Arc 3.1(လီရန် ဘဝ)

23.8K 728 12
                                    

ဒီ Their Eternal Love က FOD ကိုအခြေခံထားပြီး တခြားတစ်ယောက်က ဖန်တီးထားတာကို ပြန်ပြီး Translate လုပ်ထားတာ ဖြစ်ပါတယ်။ Arc 1 (လင်းရှီဘဝ) နဲ့ Arc 2 (ကျန်းယုဘဝ) က တခြား translater တစ်ယောက်ရေးပြီးသွားတာတွေ့လို့ ကျွန်တော် Arc 3 (လီရန်ဘဝ) ကနေ စရေးလိုက်တာ။
ဟီး.😁😁 ကျွန်တော်ကခုမှ စပြီး ဘာသာပြန်ဖူးတာဆိုတော့ မှားတာပါရင်ခွင့်လွှတ် ပေးကြပါ။
---------------------------
ကျန်းယုံ သူ့မျက်လုံးတွေပိတ်သွားတဲ့အချိန်မှာ လင်းရှီဟာ ငယ်သေးသော်လည်းပဲ သူလဲလိုက်ပါသွားခဲ့တယ်။ သူဟာဒီကမ္ဘာမှာ သူ့ချစ်သူမရှိဘဲ နေဖို့အကြောင်းမရှိဘူးလေ။
လင်းရှီ Greenhouse ကိုပြန်ရောက်တဲ့အခါမှာ system ဟာ အားအင်တွေပိုမိုရရှိလာတာကြောင့် တောက်ပပျော်ရွှင်နေတယ်။
"Host ကြည့်ပါဦး။ ကျွန်တော်နည်းနည်း ကြီးလာပြီ" system ဟာ သူ့host လင်းရှီကို စိတ်လှုပ်ရှားစွာတင်ပြတယ်။
လင်းရှီဟာလည်း အစေ့လေးကနေ အရွက်ကလေးတွေထွက်လာတာကို မြင်လိုက်ရတယ်။
"ငါဒီအချိန်ကိုမျှော်လင့်နေခဲ့တာ။မင်းလူတွေကိုစောင့်ကြည့်နိုင်တဲ့ အထိ အင်အားတွေလုံလောက်မဲ့အချိန်ကို"
"Of course, Host ကျွန်တော့်ကိုယုံလိုက်"
လင်းရှီဟာ သူ့ချစ်သူရဲ့ လက်စွပ်လေးပြန်ရောက်နေတာကို မမြင်ခင် သူ့ရဲ့ system ကိုသံသယရှိစွာ ကြည့်လိုက်တယ်။ ပြီးတော့ လက်စွပ်ကလေးကို ထုတ်ယူလိုက်ပြီး နမ်းလိုက်တယ်။
"Hey system, ဘာလို့သူလဲငါနဲ့အတူ ဝင်စားရတာလဲ???'' လင်းရှီဟာ လက်စွပ်လေးကို ချစ်ခင်စွာပွတ်သပ်ပြီး system ကိုမေးလိုက်တယ်။
System 1314 က သူဆိုတာ လင်းရှီရဲ့ချစ်သူကိုရည်ညွှန်းမှန်း သိလေတယ်။ "ကျွန်တော်သေချာမသိဘူး။ ကျွန်တော့်မှာ စစ်ဆေးဖို့လဲ အာဏာမရှိဘူး......"
