2

20.5K 1.7K 35
                                    

အတန်းထဲမှာအရင်ကနဲ့မတူစွာ
ခပ်ပြုံးပြုံးနဲ့တက်ကြွနေတဲ့Chanyeol...

JongDaeတို့ကတောင် အထူးအဆန်းဖြစ်လို့
နေမကောင်းဘူးလားလို့မေးယူနေကြသည်...
ဒီကောင်တွေ ခက်တယ်..!

မနေ့ညကHyungအကြောင်း
စဉ်းစားတိုင်း လူက,ရင်တုန်သလိုလိုဖြစ်လာပြီး
ခဏခဏပြုံးနေမိတာကလည်း
Chanyeolအတွက် အဆန်းပင်....

ညက
Hyungရဲ့တိုက်ခန်းအောက်ထိ လိုက်ပို့ပေးခဲ့သည်...

ဆေးတွေဘာတွေဝယ်ပေးဖို့လုပ်ပေမဲ့
ထိုHyungက လက်မခံခဲ့ပေ....
ကျေးဇူးတင်စကားသာ ထပ်ခါတလဲလဲပြော၍
နှုတ်ဆက်ကာ တိုက်ခန်းထဲဝင်သွားလေသည်...

ယုတ်ဆွအဆုံး
Ph noလေးတောင်မသိလိုက်ရ...

ဒါကိုလည်းchanyeolအပြစ်မတင်ချင်ပါ
ခမျာ အရမ်းယားနေလို့
အမြန်ပြန်ပြေးရတာမဟုတ်လား...

ဒယ်ဒီပြန်ရောက်တော့
အဆူခံရလည်းမျက်နှာတောင်မပျက်မိ...
တစ်ခွန်းမှလည်းပြန်ခံမပြောမိ...
ဒယ်ဒီကတောင်ထူးဆန်းနေတယ်လို့
ပြောသွားသေးသည်....

သူ တကယ်ပဲထူးဆန်းနေခဲ့ပြီလား..
ဒါဆိုရင်တော့
hyungလေးရဲ့ လက်ချက်ကြောင့်ပဲနေမည်

နေ့လည်ဘက်
ကျောင်းကန်တင်းန်မှာထိုင်ရင်းမေးမိတာကလည်း
သူနဲ့မသက်ဆိုင်ခဲ့တဲ့မေးခွန်းတွေ....

"အချစ်ဆိုတာ ဘယ်လိုမျိုးလဲ''

Chanyeol စမေးရုံရှိသေး
မျောက်ပွဲကြည့်သလိုကိုကြည့်လာကြတဲ့ Sehunနဲ့JongDae...

အစားအသောက်ထက်
သူ့ကိုအာရုံပိုရသွားကြတော့သည်...

"အဟမ်းးး မင်းတို့က ဘာကြည့်နေတာလဲ...''

ထိုအခါမှ Sehunက
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း...

"မင်းဘယ်ကောင်မလေးကိုကြိုက်လာတာလဲ...''

"ဘာလဲ...နောက်ဆုံးနှစ်က မင်းကိုသဘောကျနေတဲ့Noonaလား''

ထိုအမေးကြောင့်
Chanyeolခေါင်းကုတ်မိလေသည်...

"မဟုတ်သေးပါဘူးကွာ
သိချင်လို့ပါ..
ချစ်တယ်ဆိုရင် ဘယ်လိုတွေခံစားလာရလဲ''

မေးမိပြီးမှ မျက်နှာကလည်းပူရသေးသည်
ကိုယ်ကြိုက်နေတဲ့သူရှိကြောင်းကို
ပထမဆုံးအကြိမ်သူငယ်ချင်းတွေရှေ့
ပြောပြရတဲ့ခံစားချက်ကို လူတိုင်းကြုံဖူးကြမှာပါ..

က​လေးအထာWhere stories live. Discover now