Arc 3.3

5.4K 513 3
                                    

နောက်နေ့မှာ လင်းရှီဟာ စောစောထပြီး ဒေါက်တာဆီသွားတယ် သူ့ ဆေးတွေများရပြီလားဆိုပြီးတော့ပေါ့။
ဒေါက်တာဖူဟာ လင်းရှီကို ဆေးလုံးသေးသေးလေးတစ်လုံး ကိုပေးပြီး ဝမ်လေ့ကို ဒဏ်ရာကိုပျောက်ဖို့အတွက် တိုက်ခိုင်းတယ်။
သူဆေးလေးလဲရရော တောထဲကိုပြေးဝင်ပြီး ဝမ်လေ့ကိုရှာတော့တယ်။ သူကြည့်ရသလောက် ဝမ်လေ့ဟာ သူ့အဖေဆီကနေပုန်းဖို့ရန်အတွက် တောထဲမှာဘဲနေလေ့ရှိတာကြောင့် ဖြစ်တယ်။
"ဝမ်လေ့ ဒီကိုလာ ငါ့ဆီမှာ ချိုချဉ်ရှိတယ်" လင်းရှီဟာ အပြစ်ကင်းစင် တဲ့မျက်နှာလေးလုပ်ထားပြီး ဝမ်လေ့ယုံအောင်လုပ်တော့တယ်။
ဝမ်လေ့ဟာ လင်းရှီလက်ထဲက သံသယဖြစ်စရာ ဆေးလုံးလေးကိုကြည့်ပြီး ခေါင်းခါလိုက်တယ်။ လင်းရှီဟာပြုံးလိုက်ပြီး ပြောတယ်။ " စိတ်မပူနဲ့ ဒီဟာက မကောင်းတဲ့ဟာမဟုတ်ဘူး။ ဒီကိုလာ"  ဒီချစ်စရာ မျက်နှာလေးကိုကြည့်စမ်းပါ။ မင်းကိုလိမ်ပါ့မလား။ လုံးဝဘဲ။ လင်းရှီတွေးလိုက်တယ် ဒါပေမဲ့ ဒီကောင်လေးကိုမသိမ်းသွင်းနိုင်ဘူး။
ဝမ်လေ့ဟာ ခေါင်းကိုဆက်ခါမြဲ ဆက်ခါနေတယ်။ လင်းရှီဟာဘာလုပ်ရမယ်ဆိုတာ မသိတော့ဘဲ သူ့ဆီသာ တည့်တည့်လျှောက်သွားလိုက်တယ်။ ဒါပေမဲ့သူအရှေ့တိုးတိုင်း ဝမ်လေ့ဟာ နောက်တစ်လှမ်းဆုတ်လေတယ်။
လင်းရှီဟာသူ့ကို တိုက်ရိုက်ဘဲ ဖမ်းဖိုးဆုံးဖြတ်လိုက်တယ်။ " ဝမ်လေ့ အဲ့နေရာမှာဘဲနေ"
ဝမ်လေ့ဟာသူ့နောက်ကိုလိုက်နေမှန်း သိတဲ့အခါ လွတ်အောင်ပြေးတော့တယ်။ ဒါပေမဲ့ သူ့ရဲ့ အားနည်းတဲ့ကိုယ်လေးဟာ လီရန့်လိုကျန်းမာတဲ့ကိုယ်လေးကို ရှုံးသွားတာပေါ့။
မကြာခင်မှာဘဲ ဝမ်လေ့ကိုဖမ်းမိသွားတယ်။ ဒါပေမဲ့ ဝမ်လေ့ဟာ ပြင်းပြင်းထန်ထန်ကို ရုန်းကန်နေတယ်။ သူ့မျက်နှာကိုရိုက်မိသွားတဲ့ခဏမှာ လင်းရှီဟာ သည်းမခံနိုင်တော့ဘဲ သူ့ကိုငြိမ်နဲ့ အကြောပိတ်လိုက်ပြီး သူ့လက်ထဲထည့်လိုက်တယ်။
( LinXi lost his patience and press his acupuncture points to make him fall limp in his arm)
ဝမ်လေ့ကိုနီးနီးကပ်ကပ်တွေ့လိုက်ရတဲ့အခါ ဒီကောင်လေးဟာ အရမ်းကိုချစ်ဖို့ကောင်းကြောင်း သိလိုက်ရတယ်။ အခုသူ့မျက်နှာမှာ ရွှံတွေပေမနေဘူး။ နှာခေါင်းလုံးလုံးလေးကိုတောင် မြင်ရတယ် (TN~ မူရင်းရေးသူက button nose လို့ သုံးထားပါတယ်)
သူသာပြုံးလိုက်မယ်ဆိုရင် ဒီကမ္ဘာမှာရှိတဲ့ မိန်းကလေးတွေဟာ တဖြုတ်ဖြုတ်ကြွေကုန်မှာသေချာ သလောက်ဘဲ။ ညို့ငင်နိုင်တဲ့ မျက်လုံးလေးတွေ ဟာ လုံးဝန်းလှပပြီးစလင်ဒါပုံစံရှိနေတယ် တောက်ပတဲ့ အရောင်အဝါလဲ ဖြာထွက်နေတယ်။ ဝမ်းနည်းစရာ ကောင်းစွာနဲ့ အဲ့မျက်ဝန်းတွေဟာ လင်းရှီကို ဒေါသထွက်စွာ အမုန်းတရားအပြည့်နဲ့ စိုက်ကြည့်နေတယ်။
"စိတ်တိုမနေနဲ့ အဲ့လောက်ကြီးကြည့်နေမယ်ဆို လူလဲ တွန့်သွားတော့မှာဘဲ" လင်းရှီက ငြင်းသာစွာပြောပြီး ဝမ်လေ့မျက်ဝန်းလေးကို ပွတ်သပ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကို ကိုင်ထားတဲ့ခဏမှာ လင်းရှီဟာ သူ့အရိုးတွေနဲ့ ဘဲရှိနေမှန်းသိလိုက်ရတယ်။ ( TN~ သဘောက ပိန်လွန်းလို့ အရိုးဘဲ မြင်နေရတယ် အဲ့လိုပြောတာ 😁)
မင်းဒီအရိုးခန္ဓာကိုယ်နဲ့ ဇာတ်လိုက်ကို ဘယ်လို အနိုင်ယူနိုင်မှာလဲ..

Their Eternal Love (Arc.3 Li Yang ဘဝ)Where stories live. Discover now