System ဟာ သူ့host စိတ်ဆိုးသွားမှာကို စိုးရိမ်နေတယ်။ ဒါပေမဲ့ လင်းရှီဟာ သက်ပြင်းလေးသာချလိုက်တယ်။
"နောက်ကမ္ဘာကိုသွားကြရအောင်" လင်းရှီဟာ သူ့ချစ်သူကိုဘဲ မြန်မြန်ရှာချင်နေပြီ။
သူလဲပျောက်ကွယ်သွားရော လက်စွပ်လေးဟာ တောက်ပသွားပြီး သူနဲ့အတူပျောက်ကွယ်သွားခဲ့တယ်။
-----------------------------------------------------------------
ဒီကမ္ဘာမှာ သားရဲမျိုးနွယ်လူ (Beastman) တွေနဲ့စည်ကားနေတယ်။ Beastman တွေဟာ သားရဲ ပုံစံကို အပြည့်အဝပြောင်းနိုင်ကြတယ်။ ကလေးငယ်တွေကို လူသားပုံစံနဲ့ မွေးဖွားပြီး သူတို့လေးတွေ ဆယ်နှစ်အရွယ်နား ရောက်တဲ့အခါ သူတို့ဟာ သားရဲပုံစံကို ပြောင်းနိုင်သွားကြတယ်။ သူတို့ဟာ သူတို့မိဘတွေနဲ့ ပုံစံကွဲပြားနိုင်တယ်၊ ဥပမာ- မိဘတွေက မြွေဖြစ်နေပေမဲ့ သူတို့ကလေးဟာ ခြသေ့င်္ ပုံစံပြောင်းရင်ပြောင်းသွား နိုင်တယ်။
ဒီကမ္ဘာမှာ ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်က လီရန်(Li Yang)၊ သူဟာ တိုက်ပွဲအတွက်စစ်သား၊ ပြီးတော့ သူဟာ ဇာတ်လိုက်ဖုန်ကျုံး(Feng Zhou)ရဲ့ ငယ်သူငယ်ချင်း ဖြစ်တယ်။ သူတို့ဟာ ငယ်ငယ်ကတည်းက ဝမ်လေ့ (Wang Lei) နဲ့သုံးယောက်အတူတူ ပေါင်းခဲ့ ကြတယ်။
လီရန်၊ဝမ်လေ့နဲ့ ဖုန်ကျုံးတို့ သုံးယောက်ဟာ ငယ်ငယ်တုန်းကအရမ်း ကိုရင်းနှီးခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ သားရဲပုံစံပြောင်းနိုင်လာတဲ့ အခါမှာ အင်အားတွေမတူညီတော့တာကြောင့် အနေဝေးသွားကြတယ်။ ဒီကမ္ဘာက အင်အားကြီးသူကစိုးမိုးပြီး အားနည်းသူဟာ လူမှုဘဝမှာ အနိမ့်ဆုံးအဆင့်အဖြစ် သတ်မှတ်ခံရတယ်။
ဖုန်ကျုံးဟာ သူ့ရဲ့ သားရဲပုံစံ ကျား အဖြစ်ပထမဆုံးပြောင်းနိုင်ခဲ့တာ ဖြစ်တယ်။ လင်းရှီရဲ့ စိတ်ထဲမှာ အဲ့ဒီကျားဆိုတာက သိပ်ပြီးမထူးဆန်းပါဘူး။ ဒါပေမဲ့ သူတို့ကြီးပြင်းတဲ့ရွာလေးမှာ ကျားဆိုတာ အင်အားတစ်ခုရဲ့ သင်္ကေတဖြစ်နေတယ်။ ရွာသားတွေဟာ ဖုန်ကျုံးကို နတ်ဘုရားတစ်ပါးလို ဆက်ဆံလာခဲ့ပြီး သူဟာ လီရန် နဲ့ ဝမ်လေ့ကို တဖြည်းဖြည်း လျစ်လျူရှုလာခဲ့တယ်။
လီရန်ဟာ ဇာတ်လိုက်ရဲ့ နောက်အချိန်အတန်ကြာမှ သူရဲ့ သားရဲပုံစံ မြေခွေးဖြူလေးအဖြစ်ပြောင်းလဲ နိုင်ခဲ့တယ်။ ဝမ်းနည်းစရာကောင်းစွာ နဲ့ ရွာမှာ မြေခွေးဆိုတာ သိပ်ပြီးမရှားပါးတော့ သူ့ကို သာမာန်ရွက်ကြမ်းရေကျို လိုဘဲ သဘောထားကြတယ်။ လီရန်ဟာ သူရဲ့ သားရဲပုံစံကို အရမ်းဂုဏ်ယူတယ်။ဒါမဲ့ သူ့ပုံစံဟာ အားနည်းပြီး မစွမ်းဆောင်နိုင်တဲ့ပုံ ပေါက်နေခဲ့တယ်။ကလေးလေးဟာ သူ့ရဲ့ သားရဲပုံစံကို အပြည့်အဝ မရရှိသလိုမျိုးပေါ့။
