Part 18

1.9K 145 27
                                    

Ae နဲ့ Mile မင်္ဂလာဆောင်ခန်းမတစ်ခုကိုဝင်လာခဲ့ကြတယ်
G : Hey Mile
သတို့သမီးဝတ်စုံဝတ်ထားတဲ့ပြင်သစ်မလေးတစ်ယောက်
က Mile ကိုပြေးဖက်လိုက်တယ်
G : hey နင်လာတာအရမ်းဝမ်းသာတာပဲ မတွေ့တာ ၂ နှစ်
ကျော်ပြီ နင်ဘယ်တွေပျောက်နေတာလဲ
Mile : ငါထိုင်းမှာပဲနေတော့မှာ နင့်ကိုအချစ်ဆုံးမို့လို့လာတွေ့
တာနော်
G : Thanks alot, Mile နင့်ဆံပင်တွေအနက်ပြန်ဆိုးလိုက်
တာလား နင်အရမ်းပြောင်းလဲသွားတယ် ဒါပေမယ့် လှ
နေတုန်းပါပဲ ဒါနဲ့ သူက
Mile : Ae တဲ့ ငါ့ရဲ့ကောင်လေးလေ
G : Thai boy လေးပဲ ဖြောင့်တယ်နော် hi
Ae : hi
Mile : ဒါဆိုငါတို့ခန်းမထဲမှာပဲစောင့်နေတော့မယ်
လေဆိပ်မှာ Pete က Tin နဲ့ Can ကိုပြန်ပို့ဖို့အတူရှိနေတယ်
Tin : Ae ကိုတွေ့လိုက်တာလား မဖြစ်နိုင်ပါဘူး မင်းစိတ်ထင်
နေတာဖြစ်မှာပါ
Pete : ငါလည်းအဲ့လိုတော့ထင်မိပါတယ် မင်းတို့ပြန်ရင်သူ့အ
ကြောင်းစုံစမ်းပေးပါဦး
Can : ဒါနဲ့ မင်းပေးခဲ့တဲ့စာဆိုတာ ဘာအကြောင်းလဲ
Pete : Ae ကစိတ်တိုလွယ်တော့ သူပေါက်ကရလုပ်မှာစိုးလို့
ငါ့ပြသနာတွေကိုစာထဲမှာအကုန်ရေးထားတယ် ငါပြန်
လာမယ်လို့ပါရေးထားတယ်
Can : Ae ကမင်းကိုစောင့်မယ်လို့တော့ငါထင်တယ် ဒါပေမယ့်
ဘာလို့သူရုတ်တရက်ပျောက်သွားတာလဲ
Tin : ဖြစ်နိုင်တာကတစ်ခုပဲ Mile မင်းစာကို Ae လက်ထဲမ
ပေးတာပဲဖြစ်မယ်
Pete : ငါပြင်သစ်ရောက်ပြီးနှစ်လလောက်နေတော့ Mile နဲ့
တွေ့တယ် သူပေးပြီးပြီလို့ပြောတယ်
Tin : မင်းယုံလား Mile က Ae ကိုကြိုက်နေတာအသိသာကြီး
သူသာပေးရင် Ae ကရုတ်တရက်ဘာလို့ပျောက်သွားရ
မှာလဲ
Pete : Mile သူ့ကိုကြိုက်တာငါလည်းသတိထားမိတယ် ဒါပေ
မယ့် ကြားထဲမှာသူငါတို့ကိုကူညီခဲ့ပါတယ် သူလည်း
Chonpuu လိုပဲနားလည်ပေးပါတယ် ငါတော့အဲ့လိုဖြစ်
မယ်မထင်ထားပါဘူး
လေယာဉ်ပေါ်မှာ Ae ကနားကြပ်တပ်ပြီးသီချင်းနားထောင်
ရင်းအိပ်ပျော်နေတာကို Mile ကငေးကြည့်နေတယ်
Mile : ဟုတ်တယ် P Ae နာကျင်စရာတွေကိုမေ့ပြီး ပျော်ပျော်
ရွှင်ရွှင်အတူနေသွားရအောင် Mile လက်ကိုဘယ်
တော့မှမလွှတ်လိုက်ပါနဲ့
...............မနေ့က အဖေအဝေးပြေးလမ်းမှာကားမှောက်ပြီး
တစ်မိသားစုလုံးကိုထားခဲ့ပါပြီ ပြင်သစ်ရောက်နေတာ 3 နှစ်
ကျော်ခဲ့ပေမယ့်တစ်ရက်မှ Ae ကိုမေ့မရခဲ့ဘူး အဖေသေရင်
တောင်ကျွန်တော်နဲ့မဆိုင်ဘူးဆိုတဲ့စကားကအတည်ပြောခဲ့
တာပါ ဈာပနတောင်မပြီးသေးဘဲထိုင်းပြန်လာရတဲ့အတွက်
တောင်းပန်ပါတယ် နောက်ဆုံးတော့ကျွန်တော်အချစ်ကိုပြန်
ရှာဖွေပါတော့မယ် .........
