ်ဘူးလား
Ae : ဘာဖြစ်ရမှာလဲ gay လည်းလူပဲလေ Mile ကိုက Mile
        လိုချောပြီးထက်မြတ်တဲ့မိန်းကလေးကိုပဲလက်ထပ်မှာပါ
        ဒါကြောင့် မဟုတ်တာကိုတွေးပူမနေပါနဲ့
Mile : ဒါဆို လက်ထပ်ရအောင် မြန်မြန်လေး
   Ae က Mile ရဲ့လက်ကိုကိုင်ထားလိုက်တယ်
Ae : Mile အကိုပျောက်နေတဲ့မှတ်ညဏ်တွေကိုပြန်ရှာချင်
        သေးတယ် ဒါမှ အကိုနဲ့ Mile ရဲ့အရင်ကအမှတ်တရတွေ
        ကိုသတိရပြီးပိုချစ်ပေးနိုင်မှာပေါ့
Mile : မလိုချင်ဘူး Mile ပြောခဲ့တယ်လေ အကို့ကိုလူတွေအ
            များကြီးကသစ္စာဖောက်ခဲ့တာကို Pond လည်းပြောခဲ့
           တယ်လေ ဘာလို့မကောင်းတဲ့မှတ်ညဏ်တွေကိုပြန်
            ရှာမှာလဲ
Ae : အင်းပါ နောက်မှပြောကြတာပေါ့ အကိုတို့ဒီကိုလာတာ
         သူငယ်ချင်းတွေနဲ့ပျော်ဖို့လေ သူတို့စောင့်နေကြတယ်
         ပျော်ပျော်နေရအောင် နော်
CH : Mile ရေဆင်းကူးရအောင် လာလေ ဘာလုပ်နေကြ
         တာလဲ
Mile : ဟုတ်ကဲ့
   Mile တို့အားလုံးရေကူးဝတ်စုံလဲပြီးထွက်လာကြတယ်
Pond : Mile မျက်နှာကဘာဖြစ်နေတာလဲ
Mile : ဘာမှမဖြစ်ပါဘူး
Ae : Mile စိတ်ဆိုးနေတာလား မျက်နှာကြီးဆူပုပ်မနေပါနဲ့
    Ae က Mile ကိုထိုင်ခုံမှာထိုင်ခိုင်းလိုက်တယ်
Ae : ထိုင်ပါ အကိုဆံပင်စည်းပေးမယ် စိတ်ဆိုးပြေတော့နော်
    Pete က Ae တို့နှစ်ယောက်ကိုငေးကြည့်နေတာကို Charen ကသတိထားမိလိုက်တယ် သူ pete ရဲ့ပခုံးကိုလှမ်း
ကိုင်လိုက်တယ်
CH : pete အားလုံးအဆင်ပြေသွားမှာပါ နင်သုံးနှစ်တောင်
        စောင့်ခဲ့သေးတာပဲ နည်းနည်းပဲထပ်စောင့်လိုက်ပါ
Pete : ငါ့ဘက်မှာရှိပေးလို့ ကျေးဇူးတင်ပါတယ် နင်ကအ
        ကောင်းဆုံးသူငယ်ချင်းပါပဲ
    Tin က Can ကိုပွေ့ပြီးချီလိုက်တယ်
Can : Tin မင်းဘာလုပ်မလို့လဲ
   Tin က Can ကိုရေကန်ထဲပြစ်ချလိုက်တော့အားလုံးကဝိုင်းရီကြတယ် Can ကလည်း Tin ခြေထောက်ကိုဆွဲချလိုက်တယ် Mile နဲ့ Charen က Ae ကိုဝိုင်းပြီးတွန်းချလိုက်တယ်
Ae : aww Mile အဲ့လိုကြေးပေါ့ ရတယ်လေ
     Ae က Mile ကိုနောက်ဖို့ရေကူးကန်အပေါ်ကိုတက်ဖို့လုပ်
လိုက်ပေမယ့် ချော်ပြီး Pete ကိုပါဆွဲချလိုက်မိတယ် Pete ရဲ့နဖူးကသူ့ပခုံးနဲ့တိုက်မိသွားတယ်
Ae : မင်းအဆင်ပြေရဲ့လား
   Ae က Pete ရဲ့နဖူးကိုလက်နဲ့ကိုင်လိုက်တယ် Pete ကအ
ကြင်နာမျက်ဝန်းတစ်စုံနဲ့ Ae ကိုကြည့်လိုက်တယ် Ae ရုတ်တရက်သွားသတိရမိတာကသူ့စက်ဘီးနောက်က Pete ရဲ့နဖူးကိုသူအခုလိုပဲကိုင်ခဲ့ဖူးတယ် ကျောင်းအင်္ကျီအဖြူလေးနဲ့ Pete ရဲ့ပုံကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်
