Arc 3.6

4.3K 573 3
                                    

အဲ့ဒီနေ့နောက်ပိုင်းမှာ ဝမ်လေ့ရဲ့အိမ်ကနေ ရွာကလူတွေဟာ ဒီလူဘယ်လောက်ရူးနေကြောင်း ပြောတဲ့ သတင်းတွေ တရုတ်ရုတ် တသဲသဲ ထွက်လာတယ်။ သွားပြီးစုံစမ်းကြည့်တော့ ဝမ်လေ့ရဲ့ အဖေဟာ သူ့ကိုယ်သူ အဆုံးစီရင်လိုက်တာဖြစ်နေတယ်။ ဘာအကြောင်းကြောင့်လဲ.....။ ဘယ်သူမှသိမယ်မထင်ဘူး..။
ဝမ်လေ့ဟာ ဖျားနေရာကနေ နည်းနည်း သက်သာလာပြီဖြစ်လေရာ ဒီသတင်းတွေကို ကြားသိလိုက်ရတယ်။ သူ့ပုံစံက ခံစားချက်မရှိသလိုဖြစ်နေပေမဲ့ လင်းရှီဟာ သူ့ကို ဖက်ပြီးနှစ်သိမ့်လိုက်တယ်။
"စိတ်မပူပါနဲ့။ ငါမင်းနဲ့အတူအမြဲ ရှိနေပေးမယ်" လင်းရှီဟာ အရိုးသားဆုံး ပြောလိုက်တယ်။ သူဟာ သူ့တာဝန်ကိုတောင် မေ့နေလေတယ်။ (ဇာတ်လိုက်ကို အနိုင်ယူရမယ့်တာဝန်)
ဝမ်လေ့ဟာသူ့ကို စိုက်ကြည့်နေတယ်။
မင်းရဲ့ ကတိကိုလုံးဝမမေ့ပါစေနဲ့.......။
-----------------------
နှစ်တွေအများကြီးကျော်လွန်လာခဲ့ပြီ....။ သူတို့ဟာအခု ၁၈နှစ်အရွယ်တောင် ရောက်ရှိလို့နေပြီ။
ဒီရက်တွေအတွင်းမှာ ဝမ်လေ့ဟာ သူ့ကို အရမ်းကပ်နေတယ် လင်းရှီဟာ ခံစားမိတယ်။ သူ့ရဲ့အနောက်ကိုလဲ ခွေးပေါက်လေးလို တကောက်ကောက်လိုက်နေတော့ တာဘဲ။ လင်းရှီဟာ သူ့ရဲ့(ဝမ်လေ့) အမြှီးလေး ထွက်လာပြီး တလှုပ်လှုပ်ခါယမ်းနေတယ်လို့တောင် မြင်လာတယ်။ ဒါပေမဲ့ သူဟာ ဝမ်လေ့ရဲ့ သားရဲအကောင်ပုံစံလေးကို အရမ်းချစ်တယ်။ သူတို့အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ သားရဲအသွင်ကလဲ ကြီးမားလာတယ်။ သားရဲပုံစံက တည်ကြည်ပြီး ခန့်ငြားတဲ့ ဘုရင်တပါးအတိုင်းဘဲ။ ဝမ်လေ့ ဟာ သားရဲအသွင်အနေနဲ့ ၂ပေကျော် လာပြီး သူ့အရပ် ၅ပေ ၂လက်မနား ရောက်လာခဲ့တယ်။
ဝမ်းနည်းစရာ ကောင်းစွာနဲ့ လင်းရှီရဲ့ သားရဲအသွင်ဟာ သေးငယ်တဲ့ မြေခွေးဖြူလေးအဖြစ်ရှိနေခဲ့ပြီး တစ်ပေတောင်မပြည့်လေဘူး။ ဒါပေမဲ့ သူဟာ သူ့အမြှီးတွေ အားလုံးမပေါ်လာအောင် ကောင်းကောင်း ထိန်းချုပ်နိုင်နေပါပြီ။ ဘာလို့မှန်းမသိ...ဝမ်လေ့ဟာ သူ့ရဲ့ သားရဲပုံစံအစစ်အမှန်ကို သိနေတယ်။
