Part 9

2.3K 142 8
                                    

နောက်နေ့မနက်မိုးလင်းသောအခါ.......
Mae : လာလေ သမီး
Mile : aww Dali ပြင်သစ်ကနေဘယ်တုန်းကပြန်ရောက်တာ
လဲ Mile တောင်မသိလိုက်ဘူး
Pete : Dali ကပြင်သစ်သွားသေးလို့လား
Mile : ဟုတ်တယ် P မသိဘူးလား ညီမအထင် သူအရမ်းအ
ရေးကြီးကိစ္စရှိတယ်ထင်တယ် ဟုတ်တယ်နော် Dali
Dali က Mile ကိုစိုက်ကြည့်လိုက်တယ်
Dali : ဟုတ်တယ် ဟိုနေ့ကအမေ့ကိုဆေးခန်းပြတာလိုက်
သွားလို့ပါ ဒါနဲ့ Mileကထိုင်းကိုအခုမှရောက်ဖူးတာမ
လား အမနဲ့လျှောက်လည်မလား
Mile : ကောင်းတာပေါ့ သွားချင်တာနဲ့အတော်ပဲ
Mae : သားလည်းနောက်ကျနေမယ် သွားတော့လေ
Pete : ဟုတ်ကဲ့
ကျောင်းကန်တင်းမှာ Ae က Pete အတွက်မနက်စာဝယ်လာပြီးထိုင်လိုက်တယ် Pete မျက်နှာကအရင်လိုမရွှင်လန်းတာတော့ Ae ကောင်းကောင်းသတိထားမိတယ်
Ae : Pete ဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်းဘူး
Pete : အဖေ့အကြောင်းစဉ်းစားမိလို့ပါ Ae အဖေဒီရက်ထဲပြန်
လာမယ်ပြောနေတယ်
Ae : ကိုတို့ဝေးမှာကိုစိတ်ပူနေတာလား အားလုံးကသဘော
တူပြီးသားပဲ Pete အဖေလည်း
Pete : ညီမလေးပြောပုံအရဆိုအဖေကတော်တော်တစ်ကိုယ်
ကောင်းဆန်ပုံပဲ
Ae ကအေးစက်နေတဲ့ Pete ရဲ့လက်လေးကိုဆွဲယူပြီးဆုပ်ကိုင်ထားလိုက်တယ်
Ae : အားလုံးကိုကျော်ဖြတ်မှာပါ pete ကို့ကိုယုံပါ ဒီနှစ်ဘွဲ့
ယူပြီးတာနဲ့တို့နှစ်ယောက်အတူနေမှာပါ တို့တွေကိုဘာ
မှတားဆီးလို့မရပါဘူး
Pete : Pete လည်း Ae တစ်ယောက်ထဲကိုပဲယုံကြည်တာပါ
Pete ကလည်းအပြုံးလေးနဲ့ပြန်ပြောလိုက်တယ်
Mile နဲ့ Dali ကော်ဖီဆိုင်တစ်ခုမှာအတူထိုင်နေကြတယ်
Dali : Mile နင်အန်ကယ်ခိုင်းထားတဲ့ကိစ္စကိုဘာလို့မလုပ်
သေးတာလဲ
Mile : ငါလုပ်မလို့ပဲ စိတ်ကူးပြောင်းသွားတာ နင့်ပြသနာကိုငါ
ကဝင်ရှင်းရင် Ae ကငါ့ကိုမုန်းမှာပေါ့
Dali : နင်က Ae ကိုဘာလို့ခေါင်းထဲထည့်နေတာလဲ
Mile : Khonn Dali နင့်ဦးနှောက်ကသေးသေးလေးပါ နင်ဒီ
လိုဆက်လုပ်နေရင်း P Pete ကနင့်ကိုအသေမုန်းမှာ
ပေါ့ ငါအဲ့လိုအဖြစ်မခံဘူး
Dali : နင် Ae နဲ့တွေ့ပြီးပြီမလား
Mile : ငါသူ့ကိုချစ်တယ်
Dali : ဘာ ဟားဟား နင်ရော pete ရောရူးနေတာပဲ ဒီလို
ကောင်မျိုးကို
Mile က Dali ကိုစိုက်ကြည့်လိုက်တယ်
Mile : ဆင်ခြင်ပါ နင့်ကိုချက်ချင်းပျောက်သွားအောင်ငါလုပ်
လို့ရတယ် နင်သိတယ်မလား Mile ကဘယ်လောက်
သွေးအေးလဲဆိုတာ နောက်ငါ့ရှေ့မှာ Ae ကိုနင်အဲ့လို
ပြောစရာမလိုဘူး ငါကဘာမှမတော်တဲ့အကိုကိုဂရုမ
