Arc 3.2

9.9K 568 4
                                    

"ဖေဖေ, ဖေဖေ့ကို ပိုပြီး အားသန်လာအောင် ကူညီပေးတဲ့ဆေးရှိတယ်လို့ သားကြားထားတယ်'' လင်းရှီဟာ သူ့ မျက်တောင်လေးကို တဖြတ်ဖြတ်ခတ်ပြီး ချစ်စရာကောင်းစွာ ပြောလိုက်တယ်။
သူ့အဖေဟာ သူ့သားလေးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူကြောင့် နဲနဲတော့လန့်သွားတယ်။
" Yes, အဲ့ဒါက ဘာဖြစ်လို့လဲ??''
" သားတစ်ခုလောက်လိုချင်တယ်''
" ရွာမှာ လူတွေအများကြီးရှိတာ ဘယ်သူကဆေးကိုထုတ်ပေးလဲ ဖေဖေ မပြောပြတတ်ဘူး။ ဆရာဝန်ကိုမေးကြည့်တာ အကောင်းဆုံးဘဲ'' သူ့အဖေဟာ မသေချာစွာ ပြောပြတယ်။
စကားတောင်ပြန်မပြောနိုင်ဘဲ လင်းရှီဟာ သူ့အိမ်နဲ့အနီးဆုံး ဆရာဝန်ရဲ့ အိမ်ဆီကိုပြေးသွားတော့တယ်။
" သူတို့တွေကြီးလာတာမြန်လိုက်တာ" သူ့အဖေ ဟာ လင်းရှီပြေးသွားတာကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။
အသက်လတ်ပိုင်းအရွယ် လူရွယ်တစ်ယောက်ကိုတွေ့တဲ့အခါ လင်းရှီဟာ မမေးသေးခင်ချိုသာစွာပြုံးပြလိုက်တယ်။
"ဦးလေး အားတွေသန်လာတောင် လုပ်ပေးတဲ့ဆေးရှိတယ်လို့ သားကြားဖူးတယ် ။ သားတစ်ခုလောက် ရနိုင်မလား??''
သူဟာ သူ့ရဲ့ ချစ်စရာကောင်းလှတဲ့အသံလေးကို အသုံးပြုပြီးပြောလိုက်တယ်။
ဒေါက်တာဖူ ဟာ သူဆီလာတဲ့ကလေးလေးကြောင့် အံ့သြသွားပြီး ဒီကလေးဟာ ပန်းပဲဆရာရဲ့ သားလေးမှန်းမှတ်မိသွားတယ်။
"Oh! ဘာလို့ တစ်ခုလိုချင်တာလဲ?'' အဲ့ဆေးဟာ သူတို့ရွာအတွက် သားကောင်တွေလိုက်ပေးတဲ့ မုဆိုးတွေအတွက်ဘဲ ပေးတာဖြစ်တယ်။
" သားအတွက်မဟုတ်ပါဘူး။ ဝမ်လေ့အတွက်ပါ"
ဒေါက်တာဖူဟာ ဝမ်လေ့အမေ လွန်ခဲ့တဲ့လ အနည်းငယ်တုန်းက ဆုံးပါးသွားမှန်း အမှတ်ရလိုက်တယ်။ ပြီးတော့ဝမ်လေ့အဖေဟာ သူ့သားကိုကြမ်းတမ်းစွာ စတင်ဆက်ဆံလာခဲ့တယ်။ ဒီကောင်လေးဟာ ဒဏ်ရာတွေနဲ့ မကြာခဏတွေ့ရတတ်ပြီး သူဟာ ဆရာဝန်နဲ့ ပြောဆိုဖို့အမြဲငြင်းဆန်နေခဲ့တယ်။ ဒဏ်ရာတွေကို ပတ်တီးသာ စည်းခွင့်ပေးပြီး လုပ်ပြီးတာနဲ့တန်းထွက်သွားလေ့ရှိတယ်။ ပြီးတော့ သူကြားဖူးတာ ကလေးတချို့က ဒီဝမ်လေ့ကို အနိုင်ကျင့်ကြတယ်ဆိုဘဲ။ သူ့အရှေ့က ကလေးလဲ အပါအဝင်ပေါ့။
"ငါကြားတာတော့ မင်းလဲ သူ့ကို အနိုင်ကျင့်တယ်ဆို။ မင်းဘာကြောင့်သူ့ကို ဆေးပေးမှာလဲ?'' ဒေါက်တာဖူဟာ လီရန်ရဲ့ ပါးပြည့်ပြည့် လေးကို ညစ်လိုက်ရင်းမေးလိုက်တယ်။