Pete : ကျွန်တော်အဆင်ပြေပါတယ် Ae
Ae : ဟမ် အင်း မင်းအဆင်ပြေရင်ပြီးတာပါပဲ
     ညစာစားဖို့မြက်ခင်းပေါ်မှာ Pete ကအကင်တွေကိုကင်
ပေးနေတယ်
Mile : P Pete ဘယ်တုန်းကဒီလိုကောင်းကောင်းလုပ်တတ်
         တာလဲ
Pete : ဟိုမှာနေတုန်း သင်တန်းတက်ခဲ့တယ်
Tin : သူ့ချစ်သူနဲ့ပြန်တွေ့ရင် ချက်ကျွေးဖို့သင်တာတဲ့ ဒါပေ
          မယ့် တစ်ချို့လူတွေကြောင့်သူ့ချစ်သူကိုပြန်မတွေ့နိုင်
        ဘူး
  Mile က Tin ကိုစိုက်ကြည့်လိုက်တယ်
Pete : Tin
   Ae ကဂစ်တာယူပြီးအပြင်ကိုထွက်လာတယ်
Mile : P ဂစ်တာတီးပြမလို့လား
Ae : ဒီလိုပဲ ယူလာတာပါ နားထောင်ချင်ရင်တီးပြမယ်လေ
CH : Wow pete နင်သေချာလုပ်ထားတာပဲ
Pete : အားလုံးပဲစားလို့ရပြီ
Ae : ပေးလေ Mile အကိုအခွံခွာပေးမယ်
    Dali ကိုပုစွန်ခွာပေးခဲ့တုန်းက Ae သဝန်တိုတဲ့ခံစားချက်
ကိုကောင်းကောင်းကြီးနားလည်လိုက်ရတယ် Mile ကိုအခု
ချိန်မှာအရမ်းအားကျမိပါတယ် Ae လိုလူမျိုးကသူ့အနားမှာရှိ
နေတယ်လေ
Can : ငါတို့ဂိမ်းကစားကြရအောင်
Pond : ဘာဂိမ်းလဲ
Can : Truth or Dare မလုပ်နိုင်ရင်တစ်ခွက်သောက်ကြေး
CH : ဟုတ်ပြီလေ ပုလင်းလှည့်မယ်
    ပုလင်းခွံကိုလှည့်လိုက်တော့ Pond ဘက်ကိုကျသွားတယ်
Pond : တွေ့ကြပြီပေါ့ Can  ဘာလုပ်မှာလဲ
Can : dare
Pond : Tin ကို 5 sec လောက်နမ်းပါ
   Pond ပြောလိုက်တာနဲ့အားလုံးကအသဲယားလို့ထအော်ကြတယ်
Can : ရတာပေါ့
   Can ကတကယ် Tin ကိုဆွဲပြီးနမ်းလိုက်တယ် အကုန်လုံးက အော်ပြီးလက်ခုပ်တီးကြတယ် အားလုံးတစ်လှည့်စီဆော့ရင်း Tin အလှည့်ကိုရောက်သွားတယ်
Tin : Ae Truth or dare?
Ae : dare
Tin : Pete ကိုနမ်းလိုက်
    Tin ပြောလိုက်တဲ့စကားကြောင့်အားလုံးကငြိမ်သက်သွား
တယ်
Tin : ဒါကဂိမ်းလေ ပျော်ရအောင်ပါ
  Pete က Ae အရှေ့ကအရက်ခွက်ကိုယူသောက်လိုက်တယ်
Pete : တော်သင့်ပြီ ငါတို့အိပ်ချိန်ရောက်နေပြီ
     Pete အထဲကိုပြန်ဝင်သွားတယ် ညသန်းခေါင်အထိ Ae အိပ်လို့မရခဲ့ဘူး သူ့စိတ်ထဲမှာမွန်းကြပ်နေသလိုခံစားရတဲ့အ
တွက်သူကမ်းစပ်ဘက်ကိုလမ်းလျှောက်ထွက်လာတယ် လမ်း
ဆက်လျှောက်ရင်းနဲ့Pete တစ်ယောက်ထဲထိုင်နေတာကို
တွေ့လိုက်တယ် Mile ပြောထားတဲ့စကားကြောင့်သူပြန်
လှည့်ဖို့ပြင်လိုက်ပေမယ့် Pete ငိုနေတဲ့အသံကိုကြားလို့ပြန်
လှည့်ကြည့်လိုက်တယ် သူ့စိတ်အလိုအတိုင်း Pete အနားကိုသွားပြီးထိုင်လိုက်တယ် Ae ရောက်လာတော့ Pete ကသူ့ရဲ့
မျက်ရည်တွေကိုအမြန်သုတ်လိုက်တယ်
Pete : Ae မအိပ်သေးဘူးလား