စိုက်နိုင်ဘူး ငါကြည့်မှာ Ae တစ်ယောက်ထဲပဲ ငါမသိရ
ဘဲဘာမှမလုပ်မိစေနဲ့
Mile ချက်ခြင်းထထွက်သွားတယ်
Ae : Pete လာလေ
Ae ရဲ့အိမ်ထဲကိုဝင်ရမှာ Pete တစ်ယောက်စိတ်လှုပ်ရှားနေတယ် Ae က Pete လက်ကိုဆွဲပြီးအိမ်ထဲကိုခေါ်သွားတယ်
Nat : လာလေ မောင်လေး
Yinn: ဦးဦး Pete
Yinn က Pete ဆီကိုပြေးလာတော့ pete က Yinn ကိုချီထားလိုက်တယ်လ
Ae : မီးမီးကဦးဦး Pete ကိုလွမ်းနေတာလား
Yinn: ဟုတ်တယ်
Pete: ဦးဦးကလည်း မီးလေးကိုလွမ်းပါတယ်
အားလုံးကရယ်မောနေကျပေမယ့်လည်း Ae အမေကဘာမှဝင်မပြောဘဲမျက်နှာမကောင်းတာကို Pete သတိထားမိတယ်
Oo : သမီး အောက်ဆင်းဦးလေ လူကြီးတွေစကားပြောမလို့
Pete: မင်္ဂလာပါ အန်တီ
Mom : ထိုင်လေ Ae ကသားကိုချစ်တယ်လို့ပြောတယ် အန်
တီတို့ကလက်ခံနိုင်ဖို့ခက်ပေမယ့်လည်း သားကပျော်
တယ်တဲ့ အတူအမြဲနေချင်တယ်တဲ့
Ae အမေ့ရဲ့မျက်ဝန်းထဲကမျက်ရည်စက်တွေကျဆင်းလာပြီးခဏတာငြိမ်သက်သွားတယ် Pete က Ae အမေရဲ့ဘေးမှာပြောင်းထိုင်လိုက်ပြီး မျက်ရည်စက်လေးတွေကိုသုတ်ပေးလိုက်တယ် ပြီးတော့ Ae အမေ့ရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ်
Pete : စိတ်ချပါ အန်တီ သား Ae ကိုဘယ်အခြေအနေပဲဖြစ်
ဖြစ်လက်တွဲသွားမှာပါ တောင်းပန်ပါတယ် အန်တီအ
နေနဲ့ချွေးမချောလေးလိုချင်မယ်ဆိုတာသိပါတယ် ဒါ
ပေမယ့် သားတို့အချင်းချင်းက
Mom : သားတို့ကဖူးစာပါလာလို့ပဲဖြစ်မှာပေါ့ အန်တီကို
တောင်းပန်ဖို့မလိုပါဘူး အမေဆိုတာသားတွေရဲ့
ပျော်ရွှင်မှုကိုပဲလိုချင်ကြတာပါ
Ae အမေကလည်း Pete ရဲ့ဆံပင်လေးတွေကိုပွတ်သပ်
ပြီးပြောလိုက်တယ် Ae နဲ့ Pete လည်းအားလုံးကိုနှုတ်ဆက်ပြီးကားမောင်းပြီးထွက်လာကြတယ်
Pete : Ae နောက်နေ့ Ae ကိုညီမလေးနဲ့မိတ်ဆက်ပေးမယ်
Ae : ညီမလေးနဲ့လား
Pete : imm Mile ကအရမ်းချောတာ အရမ်းလည်းတော်တာ
Ae : နေပါဦး နာမည်က
Pete : Mile လေ ဘာဖြစ်လို့လဲ
Ae : အသားဖြူဖြူနဲ့ ဆံပင်ကရွှေရောင်လိုဆိုးထားတဲ့ကောင်
      မလေးလား
Pete: imm Ae ဘယ်လိုသိလဲ
Ae : ညကသူ့ကိုအမူးသမားတွေကနှောင့်ယှက်နေလို့ ကို
       ကယ်လိုက်တယ်
Pete : ဟုတ်လား Mile ကဒီကိုဘာလို့လာတာလဲ
Ae : မသိဘူးလေ နောက်နေ့မှတွေ့ပေးပေါ့ ဆင်းလို့ရပါပြီ
         သူဌေးလေး
    Ae ကကားတံခါးဖွင့်ပေးပြီးတော့ လက်ချင်းလေးချိတ်ပြီးတိုက်ခန်းလေးထဲဝင်သွားကြတယ် Pete ကရေချိုးပြီးတော့ Ae စာလုပ်နေတဲ့ဘေးမှာလာထိုင်လိုက်တယ် Ae ရဲ့ပခုံးလေးကိုမီပြီးတော့.........