လီရန်ဟာ သူ့ပါးလေးကိုပွတ်လိုက်ပြီး ''ဦးလေး သားကသူ့ကို သန်မာလာအောင်လို့ကူညီပေးနေတာ သူအဲ့လောက်အားနည်းလိမ့်မယ်လို့လဲ မထင်ခဲ့ဘူး။ ဒါကနောက်ဆုံးပါဘဲ။ သားသူ့ကို သန်မာလာအောင်လုပ်မယ် ဒါမှ
နောက်သူ့ကို ဘယ်သူမှအနိုင်မကျင့်နိုင်တော့ဘူးလေ''
ပြီးတော့ သူဇာတ်လိုက်ကို ငါ့အတွက်ဖယ်ရှားပေးလိမ့်မယ်။
ဒေါက်တာဟာ ကောင်လေးရဲ့မျက်လုံးကိုကြည့်ပြီး အပြစ်ရှိတယ်လို့ မမြင်ရဘူး။ သူ့ရဲ့မျက်လုံးဟာ အရူးလုပ်ဖို့ခက်တယ် တကယ်လို့ သူ့ကိုတစ်ယောက်ယောက်က လိမ်ဖို့ကြိုးစားနေခဲ့တယ်ဆိုရင် သူသိတယ်လေ။ ဒါပေမဲ့သူဒီကောင်လေးကို ဖြူစင်တယ်လို့မထင်ဘူး။
" ဒီဆေးက ကန့်သတ်ချက်ရှိတယ် ဒါကြောင့်ငါ ဘယ်သူ့ကိုမှမပေးနိုင်ဘူး ။ အဲ့ဒါလုပ်ဖို့ ဆေးပင်တွေအများကြီး လိုအပ်သေးတယ်" ဒေါက်တာဖူဟာ သူ့ခေါင်းကို ခါလိုက်တယ်။
လင်းရှီကြားတဲ့အခါ သူခုန်လိုက်ပြီး ပြောလိုက်တယ်။ '' စိတ်မပူနဲ့ဦး။ သားအပင်တွေရှာနိုင်တယ်။ ဦးလေးဘာတွေလိုလဲသာ ပြောပေးပါ''
လီရန်ရဲ့ မျှော်လင့်ချက်တွေနဲ့ တဖျတ်ဖျတ်လက်နေတဲ့ မျက်လုံးတွေကို တွေ့ရတဲ့အခါ ဒေါက်တာဟာ သူ့ကို ဆေးတွေရဲ့ ပါဝင်ပစ္စည်း ကိုlist လုပ်ပြီး အဲ့အပင်ရဲ့ပုံတွေနဲ့အတူပေးလိုက်တယ်။ပြီးတော့ တောထဲမှာ အန္တရာယ်တွေများလှကြောင်းအထပ်ထပ် သတိပေးရင်း တောရိုင်းအကောင်တွေတွေ့ရင် ပြေးဖို့ ပြောတယ် သူတို့တွေက အဆိပ်ရှိနိုင်တယ်လေ ။ တစ်နာရီလောက်သူ့ကို ပြောဆိုပို့ချပြီးတဲ့နောက်မှ သူဟာ လင်းရှီက သွားဖို့ခွင့်ပြုပေးတယ်။
လင်းရှီဟာ အခုမှ ၁၀နှစ်ဘဲရှိသေးတယ် ရွာထဲကကလေးတွေအားလုံးဟာ မိဘတွေက အခြေခံအလုပ်တွေကို လေ့ကျင့်ပေးထားတာကြောင့် ဒေါက်တာဟာ သိပ်တော့စိတ်မပူလေဘူး။ ဆေးပင်တွေဟာ အဆိပ်ရှိတာ နဲ့အဆိပ်ကင်းတာ ကြားခွဲရခက်တာလောက်ဘဲရှိတာ ။ပြီးတော့ လူမသိတဲ့ အန္တရာယ် ရှိတဲ့တောရိုင်းကောင်တွေလဲရှိပေမဲ့ သိပ်စိတ်မပူဘူး။
ဒါမဲ့ လင်းရှီဟာလုံးဝ မစိုးရိမ်ဘူး သူ့မှာ သားကောင်အရိုင်းတွေချဉ်းကပ်လာတာကို ခြေရာခံပေးနိုင်တဲ့ system ရှိတယ်လေ။
ခနလောက်ကြာတော့ သူဟာတောဝက်ကြီးဆီကနေလွတ်အောင်ပြေးလိုက်ရတော့တယ်။ (😂😂)
လင်းရှီ: System..!!!
System 1314: Host! ကျွန်တော် ဒီနေရာကိုစစ်ဆေးခဲ့တာ ကျိန်တောင်ကျိန်ရဲတယ်။ ဒါက တောဝက်က အရမ်းမြန်နေလို့ဘဲ ဖြစ်မှာ....
