Arc 3.7+3.8 (unicode)

1.9K 213 0
                                    

Arc 3.7
နာလိုက်တာ.... Ugh..
လင်းရှီ မျက်လုံးဖွင့်လိုက်တ့ဲအခါ ဒေါက်တာရဲ့ စိုးရိမ်နေတဲ့မျက်နှာကို တွေ့လိုက်ရတယ်။
"မင်းနိုးလာပြီဘဲ။ မင်းဘယ်လို နေသေးလဲ???'' ဒေါက်တာဟာ စိုးရိမ်စွာမေးတယ်။
"ဝမ်လေ့ဘယ်မှာလဲ'' သူပတ်ပတ်လည်ကြည့်တယ်။ ဒါပေမ့ဲ ဘယ်သူမှ မရှိဘူး။
"ညကနက်လာပြီး မင်းတို့နှစ်ယောက်ပြန်မလာတော့ ငါမင်းတို့ကို လိုက်ရှာတယ်။ ဒါပေမ့ဲ မင်းတစ်ယောက်ထဲ သွေးတွေန့ဲ သတိလစ်နေတာ ကိုတွေ့တယ်''
"ဝမ်လေ့....'' သူ့ကို သစ်နက်ကြီးက ကာကွယ်ဖို့ ကြိုးစားနေတာကို ပြန်စဉ်းစားကြည့်ရင်း လင်းရှီဟာ မျက်ရည်ဝဲလာတယ်။
System 1314: Host, ဝမ်လေ့ကို စိတ်ပူနေတာလား?
လင်းရှီ: ငါသူ့ကို ရှစ်နှစ်ကြီးတောင် ကျွေးမွေးစောင့်ရှောက်လာတာ သူကငါ့အပိုင်ဘဲ။ ငါသူ့ကို ဂရုမစိုက်ပါဘူး။ ဇာတ်လိုက်ကို အနိုင်ယူဖို့ သူ့ကို လိုရုံတင်ပါ။ ပြီးတော့ ငါလင်းနို့ အကိုက်ခံရတုန်းက မင်းဘယ်ရောက်နေတာလဲ???
System 1314: Host ကျွန်တော်က ခြေရာခံပြီး စောင့်ကြည့်တာ  စစ်ဆေးတာတွေဘဲ လုပ်နိုင်တာလေ။
လင်းရှီဟာ မပေါက်ကွဲ သေးခင် system ဟာ ဝမ်လေ့ရဲ့တည်နေရာကို ရှာနိုင်ကြောင်းသတိရလိုက်တယ်။
လင်းရှီ: System ဝမ်လေ့ရဲ့ တည်နေရှာကို ရှာပေး။
    System က ဝမ်လေ့ဟာ တောထဲမှာသာရှိသေးကြောင်း တင်ပြလေတယ်။ သူထဖို့ လုပ်လုပ်ချင်းမှာဘဲ သူ့လက်မောင်းက နာကျင်မှုကြီးဟာ လူကိုကွဲထွက်တော့မလိုဘဲ။
"Ah..''သူအော်လိုက်ပြီး လက်မောင်းကိုကိုင်လိုက်တယ်။
"မင်းဘယ်သွားမလို့ လုပ်နေတာလဲ၊ မင်းလက်မောင်းက သက်သာခါစဘဲရှိသေးတယ်။ မင်းတစ်ပါတ်လောက် မလှုပ်ရှားရဘူး"
ဒေါက်တာဖူဟာ ပြောလိုက်တယ်။
"တစ်ပတ်....???? ဒါပေမ့ဲ ဝမ်လေ့'' လင်းရှီဟာ ကန့်ကွက်လိုက်တယ်။
"မပူပါန့ဲ။ ရွာကလူတစ်ချို့ လွှတ်ထားတယ်။ဖုန်ကျုံးလဲပါတယ် သူက စွမ်းအားလုံလုံလောက်လောက်ရှိပါတယ်"
လင်းရှီဟာ ဇာတ်လိုက်က ဝမ်လေ့ကိုရှာမှာကို လုံးဝ မယုံကြည်ဘူး။ ဒါပေမ့ဲသူ့မှာရွေးချယ်စရာ မရှိဘူး။ ဒါကြောင့် သူ့ဒဏ်ရာ ကျက်ဖို့သာစောင့်နေရတယ်။
-------------------------

တစ်ပါတ်လောက်ကြာပြီးတ့ဲနောက်မှာ လင်းရှီဟာကောင်းမွန်လာခဲ့တယ်။ ဒေါက်တာဟာနောက်ဆုံးတော့ သူ့ကို အိပ်ယာပေါ်ကနေ ဆင်းခွင့်ပေးလိုက်တော့တယ်။ သူဟာ ဒေါက်တာ့ဆီက ခွင့်ပြုချက်ရ လျှင်ရချင်း system ညွှန်ပြတ့ဲနောက်ကို တဟုန်ထိုးသွားတော့တယ်။ (မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုတ့ဲလူက )
System 1314: သူက ရှေ့တည့်တည့် ဘက်မှာ
လင်းရှီဟာ သစ်သားအိမ်လေးကိုမြင်လိုက်တယ်။ ဝင်ဖို့ရန်အတွက် တံခါးလေးကဖွင့်ထားပြီး ဝမ်လေ့ထွက်လာခ့ဲတယ်။
လင်းရှီဟာ အရမ်းပျော်သွားပြီး ပြေးဖက်ဖို့ လုပ်တယ်။ မထင်မှတ်ထားဘဲ ဝမ်လေ့ဟာ သူ့ကိုတွန်းထုတ်လေတယ်။
"မင်းကဘယ်သူလဲ'' ဝမ်လေ့ဟာ ရန်လိုတဲ့အကြည့်တွေန့ဲ မေးလိုက်တယ်။
"ဝမ်လေ့??'' လင်းရှီဟာ ရှုပ်ထွေးသွားတယ် ။
မျက်ရည်တွေအပြည့်န့ဲ သူ့ကို စိုက်ကြည့်နေတ့ဲ ကောင်လေးကို တွေ့ရတဲ့အခါ ဝမ်လေ့ဟာသူ့ကို ဖက်လိုက်ပြီး နှစ်သိမ့်လိုက်ချင်တယ်။ ဒါပေမ့ဲ ဒီလူကဘယ်သူလဲဆိုတာ သူမသိဘူးလေ။
"ငါတောင်းပန်ပါတယ်။ ငါ့မှတ်ဉာဏ်တစ်ချို့ ပျောက်ဆုံးသွားလို့ပါ။ မင်းကဘယ်သူလဲ"ဝမ်လေ့ဟာ သူ့ကို ဘာမှမသိတဲ့ပုံစံန့ဲ စိုက်ကြည့်နေတယ်။

Their Eternal Love (Arc.3 Li Yang ဘဝ)Donde viven las historias. Descúbrelo ahora