Tin : hey pete မင်းကိုလာကြိုတာ တက်လေ
Tin က Pete အတွက်ကားတံခါးကိုဖွင့်ပေးလိုက်တယ်
Tin : မင်းရောက်ရောက်ချင်းသတင်းကောင်းပါတယ်
Pete : ဘာလဲ Ae အကြောင်းသိရပြီလား
Tin : ညနေ 6 နာရီ Pond နဲ့ Charen မင်္ဂလာဆောင်ရှိတယ်
Can တော့သွားနှင့်ပြီ Can ခုနကပဲဖုန်းဆက်တယ် Ae
အဲ့ပွဲကိုလာမယ်ဆိုပြီးတော့
Pete : တကယ်လား ဒါဆို ငါ Ae ကိုပြန်တွေ့ရတော့မှာပေါ့
Pete တကယ်ကိုပျော်သွားခဲ့တယ် သူ့စိတ်ထဲမှာတွေးလိုက်မိတာက သူ Ae ကိုမြင်တာနဲ့တောင်းပန်ချင်တယ် ဖြစ်ခဲ့
တာတွေအကုန်လုံးကိုဖွင့်ဟပြောပြချင်တယ် ဒီတစ်ခါတော့
Ae ကိုလက်လွှတ်မခံနိုင်တော့ဘူး
Ae : Wow သတို့သမီးအရံလေးကအရမ်းလှနေပါလား
Mile: သတို့သားအရံလေးကလည်း ချောလိုက်တာနော်
Ae : ဒီမှာ
Ae ကလည်ဆွဲလေးတစ်ခုကိုထုတ်ပြလိုက်တယ်
Mile : လှလိုက်တာ P ကအမြင်ရှိသားပဲ Mile အတွက်ရွေး
လာတာပေါ့
Ae : ဒါပေါ့ ဆွဲပေးမယ်
Mile နဲ့အရမ်းလိုက်ဖက်တယ် လှလွန်းတယ်
Mile : အမ Charen အတွက်ပန်းကိုယ်တိုင်စည်းပေးနေတာ
ဘယ်အပွင့်လှလဲ ဝိုင်းကူပေးပါဦး
Pond : Aww မင်းတို့ကဒီမှာလာအကြည်စိုက်နေတာကို
သတို့သားတောင်ဘာမှမပြင်ရသေးဘူး Ae ငါမင်္ဂလာ
ကိတ်သွားမရွေးရသေးလို့ မင်းရွေးပေးပါလား
Ae : ရတယ်လေ ငါသွားလိုက်မယ်
Ae ထွက်သွားတော့ Pond က Mile အနားကိုကပ်ပြီးပြော
လိုက်တယ်
Pond : Mile
Mile : ပြောစရာရှိလို့လား အကို
Pond : ငါတို့ Ae ကိုဒီနေ့မလာခိုင်းတော့ရင်ကောင်းမယ်
Mile : ဘာလို့လဲ
Pond : Pete ထိုင်းကိုပြန်ရောက်နေပြီတဲ့ Ae ဆီလာနေပြီ
ကြားတယ်
Mile : ဟုတ်လား မဆိုးပါဘူး သူမရရအောင်ပြန်လာသားပဲ
Pond : Mile ဒါနောက်စရာအချိန်မဟုတ်ဘူး အကိုသူ့ကို Ae
နဲ့မတွေ့စေချင်ဘူး
Mile : မနောက်ပါဘူး တစ်နေ့ကျရင်မဆုံမယ့်သူတွေမှမ
ဟုတ်တာ
Mile ကအေးအေးဆေးဆေးဆံပင်ကိုစည်းရင်းနဲ့ပြောလိုက်
တယ်
Pond : Ae ကသေမတတ်တောင်ဖြစ်ခဲ့တာ အဲ့နေ့ကို Mile
လဲမှတ်မိမှာပါ အကိုသူ့ကိုသွေးတွေနဲ့ရေကန်ထဲက
ဆည်ခဲ့ရတဲ့နေ့က အခုထိမြင်နေတုန်းပဲ
