နားမလည်ခြင်းများ ၄ (+Unicode)

Start from the beginning
                                    

"မဟုတ်ပါဘူး. . မဟုတ်ပါဘူး"

သူ ကျိုးချန်ပြောတဲ့ layout ကို ပြန်စစ်ရင်း ကိုယ့်နဖူးကိုယ် ထုသတ်ချင်စိတ်တွေ ဖြစ်လာသည်။ အလွဲပေါင်းများစွာနဲ့ အယ်ဒီတာဆီက ပြန်လာတဲ့ ကွန်မန့်တွေ က ပွစာကိုထလို့။ ဒီရက်ပိုင်း ညနေဆို အမြန်အိမ်ပြန်ဖို့ပဲတွေးပြီး ဖြစ်ကတတ်ဆန်း အမှားများစွာနဲ့ သူ့လက်ရာ။ ဒီည ပြင်လို့မှ ပြီးပါ့မလား။

"ကျွန်တော်နဲ့ အတူတူ လုပ်ကြတာပေါ့. . မနက်ဖြန်မှီအောင်"

မနက်ဖြန် deadline ကို ဒီညနေမှ feedback ပြန်ပေးတဲ့ အယ်ဒီတာကိုလဲ ဆယ်ပေါင်တူနဲ့ ထုသတ်ပစ်ချင်သည်။ စောစောပေးတော့ သိန်းထီပေါက်မှာမို့လား။

ကျိုးချန်ကပါ ခုံတစ်ခုံ ဆွဲလာပြီး သူ့ laptop နဲ့ စစ်ပေး ရှောင်းကျန့်က ပြင်ပေး။

ဒီလိုနဲ့ ခြောက်နာရီခွဲသွားလဲ တဝက်တောင်မပြီးနိုင်သေး။ ဒီည နောက်ကျတော့မှာလား။ ရိပေါ်ကို ဖုန်းဆက်ပြီး သူအပြန်နောက်ကျတာကို ပြောရမလား။

"ကျွန်တော် ညစာလှမ်းမှာလိုက်မယ်"

"ရပါတယ်။ အလုပ်ပဲ မြန်မြန်ပြီးအောင် လက်စသတ်ကြရအောင်"

သူ့စိတ်က အိမ်မှာ သူမပြန်လာမချင်း ဘာမှမစားပဲ စောင့်နေမယ့် ဂျစ်တူးကိုသတိရသွားသည်။ ဝမ်ရိပေါ်ဆီဖုန်းဆက်မှဖြစ်မှာပါလေ. . . မဟုတ်ရင်. . .

"ဒီနားက လွဲနေတယ် ရှောင်းကျန့်"

အား. . နည်းနည်းမှ စိတ်ပျံ့လိုမရဘူးပဲ။ အလျင်လိုတယ် ဒီညအိမ်ပြန်ချင်တယ်ဆိုရင် အာရုံစိုက်မှပဲ။

"ကျန့်ကော"

အေးစက်စက်ခေါ်သံကြောင့် ကွန်ပြူတာထဲ ခေါင်းစိုက်တော့မတတ် ရှောင်းကျန့်နဲ့ ကျိုးချန် နှစ်ယောက်လုံး လှည့်ကြည့်မိသွားသည်။

"ရိပေါ်. . ဘာလာလုပ်တာလဲ"

ဝမ်ရိပေါ် ရင်ဘတ်က နိမ့်ချည် မြင့်ချည်နဲ့ မီတာတစ်ရာ အမြန်ပြေးလာပြီး ပန်းဝင်လာတဲ့ သူ တစ်ယောက်လို။

"ဘာလို့ ဖုန်းမကိုင်တာလဲ ကျန့်ကော"

"အလုပ်ရှုပ်နေလို့ပါ"

Di Di Ai Ni!!Where stories live. Discover now