ဝမ်လေ့ဟာ သူ့အသက်ဆယ်နှစ်ပြည့်သွားပြီးတဲ့အထိ သားရဲပုံစံမပြောင်းနိုင်ခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်တယ်။ သူဟာ နားရွက်အနက်ကလေးနဲ့ အမှီးလေးတွေ ပေါ်လာပြီးတဲ့နောက်မှာ ဆက်ပြီးမပြောင်းနိုင်တော့ဘူး။ ရွာသားတွေဟာ သူ့ကို ကံဆိုးမှုတွေသယ်ဆောင်လာတဲ့ အနက်ရောင်ကြောင် ဒါမှမဟုတ် အရမ်းရှားပါးတဲ့သားရဲ သစ်နက် အဖြစ်ခန့်မှန်းကြတယ်။ သူတို့ဟာ ဝမ်လေ့ ဆက်ပြီး အသွင်မပြောင်းနိုင်တဲ့အခါ ကြောင်နက်အဖြစ်ယုံကြည်ပြီး ရှောင်ဖယ်လာကြတယ်။ လီရန် ဟာ သူ့ကို အနိုင်ကျင့်လာပြီး သူရဲ့သားရဲပုံစံနဲ့ ဝမ်လေ့ သေဆုံးနိုင်လောက်တဲ့ ဒဏ်ရာရအောင် လုပ်ပြီး သေစေခဲ့တယ်။
နောက်ဆုံးမှာ ဖုန်ကျုံးဟာ ရှားပါးတဲ့သားရဲတွေနဲ့ ခွန်အားကြီးမားတဲ့ သားရဲတွေ စုထားတဲ့ clan ရဲ့ အမြင်ကိုဖမ်းစားနိုင်ခဲ့ပြီး သူ့ကိုခေါ်ယူခဲ့ကြတယ်။ ဒါပေမဲ့ လီရန်ဟာ အားလုံးက ဖုန်ကျုံးအပေါ်မှာဘဲ အာရုံစိုက်နေတာကိုမနာလိုခဲ့ပြီး ရှင်ရင်ရှင် ဒါမှမဟုတ် သေရင်သေ သွားမဲ့ တိုက်ပွဲကို စိန်ခေါ်ခဲ့တယ်။ လီရန်ဟာ သူကိုလာလှည့်စားတယ်လို့ ထင်ပြီး၊ ဇာတ်လိုက်ဟာ လက်ခံခဲ့တယ်။ ရလဒ်အနေနဲ့ လီရန့်ရဲ့ ပစ္စည်းတွေကို ရရှိခဲ့တယ်။
လင်းရှီဟာသူ့မျက်လုံးကိုဖွင့်ပြီးတဲ့နောက်မှာ သူဟာသေးငယ်ပြီး ဟောင်းနွမ်းနေတဲ့ အိမ်ကိုတွေ့လိုက်ရတယ်။ ပြီးတော့ system ကိုချက်ချင်းခေါ်လိုက်တယ်။
လင်းရှီ: System, လက်စွပ်ကလေး Greenhouse ထဲမှာရှိသေးလား???.
System 1314: No!
လင်းရှီ: မြန်မြန်....ရှာပေး..
System ဟာပြန်မဖြေခင် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး " Host အကြောင်းတစ်ချို့ကြောင့် ခြေရာခံလို့မရဘူး...''
လင်းရှီဟာသက်ပြင်းမချခင် ခနလောက်စဉ်းစားလိုက်တယ်။ သူ့ချစ်သူဟာ ထူးကဲတဲ့သူဖြစ်ကိုဖြစ်ရမယ်။
လင်းရှီ: အဲ့ဒါအဆင်ပြေပါတယ်။ သူ့ကို ငါ့ဘာသာငါဘဲရှာတော့မယ်။ အဲ့ဒါမှ ပိုပျော်စရာကောင်းမှာလေ။ ဒီကမ္ဘာရဲ့ တာဝန်ကကော??..
System 1314: တာဝန်ကတော့ လီရန်အတွက် လက်တုံ့ပြန်ဖို့ ပြီးတော့ မင်းအစား ဖုန်ကျူးသေစေဖို့်။
လင်းရှီဟာ ခနလောက်အဲ့ဒါကိုစဉ်းစားလိုက်ပြီး ဝမ်လေ့ကို အသုံးချဖို့ ဆုံးဖြတ်လိုက်တယ်။
System 1314: Host??? မင်း ဖုန်ကျုံးကို ကိုယ်တိုင်မသတ်ဘူးလား???