Ae : အင်း ငါ့ရင်ထဲမှာနေလို့မကောင်းလို့ လမ်းလျှောက်ထွက်
        လာတာ မင်းဘာလို့ငိုနေတာလဲ
Pete : ဘာမှမဖြစ်ပါဘူး သတိရမိလို့ပါ
Ae : မင်းချစ်သူဆိုတာလား
Pete : ဟုတ်တယ်
Ae : မင်းကိုသူကထားခဲ့တာလား ဒါကြောင့်ဝမ်းနည်းနေတာ
      လား
Pete : သူမထားခဲ့ပါဘူး သူကအဲ့လိုလူမျိုးမဟုတ်ဘူး ကျွန်
            တော်ကသာသူ့ကိုဒုက္ခတွေအများကြီးနဲ့ထားခဲ့မိတာ
Ae : လေတိုက်တော့အေးတယ် မင်းအင်္ကျီကပါးပါးလေး
        အအေးမိနေမယ်
   Ae ကသူ့အပေါ်ထပ်အင်္ကျီကိုချွတ်ပြီး pete အပေါ်ကိုခြုံ
ပေးလိုက်တယ်
Pete : ကျေးဇူးပါပဲ Ae ကအမြဲဒီလိုပဲလား အမြဲကူညီတတ်
         တာလား ဒါကြောင့် Mile ကချစ်နေတာဖြစ်မယ်
Ae : Mile ဘာကြောင့်ငါ့ကိုချစ်ခဲ့လဲ ငါတို့ဘယ်လိုဆုံခဲ့လဲ
      ဘာမှမမှတ်မိဘူး
Pete : ဒါဆို အခု Mile ကိုချစ်လား
  Ae က Pete ကိုအချိန်အတော်ကြာကြည့်လိုက်ပြီးမှ
Ae : မသိဘူး Mile ကအမြဲငါ့အနားမှာရှိနေလို့သဘောကျမိ
        တာကလွဲရင်ကျန်တာမသိဘူး
  Pete ကအပေါ်အင်္ကျီကို Ae ဘက်ကိုပါခြုံလို့ရအောင်ဖြန့်
ပေးလိုက်တယ်
Pete : အတူခြုံရအောင်လေ Ae လည်းအေးနေမှာပေါ့
  Ae က Pete အနားကိုပိုပြီးကပ်ထိုင်လိုက်တယ် Ae ရဲ့လက်
မှာဝတ်ထားတဲ့လက်စွပ်ကို Pete ကြည့်လိုက်မိတယ်
Ae : ဒါကိုကြည့်နေတာလား ဒါငါ့အတွက်အဖိုးတန်မယ်ထင်
       လို့ဝတ်ထားတာ
  Pete ဘာမှပြန်မပြောဘဲမျက်ရည်တွေစီးကျလာပြန်တယ်
Ae ရဲ့ဆန့်ကျင်ဘက်ကိုလှည့်ပြီးမျက်ရည်တွေကိုသုတ်ပစ်လိုက်တယ်
Ae : မင်းငိုနေပြန်တာလား ဘာလို့လဲ
Ae က Pete ကိုဆွဲလှည့်လိုက်တော့ Pete မျက်နှာပေါ်မှာကျန်နေတဲ့မျက်ရည်စတွေကိုသူ့လက်နဲ့သုတ်ပေးလိုက်မိတယ်
Ae : မငိုပါနဲ့ ဘာလို့လဲမသိဘူး မင်းငိုတော့ငါ့စိတ်ထဲနေလို့မ
       ကောင်းဘူး ငါ့ရင်ထဲမှာရှုပ်ယှက်ခတ်နေတယ်
Pete : Ae ကျွန်တော် Ae ကိုချစ်လို့မရဘူးလား
    Pete ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့စကားကြောင့် Ae ခဏတာအံ့သြမှင်သက်သွားတယ် Pete က Ae ရဲ့အနားကိုကပ်လာပြီး ဖြည်းဖြည်းချင်း Ae နှုတ်ခမ်းကိုထိနမ်းလိုက်တယ်
Pete ကဖြည်းဖြည်းချင်းနမ်းလိုက်ပေမယ့် Ae ကပြန်ပြီး Pete ရဲ့ခါးကိုဖက်ထားပြီးပြန်နမ်းလိုက်တယ်
....... ငါဘာဖြစ်သွားတာလဲ Mile ကိုတောင်တစ်ခါမှမနမ်းဖူးတဲ့ငါက ဘာလို့ယောကျာ်းလေးတစ်ယောက်ကိုနမ်းနေမိရတာလဲ Pete ကဘယ်လိုများငါ့ကိုညို့ယူလိုက်တာလဲ..........
                    Part 20 ( the end )

love by chance season 2 ( Aepete )Where stories live. Discover now