"သားရဲ...'' ဝမ်လေ့ရဲ့ စကားပြောပုံဟာ ငယ်ငယ်ကအတိုင်းပါဘဲ။ ဒါပေမဲ့ ရှားတောင့်ရှားခဲအချိန်တချို့မှာ စကားလုံးလေးတွေတော့ ပိုပြောလာတတ်ပါတယ်။
"Oh.. မင်း ငါ့ရဲ့ သားရဲအသွင်ကို မြင်ချင်လို့လား''
သူခေါင်းငြိမ့်လိုက်တာနဲ့ လင်းရှီဟာ အဖြူရောင်နှင်းမြေခွေးလေး အဖြစ် အသွင်ပြောင်းလိုက်လေတယ်။
"မင်းရဲ့အမြှီးတွေကော...'' ဝမ်လေ့ဟာ သူ့အမြှီးတစ်ချောင်းထဲရှိနေတာကို မြင်တော့ မေးလိုက်တယ်။ သူတို့ငယ်ငယ်တုန်းက လီရန့်မှာ အမြှီးကိုးချောင်းရှိတာ သေချာပါတယ်....။
လင်းရှီဟာရှော့ရသွားတယ်။ ဘာလို့လဲဆိုတော့ သူဟာ သူ့ပုံစံကို ဘယ်သူ့ရှေ့မှာမှထုတ်မပြဖူးဘူး ၊ တောဝက်လိုက်လို့ တစ်ကြိမ်ပြေးခဲ့ရတာကလွဲလို့ပေါ့။ ဝမ်လေ့နဲ့အတူ ရှစ်နှစ်အကြာတူတူရှိနေခဲ့ပြီးနောက်မှာ သူဘယ်လို လူမျိုးလဲဆိုတာ လင်းရှီသိတယ်။ သူ့ကိုသစ္စာဖောက်ပြီး တစ်ရွာလုံးကို ပြောပြမှာမဟုတ်ဘူး။ ဒါကြောင့် လင်းရှီဟာသူ့ရဲ့ အမြှီးကိုးချောင်းနဲ့ ပုံစံအစစ်အမှန်ကို ထုတ်ပြလိုက်တယ်။ ဝမ်လေ့ရဲ့ မျက်ဝန်းတွေဟာ တစ်ခုခုကိုတောင့်တလာပြီး မဲမှောင်လာတယ်။ ဒါပေမဲ့ လင်းရှီဟာ မရိပ်မိလိုက်ဘူး။ သူဟာအဖြူရောင် နူးညံ့တဲ့အမွှေးလေးတွေကို တယုတယပွတ်သပ်နေလိုက်တယ်။ လင်းရှီဟာ ဝမ်လေ့ကို အားနည်းတဲ့ကောင်လေး အဖြစ်ကနေ သန်မာတဲ့ယောက်ျားတစ်ယောက် ဖြစ်အောင် ပျိုးထောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိနိုင်တယ်။
ဝမ်လေ့ဟာ အပိန်လွန်ခြင်းနဲ့ အာဟာရမပြည့်ဝခြင်းကို သိပ်ပြီးကြာကြာတောင် မခံစားခဲ့ရဘူး။ သူ့မှာ ကျန်းမာပြီး တောက်ပတဲ့အသားအရည် ကြွက်သားအပြည့်နဲ့ ရှိနေပြီ။ သူ့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးဟာ အရမ်းကို ချောမောပြီး ဆွဲဆောင်မှုရှိလာတယ်။ ပြီးပြည့်စုံတဲ့ ရုပ်တုအတိုင်းဘဲ သူ့ချစ်သူနဲ့တောင် သွားဆင်နေသေးတယ်။ သူ့ချစ်သူအကြောင်း သတိရလိုက်တာနဲ့ သူ့ချစ်သူကို ထွက်မရှာသေးခင် သူ့တာဝန်ကို ပြီးဆုံးအောင်လုပ်ဖို့ သတိရသွားတယ်။

Their Eternal Love (Arc.3 Li Yang ဘဝ)Where stories live. Discover now