လင်းရှီ: No...ငါကဘာလို့ ငါအချိန်နဲ့ အင်အားကို သူ့အတွက်ဖြုန်းပစ်ရမှာလဲ၊ ငါဒီတာဝန်ကိုမြန်မြန်ပြီးအောင်လုပ်ပြီး ငါ့ချစ်သူကိုရှာရမယ်။
သူဆုံးဖြတ်ပြီးတဲ့နောက် လင်းရှီဟာအိမ်ကထွက်လာကာ တောအုပ်ထဲသွားပြီး ဝမ်လေ့ကိုရှာတော့တယ်။ အခုချိန်မှာ သူဟာ ဆယ်နှစ်လောက်ဘဲရှိအုန်းမယ် ပြီးတော့ ဇာတ်လိုက်ဟာသူ့ရဲ့ သားရဲပုံစံကိုပြောင်းနိုင်ပြီးလောက်ပြီ။ အခြားတစ်ဖက်မှာ သူနဲ့ ဝမ်လေ့ဟာ အသွင်အပြည့်အဝမပြောင်းနိုင်သေးဘူး။ လီရန်က သူ့သားရဲအသွင်ဟာ ရှားပါးတဲ့အရာတစ်ခုခု လို့တွေးမိပြီး သူဟာ အားနည်းတဲ့ကလေးတွေကို အနိုင်ထက်စီးနင်းလုပ်ခဲ့တယ် ဝမ်လေ့အပါအဝင်ပေါ့။
နောက်တော့ လင်းရှီဟာ အနက်ရောင်နားရွက်နဲ့ ချောမွေ့တဲ့ အမြီးတွေရှိတဲ့ ညစ်ပတ်နေတဲ့ကောင်လေးကို ရေကန်နားမှာ ရှာတွေ့သွားတယ်။ သူအနားကပ်ဖို့အသွားမှာ သူ့လက်စွပ်ဟာ ပူလာခဲ့တယ် သူအနီးတဝှိက်ရှာကြည့်တော့ ဝမ်လေ့တစ်ယောက်ဘဲ သူမြင်ရတယ်။ သူဟာ အဲ့ကောင်လေးကို ခေါင်းအစ ခြေအဆုံးကြည့်ပေမဲ့ သူ့ဆီမှာ လက်စွပ်ကရှိမနေဘူး။
သူဟာ ငြင်းထုတ်လိုက်ပြီး ကောင်လေးကိုစူးစမ်းလိုက်တယ်။ သူဟာ ဒဏ်ရာတွေနဲ့ ပြည့်နေပြီး သူ့မျက်နှာကလဲ ရွှံတွေပေနေတယ်။ ဒါပေမဲ့ သူမျက်လုံးတွေက စွဲဆောင်မှုသိပ်ရှိတယ်။ သူတို့ဟာ နက်မှောင်နေပြီး သူ့ရဲ့ အတွေးတွေကို တခြားသူမမြင်နိုင်အာင်ဖုံးပေးထားနိုင်တယ်။
သူဟာ အရမ်းချစ်ဖို့ကောင်းနေပေမဲ့ လင်းရှီဟာ သူ့ချစ်သူထက် ဘယ်သူ့ကိုမှ ဂရုစိုက်နေမှာမဟုတ်ဘူး။ သူဟာဒီကောင်လေးအပေါ်ကောင်းရမယ် ဘာလို့လဲဆိုတော့သူ့ကို အသုံးချရဦးမယ်လေ။
အဲ့လိုလေးတွေးပြီး သူဟာ အဲ့ကောင်လေးဆီပြေးသွားတော့တယ်။
" Hey ဝမ်လေ့ အဲ့ ဒဏ်ရာတွေကဘာတွေလဲ????''
လီရန့်မျက်နှာကိုမြင်တာနဲ့ ဝမ်လေ့ရဲ့မျက်လုံးတွေက အမုန်းတွေနဲ့ အမှောင်ဖုံးသွားတယ်။
လီရန်ဟာ ကြောက်ရွံပြီး တဆက်ဆက်တုန်သွားတယ်။ Ah ငယ်သေးတာကြောင့် သူ့ဒေါသတွေကစုပုံနေပြီးပြီ ( So young, yet the anger is already accumulated.)
လင်းရှီဟာ သူနဲ့ရင်းနှီးချင်ပေမဲ့ မဖြစ်နိုင်လောက်ဘူး။ အဲ့ကောင်လေးကိုကြည့်ရတာ သူ့ခေါင်းကိုတောင် ဝါးစားမတတ်ဘဲ။
ဒါကြောင့်မို့ လင်းရှီ၊ သူဟာငယ်ရွယ်သေးတယ်။သူဟာလူတွေကို အမိန့်ပေးဖို့လဲ သြဇာအာဏာလဲမရှိဘူး ဒါကြောင်းသူတခြားနည်းလမ်းနဲ့ ချဉ်းကပ်ရမယ်။ အဲ့ဒါက သူ့ရဲ့ ချစ်စရာကောင်းလွန်းတဲ့မျက်နှာလေးဘဲ။
........................TBC

2409 words

Their Eternal Love (Arc.3 Li Yang ဘဝ)Where stories live. Discover now