Mile : မှတ်မိပါတယ် Mile လည်းဘယ်တော့မှမမေ့ပါဘူး
ဒါပေမယ့် ဆုံးဖြတ်လိုက်ပြီ ဆက်ပြီးဖွက်ထားဖို့မလို
တော့ဘူး ပေးတွေ့လိုက်ပါ
Can : Pond Pete ကမင်းပြောသလိုတော့ Ae အပေါ်ရက်
စက်ခဲ့တာမဟုတ်ပါဘူး
Pond : မင်းဘာလို့ငါတို့ပြောတာကိုခိုးနားထောင်နေတာလဲ
Can : ဖြတ်သွားရင်းနဲ့ကြားမိတာပါ သူနဲ့ Dali ရဲ့မင်္ဂလာပွဲ
လည်းသူရအောင်ဖျက်ခဲ့တယ် အဲ့လိုဖျက်ဖို့သူဘယ်
လောက်ကြိုးစားခဲ့ရလဲ
Pond : ဘာလို့လဲ သူအားလုံးကိုထားခဲ့တာပဲ Ae ကိုသူထား
ခဲ့တာပဲ ဆက်ပြီိးလက်ထပ်ရမှာ
Can : Pond
Pond : အဲ့နေ့က Ae ရဲ့အသက်ကိုမနည်းကယ်ခဲ့ရတယ် နဲနဲ
လေးသာနောက်ကျခဲ့ရင် ငါတို့အခုချိန် Ae ကိုတွေ့ရ
မှာမဟုတ်ဘူး
Can : ဘာတွေဖြစ်ခဲ့တာလဲကွာ ငါတို့ဘာမှမသိရပါလား
Mile : တော်တော့ ဒီအကြောင်းတွေပြောနေရမယ့်နေရာမ
ဟုတ်ဘူး ဒါ Pond ရဲ့လက်ထပ်ပွဲပါ
Can : တောင်းပန်ပါတယ် Pond
Pond ချက်ချင်းစိတ်ဆိုးပြီးထွက်သွားတယ်
Mile : အဝတ်လဲဖို့ထွက်သွားပေးနိုင်မလား
Can : aww sorry Mile
ဘာတွေဖြစ်ခဲ့တာလဲ
သတို့သမီးအခန်းမှာ Charen ကသူငယ်ချင်းအားလုံးကိုနှုတ်ဆက်နေတုန်း Pete ရောက်လာခဲ့တယ် Charen အံ့သြလို့
မတ်တပ်ထရပ်လိုက်တယ်
CH : Pete Pete နင်ဘယ်လို
Pete က Charen ကိုနှုတ်ဆက်ပြီးဖက်လိုက်တယ်
Pete : မင်္ဂလာပွဲအတွက်ဂုဏ်ယူပါတယ် မတွေ့တာကြာပြီ
CH : ဒါပေါ့ ၃ နှစ်တောင်ရှိပြီ နင်ကလေ အရင်လိုမဟုတ်ဘဲ
ခန့်ညားလာတယ် နင့်အပြုံးလေးကတော့အရင်လိုပါပဲ
ဘယ်လိုပြန်ရောက်လာတာလဲ ဒါနဲ့ Dali ရော
Pete : ငါတို့ပွဲပျက်သွားတယ်
CH : တကယ်လား နင်အခုထိတစ်ယောက်ထဲပေါ့
Pete : အင်း မနေ့ကပဲငါ့အဖေဆုံးသွားတယ် နင်တို့လက်ထပ်
ပွဲရှိတယ်ကြားလို့ငါလာခဲ့တာ
CH : နင် မဟုတ်မှလွဲရော Ae ကိုပြန်လာရှာတာလား
Pete : Charen Ae ဒီမှာရှိတယ်မလား သူဘယ်မှာလဲ
CH : နင်မသိသေးတာတွေရှိတယ် Ae နဲ့ Mile ကို Ae အမေ
ကလက်ထပ်ပေးဖို့ထိစီစဉ်ထားတယ်
Pete : ငါ Ae ကိုယုံတယ် ငါပြန်လာတာသိရင်သူအဲ့လိုလုပ်
