မပြောင်းလဲမရဘူး ကူလီကူမာလေး ဝမ်ရိပေါ်က သူ့ညာဘက်လက်က တူကိုင်လို့မရဘူး နာတယ်ဆိုပြီး ရှောင်းကျန့်ကို ခွံ့ကျွေးခိုင်းတာ။ ရှောင်းကျန့်က ကိုယ့်ကြောင့်ဖြစ်တာလဲမဟုတ်ပဲ တာဝန်ယူပြုစုနေရတယ်။ သူရုံးသွားတဲ့အချိန် နေ့လယ်စာစားတော့ ဒီလက်က ကောင်းနေသလားမေးရင် ပေါင်မုန့်ပဲစားတယ်လို့ ဖြေတဲ့ ဝမ်ရိပေါ်ပါတဲ့။
"မင်း ထမင်းစားရင် ဂိမ်းမဆော့လို့မရဘူးလား"
"အု ဝူး. .ဝူး. . "
ရိပေါ်က ထမင်းလုတ်ကို ငုံထားရင်း ဘာတွေမှန်းမသိဘူးပြောတယ်။ ထားလိုက်တော့ ထားလိုက်တော့။
အိမ်တံခါးက ဘဲလ်မြည်လာလို့ ထမင်းကျွေးနေရင်းရနေ တံခါးထဖွင့်တော့ ရိပေါ် သူငယ်ချင်း ကိုရီးယားလေး။
"အညာဟဆဲရော"
"နီဟောင်"
တယောက်က ကိုရီးယားလို တယောက်က တရုတ်လိုနှုတ်ဆက် နဲ့ ဟုတ်နေတာပဲ။
နှုတ်ဆက်ပြီးတာနဲ့ ကင်မ်ချီကောင်လေး ချိုဆွန်ယွန်းက ဧည့်ခန်းထဲ ကော့ပက် ကော့ပက်နဲ့ဝင်သွားတယ်။ ရှောင်းကျန့်မှာ ဝမ်ရိပေါ်ကို အိမ်ပေါ်ခေါ်တင်ထားမိတာ အခု သူ့သူငယ်ချင်းတွေကို အိမ်လည် လက်ခံရတဲ့ ဘဝရောက်နေပြီ။
"Deliver ကောင်လေး မင်းက ဒီမှာ ဇိမ်ကျနေတာလား"
ရိပေါ်က လက်ခလယ်ပဲထောင်ပြလိုက်တယ်။ အမှန်က ဆွန်းယွန်းက သူ့ထက်အသက်ကြီးတယ်။ ဒါပေမယ့် ငယ်ကတည်းက ကိုယ့်ထက်ကြီးတဲ့ သူတွေနဲ့ပဲ လည်ပင်းဖက်ပေါင်းလာတဲ့ ဝမ်ရိပေါ်လေးကတော့ အားလုံးကို လေးစားသမှုမရှိဘူး။
"မင်းရှိလို့ ငါက ရှန်ဟိုင်း လိုက်လာတာလေ။ မင်းက ငါ့ကို ပစ်ထားရက်တယ်လားအချစ်လေး။"
ဆွန်ယွန်းက ပြောရင်း ဆိုဖာပေါ် ကိုယ်တပိုင်းမှီပြီး ထိုင်နေတဲ့ ရိပေါ် အပေါ်ကိုခုန်အုပ်တယ်။
ဆွန်ယွန်းက နောက်လိုက်တာပါ။ ကိုရီးယားလိုပြောတာဆိုတော့ ရှောင်းကျန့်လဲ နားမလည်နိုင်ပါဘူး။ ဒါပေမယ့် ရိပေါ်က ထူပူသွားတယ်။ ရှောင်းကျန့် စိတ်ဆိုးမှာလဲ ဆိုးတယ်။ ချိုဆွန်ယွန်း က ဘယ်လောက်အရေထူပြီး အခွက်ပြောင်လဲ ဆိုတာလဲ သိနေတော့ မဟုတ်တာတွေမလုပ်ခင် ဆွန်ယွန်းကို ဆောင့်တွန်းလိုက်တယ်။
YOU ARE READING
Di Di Ai Ni!!
Fanfictionသင် ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အဖြောင့်ထင်ပြီး ငြင်းခဲ့တဲ့ အပေအတေလေးဟာ သင့်ကိုယ်သင် အကွေးမှန်းသိတဲ့အခါမှာ အထက်ပုဂ္ဂိုလ်လေးအဖြစ်နဲ့ ပြန်ရောက်လာနိုင်ပါတယ်. .
ပထမအနမ်းကို (+Unicode)
Start from the beginning