လင်းရှီဟာ သူ့ရဲ့ system အဲ့လောက် အသုံးမကျမှန်းသူမသိခဲ့ဘူး။ ဒါပေမဲ့ သူ့မှာအပြစ်တင်ဖို့ အချိန်ကိုမရှိဘူး။
သူဟာ သူ့ရဲ့ မြေခွေးဖြူလေးအသွင် ကိုမြန်မြန်ပြောင်းပြီး ချုံပုတ်လေးထဲ ဝင်ပုန်းနေလိုက်ရတယ်။ သူဟာ လူပုံပြန်မပြောင်းခင် တောဝက်ထွက်သွားတာသေချာအောင်စစ်ဆေးလိုက်ပြီးမှ ပြန်ပြောင်းလိုက်တယ်။
လင်းရှီက လီရန်ဟာ သူ့မိဘတွေရှေ့မှာ အသွင်ပြောင်းပြခဲ့ပေမဲ့ သူ့မိဘတွေက အသွင်ပြောင်းဖို့ ပိတ်ထားလေမှန်း သိလိုက်ရတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့သားရဲအသွင်ဟာ အမြှီးကိုးချောင်းနဲ့ မြေခွေးဖြူလေးဖြစ်ပြီးတော့ ဖုန်ကျုံးရဲ့ ကျားအသွင်ထက် အများကြီးရှားပါးတဲ့အတွက်ကြောင့်ဖြစ်တယ်။ သူ့မိဘတွေဟာ သူ့ရဲ့အမြှီးတွေကို မြင်နိုင်အောင် ဖျောက်နိုင်အောင်လုပ်တဲ့စွမ်းအားကို ထိန်းချုပ်နိုင်ဖို့ပြောဆိုခဲ့တယ်။
သူဟာ သူ့အမြှီးကိုးချောင်းအစား တစ်ချောင်းသာကျန်အောင် ပြောင်းနိုင်တဲ့အခါမှ သူ့မိဘတွေဟာ စိတ်သက်သာစွာသက်ပြင်းချ လိုက်တယ် ဘာလို့လဲဆိုတော့ သူတို့သားလေးကို ကြီးမားတဲ့ ဘယ် clan မဆို ပစ်မှတ်ထားခေါ်ယူမှာကို မလိုချင်ကြဘူး။ သူ့သားလေးကို နှိမ့်ချတတ်ပြီး ဒီဘဝလေးမှာဘဲ နေစေချင်ကြတယ်။ ဒါကြောင့်နောက်ဆုံး ဖုန်ကျုံးကိုဆန့်ကျင်ပြီး သနားစရာကောင်းစွာ သေဆုံးသွားတဲ့အထိ ပုံစံကိုမပြောင်းပြခဲ့ဘူး။ သူဟာ သူ့မိဘတွေရဲ့ ဆန္ဒကို လုံးဝမဆန့်ကျင်ချင်ဘူးလေ။
သူအခု အသွင်ပြောင်းလိုက်တဲ့အခါမှာ အမြှီးကိုးချောင်းလေးပေါ်လာခဲ့တယ် ဒါဟာသူ သူ့ရဲ့ အစွမ်းကို မထိန်းချုပ်နိုင်သေးတဲ့အချိန်မို့လို့ဘဲ။ သူဟာ သူ့မိဘတွေရဲ့ ဆန္ဒကို မဆန့်ကျင်ချင်ပေမဲ့ အခု တောဝက်လိုက်လို့ သေရေးရှင်ရေးဖြစ်နေတဲ့အချိန် မပြောင်းလို့ မဖြစ်လို့လေ။
သို့ပေမဲ့ လင်းရှီဟာ ဒီအဖြစ်ကို မြင်သွားတဲ့မျက်ဝန်းတစ်စုံ ကို မသိလိုက်ဘူး။ဘာလို့လဲဆိုတော့ သူဟာ system ကို ခေါင်းထဲမှာ ဆူပူကြိမ်းမောင်းနေရတာကြောင့်ပေါ့။
လှပပြီး နှင်းလိုဖြူနေတဲ့ မြေခွေးလေးဟာ ဝမ်လေ့ကို ဖမ်းစားသွားပြီး  အဲ့ဒီဟာလေးဟာ လီရန်မှန်းသိလိုက်တဲ့အခါ သူမျက်မှောင်ကြုတ်မိသွားတယ်။ သူမနက်ခင်းကအကြောင်းကိုလဲသတိရသွားတယ်။ လီရန်သူ့ကို တောထဲမှာ ရှာတွေ့တဲ့အချိန် သူတို့မျက်လုံးတွေ ဆုံသွားတဲ့အခါ သူ့အဝတ်အောက်က လက်စွပ်လေးဟာ ပူလာခဲ့တယ်။ ဒါပေမဲ့ သူဟာ အပြင်ကိုမထုတ်ရဲဘူး။
