ကတိသာ​ပေးခဲ့တာသူလည်းဘယ်​မှာ
ရှာရမယ်​မှန်းမသိ​သေးပါ...

ချန်း​ယောလ်​သာထွက်​ရှာရင်
အကုန်​ဒုက္ခ​ရောက်​ကုန်​မှာစိုးလို့ရယ်​သာ...

"အရင်​ဆုံး သူ့သူငယ်​ချင်း​တွေဆီ
သွားရှာရမယ်​"

ဆယ်​ဟွန်းမှာက သူ့သူငယ်​ချင်း​တွေကလွဲလို့ဘယ်​မှသွားတက်​တာမဟုတ်​ဘူး

ကားကို ကင်​မင်​​ဆော့ဆိုတဲ့​ကောင်​​လေး
ဆီဦးတည်​လိုက်​တယ်​...

.
.
.

"ဆယ်​ဟွန်း!"

"ရီ ရီဖန်​ ~"

ဒီ​လောက်​​အေး​နေတဲ့မနက်​ခင်းမှာ
အင်္ကျီအပါး​လေးနဲ့ဖိနပ်​​တောင်​မပါတဲ့
ဆယ်​ဟွန်းကို​တွေ့လိုက်​ရ​တော့ ရီဖန်​အံသြသွားရ၏.....

"ဘယ်​လိုဖြစ်​လာတာလဲ??"

ဆယ်​ဟွန်း ဘာမှပြန်​မ​ပြောနိုင်
ငိုသာငို​နေ​လေသည်​...

"လာ လာအရင်​အထဲဝင်​ရ​အောင်​"

တော်​​သေးတယ်​ ရီဖန်​မိဘ​တွေ
ခရီးသွားကြလို့....

နှုတ်​ခမ်း​တွေပင်​ပြာ​နေတဲ့ဆယ်​ဟွန်းကို
ဆိုဖာ​ပေါ်ထိုင်​ခိုင်းကာ​စောင်​အပါးခြုံ​ပေးလိုက်​ပြီး​ရေ​နွေးခွက်​အမြန်​သွားယူကာကမ်း​ပေးလိုက်​သည်​.....

ရေ​နွေး​သောက်​ပြီး အနည်းငယ်​အ​အေးသက်​သာသွားဟန်​ရှိတဲ့ဆယ်​ဟွန်း​ကြောင့်​...

"ဘယ်​လိုဖြစ်​လာတာလဲ? ပြီး​တော့
ဘာလို့​ကျောင်းထွက်​လိုက်​တာလဲ ငါတို့
မင်းကိုအမြဲလာ​တွေ့တယ်​ မင်းဘယ်​​တွေ​ရောက်​​နေတာလဲ?"

"အဟင့်​ ငါ ငါ​ကြောက်​တယ်​ ရီဖန်​"

"ဆယ်​ဟွန်း ငါ့ကို​သေချာရှင်းပြစမ်းပါ"

"အကိုကြီးဘာ​တွေဖြစ်​​နေလဲမသိဘူး
ငါ့ကို​မြေ​အောက်​ခန်းထဲပိတ်​​လှောင်​ထားတယ်​"

"ဘာ ဘာ!"

"အခု သူ့အိပ်​​နေတုန်းထွက်​​ပြေးလာတာ
သူနိုးလာရင်​ ...... ငါ​ကြောက်​တယ်​"

ရီဖန်​လည်းဘာမှနားမလည်​နိုင်​​တော့လို့
မင်​​ဆော့ကိုသာဖုန်းဆက်​ပြီးသူ့အိမ်​လာရန်
ခေါ်မိ​တော့သည်​.....

Infatuated LOVE [Completed]Where stories live. Discover now