Ae : မင်းရဲ့အနံ့လေးကမွှေးနေတာပဲ ကို့ကိုစာမလုပ်ချင်
         အောင်လာဆွဲဆောင်နေတာလား
Pete : Ae ကလည်း စာလုပ်ပါ
Ae : မရဘူးကွာ
        Ae က Pete ကိုဘေးကကုတင်ပေါ်ကိုတွန်းလှဲလိုက်ပြီး
နမ်းလိုက်တယ်
Pete : Ae စဉ်းစားကြည့်ရုံနဲ့တင်ပျော်လွန်းလို့ငိုချင်တယ်
Ae : ဘာလို့လဲ
Pete : တို့နှစ်ယောက်အတူနေရတော့မယ်လေ ကိုချစ်တဲ့သူ
            နားမှာဒီလိုလေးအမြဲနေရမှာဆိုတော့ ပျော်လွန်းလို့
Ae : တူတူပါပဲ ကိုတို့ကိုဘာကမှခွဲလို့မရတော့ဘူးလေ
      Ae က Pete ကိုဆက်ပြီးနမ်းရှိုက်လိုက်တယ်
G  : မမလေး သူဌေးကသန်ဘက်ခါဆိုလာတော့မယ်တဲ့ Ae
       ကိစ္စကိုဘယ်လိုလုပ်ကြမလဲ
Mile: အဖေနဲ့ပြသနာတက်မှာသိပါတယ် ဒါပေမယ့် သူ့ကိုငါ
G  : ချစ်မိသွားတယ်ဆိုတာလား မမလေး သူက Pete ရဲ့ရည်း
        စားနော် ပြီးတော့ တစ်ခါလေးတွေ့ပြီးတော့
Mile : မြင်မြင်ချင်းချစ်တယ်ဆိုတာ မယုံလို့မရဘူး ငါ့ကိုဖက်
            ပြီးဆုပ်ကိုင်ထားတဲ့သူ့လက်လေးတွေနဲ့ သူ့ရဲ့မျက်နှာ
            လေး အသံလေးကိုမေ့မရဘူး
G   : မမလေး ဒါဆို Pete ကိုရော
Mile : အခုချိန်မှာငါ့အကိုကိုစိတ်မပူနိုင်ဘူး အခုက Ae ပဲ
         အဖေရောက်လာတဲ့နေ့ကစပြီး ဒုက္ခရောက်မှာသူပဲ
         ငါသာမရှိရင်သူပိုဒုက္ခရောက်မှာ ငါသူ့ကိုအကြွေးပြန်
            ဆပ်ရမယ်
G  : သူဌေးဆီကဖုန်းလာတယ်
Mile : ဟုတ်ကဲ့ အဖေ
       Ae အိပ်ရာနိုးတော့ အနားမှာ pete ကိုမတွေ့တာနဲ့သူထပြီးဧည့်ခန်းဘက်ထွက်သွားလိုက်တယ် Pete ဆိုဖာပေါ်မှာစိတ်ညစ်ပုံနဲ့ထိုင်နေတာတွေ့လိုက်တယ်
Ae : Pete ဘာလုပ်နေတာလဲ
Pete: Ae krub ......
      Ae ထိုင်ချလိုက်တာနဲ့ Pete က Ae ရဲ့ခါးကိုဖက်လိုက်တယ်
Ae : ဘာဖြစ်တာလဲ
Pete: Ae အဖေကမနက်ဖြန်ဆိုရောက်မယ်တဲ့
Ae : စိတ်ပူနေတာလား ကိုရှိပါတယ်ကွာ မနက်ကျရင်အဖေ
      ကိုသွားကြိုလိုက်နော်
Pete : ဟုတ်ကဲ့ပါ Ae
...............Pete စိတ်ထဲမှာစိုးရိမ်နေတာကို Ae သိရဲ့လား အဖေကအတ္တကြီးပြီး အမေ့လို Pete တို့ကိုခွင့်မပြုနိုင်မှာ Pete တို့ကိုခွဲထားမှာလောကမှာအကြောက်ဆုံးအရာဆိုတာ Ae သိနိုင်ရဲ့လား ...............
                  Part ( 9 ) the end

love by chance season 2 ( Aepete )Where stories live. Discover now