မှာမဟုတ်ဘူး
CH : မဟုတ်ဘူး နင်မသိတာထပ်ရှိသေးတယ် Ae က
ရုတ်တရတ်ဒေါက်ဖိနပ်အသံကြောင့် Pete လှည့်ကြည့်
လိုက်တယ် Mile ကိုသူတွေ့လိုက်တယ်
Mile : ရောက်လာပြီလား အကို တွေ့ရတာဝမ်းသာပါတယ်
မတွေ့တာဘယ်လောက်ကြာပြီလဲ
Pete : Mile
Mile : ကြားလိုက်ပါတယ် Ae ကိုလာရှာတာမလား
Mile ကသူ့ဖုန်းကိုထုတ်ပြီး Ae ကိုဖုန်းဆက်လိုက်တယ်
Mile : P သတို့သမီးအခန်းကိုလာရင်းနဲ့လက်ကိုင်ပန်းလေး
ယူခဲ့ပေးပါလား ဒါပဲနော်
CH : Mile
Mile : P Pete က P Ae ကိုတွေ့ချင်နေတာပဲ ခေါ်ပေးရမှာ
ပေါ့
Mile က Pete ကိုပြုံးပြီးပြောလိုက်တယ် ဒါပေမယ့် ဒီနေ့အ
ပြုံးတွေကတစ်ခုခုထူးဆန်းနေတာကို Pete မြင်နေရတယ်
ခဏကြာတော့ Ae အခန်းထဲကိုဝင်လာတယ် Ae ကပိုချော
လာသလိုအရပ်တွေလည်းရှည်လာတယ် တွေ့တွေ့ချင်း Pete ဘာမှမပြောနိုင်ဘဲရယ်ပဲရယ်နိုင်တယ် Ae ကိုပြုံးပြီးသူ
ငေးကြည့်နေခဲ့တယ် သူ Ae ရဲ့နာမည်ကိုခေါ်ခါနီးအချိန်မှာပဲ
Ae : Mile ဒီမှာပန်းစည်း
Mile : ကျေးဇူးပါ P
Ae ကသူ့ကိုတစ်ချက်မကြည့်ခဲ့ဘူး ဘာလို့လဲ သူ့ခေါင်းထဲအကြိမ်ကြိမ်စဉ်းစားတယ် Ae သူ့ကိုတကယ်ပဲစိတ်နာသွားခဲ့
ပြီလား Pete ချက်ချင်းမျက်ရည်တွေဝဲလာတော့ Charen က
Pete လက်မောင်းကိုဆုပ်ကိုက်လိုက်တယ်
CH : Ae Pond ခုနကပဲနင့်ကိုရှာနေတယ်
Ae : ဟုတ်လား ငါသွားလိုက်ဦးမယ်
Ae က Pete ကိုနောက်တစ်ခါထပ်လှည့်ကြည့်ပြီးတော့
ထွက်သွားတယ် Pete ရှုးမတတ်ကိုခံစားရသလိုပါပဲ
CH : နင်မသိသေးတာက Ae ကလွန်ခဲ့တဲ့သုံးနှစ်ထဲက အား
လုံးကိုမေ့သွားတယ်ဆိုတာပဲ
..........Mile ပြောခဲ့ပါတယ် Ae ကိုဖွက်ထားစရာမလိုတော့ဘူးလို့လေ သူကလွန်ခဲ့တဲ့သုံးနှစ်ထဲကသူ့သွေးတွေနဲ့လဲပြီးနာကျင်စရာအတိတ်တွေကိုမေ့နိုင်ခဲ့လို့ပဲ အခုဆို P Pete ပြောသလိုပဲတို့သုံးယောက်ရဲ့ကံတရားပဲလေ Ae က Mile ရဲ့လူဖြစ်
နေပြီလေ ..................
Part 18 ( the end )
Can I get feedback? 🤗

love by chance season 2 ( Aepete )Where stories live. Discover now