Pete : Ae ထတော့လေ တို့တွေအတန်းရှိသေးတယ်
Pete က Ae ရဲ့ ပခုံးလေးပေါ်မှီရင်းနှိုးလိုက်တယ်
Pete : Ae အတွက် မနက်စာလုပ်ပေးထားတယ်
Ae : ဟင် ကို့ကိုအသေသတ်မှာတော့မဟုတ်ပါဘူးနော်
Pete : Ae.......
Ae က Pete ကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ပြုံးလိုက်
တယ်
Ae : နောက်တာပါ အဆိပ်ဆိုရင်တောင်စားမှာပါ
Pete ကချစ်စရာကောင်းတဲ့အပြုံးလေးနဲ့ Ae ကိုပြုံးပြ
လိုက်တယ် Pete ရဲ့ချစ်စရာကောင်းလွန်းတဲ့အပြုံးလေး
ကြောင့် Ae က Pete ရဲ့နဖူးလေးကိုညင်သာစွာနမ်းလိုက်
တယ်
Pete : Ae ထတော့ တို့တွေနောက်ကျနေမယ် ထ
ရုတ်တရက် Bell သံမြည်လာတယ်
Pete : ဘယ်သူလာတာလဲမသိဘူး
Ae : ကိုသွားကြည့်လိုက်မယ်
Ae တံခါးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက Dali
Dali : ဟင် Ae ကဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ
Ae ရဲ့ နောက်ကနေ Pete ရောက်လာတယ်
Pete : Dali ဘယ်လိုလုပ်အကြောင်းမကြားဘဲရောက်လာ
တာလဲ
Dali : Aww အန်တီကနင့်အခန်းလိပ်စာကိုပေးလိုက်တယ်
လေ ငါလည်းတစ်ခါမှမရောက်ဖြစ်တော့လာကြည့်
တာပါ မနက်စာပါလုပ်လာတယ် ဒါနဲ့ Ae က
Pete : ငါတို့တစ်ခါတစ်လေ အားလုံးစုနေဖြစ်တယ် ကျန်တဲ့
သူတွေကသွားကြပြီ
Dali : Aww ပျော်စရာကြီးနော် ငါလည်းအတူနေလို့ရရင်
ကောင်းမှာပဲ
အဲ့စကားက Ae ရဲ့ရင်ကိုဆူးနဲ့ထိုးလိုက်သလိုပဲ Ae အခန်း
ထဲကိုဝင်သွားလိုက်တယ်
Pete : Ae ဘယ်သွားမလို့လဲ
Ae : ငါအင်္ကျီလဲမလို့ ကျောင်းသွားတော့မယ်
Pete : Dali ငါတို့ကျောင်းနောက်ကျနေလို့ နောက်မှအေး
ဆေးတွေ့ကြတာပေါ့ အားနာပါတယ်
Dali : ရပါတယ် ငါကလာကြည့်ရုံပါပဲ နောက်မှတွေ့မယ်
Pete အခန်းထဲဝင်ခါနီးမှာပဲ Ae ကလွယ်အိတ်ဆွဲပြီးထွက်
လာတယ်
Pete : Ae စိတ်ဆိုးသွားတာလား Dali က အဲ့လိုပဲ စိတ်ထဲမ
ထားပါနဲ့
Ae : မထားလို့မရဘူး ငါတို့ကြားမှာဘယ်မိန်းကလေးမှဝင်
မလာစေချင်ဘူး ငါတို့တွေဝေးဖို့ ငါမလိုချင်ဘူး
Ae က လွယ်အိတ်ကိုပစ်ချပြီးထိုင်ခုံပေါ်ထိုင်ချလိုက်တယ်
Pete က Ae ရဲ့ပခုံးအနောက်လေးကနေ သိုင်းဖက်ထားလိုက်
ပြီး
Pete : အဲ့အတွက်မပူပါနဲ့ Ae ကကျွန်တော်အတွက်နောက်
ဆုံးသူပါ Ae သေရင်အတူသေမယ် Ae ရှင်သန်နေသ
ရွေ့အနားမှာအမြဲနေမှာပါ သိလား Ae ကိုအဲ့လောက်
ချစ်တယ်ဆိုတာ
Ae က Pete ရဲ့ကျဆင်းလာတဲ့မျက်ရည်တွေကိုသုတ်ပေးလိုက်တယ်
Ae : Sorry ပါကွာ ကို့ချစ်သူရဲ့စိတ်ကိုသိရဲ့သားနဲ့ စိတ်တိုမိ
တဲ့အတွက်
Pete : Ae သိရင်ပဲ ကျေနပ်ပါတယ်
Ae : လာလေ ကျောင်းသွားကြမယ်
Part 2 ( the end )
![](https://img.wattpad.com/cover/175436486-288-k723889.jpg)