တကယ်လို့ သူထုတ်လိုက်ရင် တစ်ယောက်ယောက်က လက်စွပ်ကလုယူသွားနိုင်တယ် လက်စွပ်ဟာ တန်ဖိုးကြီးတဲ့ပုံလဲပေါ်တယ်လေ။
" ရှောင်ဝမ် ဒီလက်စွပ်လေးကိုလုံခြုံအောင် သေချာသိမ်းထား။ တစ်နေ့မှာ သားဟာ ဒီလို ပုံစံတူလက်စွပ်ရှိတဲ့တစ်ယောက်ကို တွေ့ရလိမ့်မယ် အဲ့တစ်ယောက်ဟာ သားရဲ့လက်တွဲဖော်ဘဲ ။ မှတ်ထားပါ ဘယ်တော့မှမပျောက်စေနဲ့"
[ XiaoWang - ရှောင်ဝမ် ( 小王 ) ဆိုတာ ဝမ်လေ့ကို သူ့မိခင်က ချစ်စနိုးနဲ့ ဝမ်လေးဆိုပြီး ခေါ်တဲ့သဘောပါ]
ဝမ်လေ့ဟာ လက်စွပ်လေးကို လက်ထဲမှာ တင်းတင်းဆုပ်ထားလိုက်တယ်။
-------------------
လင်းရှီဟာ system ကို အော်ငေါက်တဲ့အခါ system လေးဟာ ထောင့်နားလေးကပ်ပြီးပုန်းနေပြန်တယ်။  ဒါကြောင့် သူဟာ အပင်တွေသာဆက်ခူးနေလိုက်တယ်။ နေဝင်သွားတဲ့အခါမှာ သူဟာ အပင်တွေလဲခူးပြီးသွားပြီး ဒေါက်တာရဲ့အိမ်ကိုအပြေးပြန်လေတယ်။
ဒေါက်တာဖူဟာ ဖုန်တွေ ရွှံတွေနဲ့ ညစ်ပေနေတဲ့ကာင်လေး ဝင်လာတာကိုမြင်လိုက်တယ် ။
" ဦး ဒီမှာကြည့်။ သားဆေးပင်အားလုံးရှာခဲ့တယ်။ အခု ဦးဆေးဖော်လို့ရပြီ'' လင်းရှီဟာ ဆေးပင်းတွေကိုပေးရင်း ပျော်ရွှင်စွာဆိုတယ်။
" တော်တယ် " လို့ ဆရာဝန်က ချီးကျူးလိုက်တယ်။
လင်းရှီဟာ ဒေါက်တာရဲ့ စကားကိုမကြားခင်ထိ ဂုဏ်ယူစွာပြုံးနေခဲ့တယ်။ ''နောက်အပါတ်ကျရင် နောက်တစ်သုတ်ကိုခူးဖို့ လာခဲ့ပါ"
"Ah???'' လင်းရှီဟာ တွေဝေစွာ ခေါင်းလေးကို စောင်းလိုက်တယ်။
" ဝမ်လေ့ဟာ ဒီဆေးတွေအားလုံးကို စုပ်ယူနိုင်ဖို့အရမ်းငယ်သေးတယ် ဒါကြောင့်သူ့ခန္ဓာကိုယ်ကို ကုသဖို့နှစ် အနည်းငယ်ကြာဦးမှာ။ သူဆီမှာ အတွင်းကော အပြင်ပါ ဒဏ်ရာတွေရှိနေတယ်"
"နှစ်အနည်းငယ်????''.
လင်းရှီမြန်မြန်စိတ်လျော့လိုက်ရတယ်။ သူဟာအရမ်းကိုငယ်သေးတာကြောင့် သူ့ချစ်သူကို ဒီကမ္ဘာမှာရှာဖို့ မစွန့်စားနိုင်သေးဘူး။ ဝမ်လေ့ဟာ တစ်ညထဲနဲ့ အားကြီးမှာမဟုတ်ဘူးဆိုတာလဲ သူသိတယ်။ သူခေါင်းလေးကို ငြိမ့်ပြီး ဆရာဝန်ကိုကျေးဇူးစကားဆိုကာ အိမ်ကိုပြန်လာခဲ့တယ်။
------------------------- TBC
2488 words

Their Eternal Love (Arc.3 Li Yang ဘဝ)Where stories live. Discover now