"အကိုမင်းကို​မေတ္တာရပ်​ခံ​နေတာ​နော်
မင်းဒုက္ခ​ရောက်​မှာဆိုးလို့"

"ကျ​တော်​တို့ကိုဆယ်​ဟွန်းနဲ့သာ
တွေ့ခွင့်​​ပေး"

"မင်းတို့အဲ့လိုကြပ်​ကြပ်​လုပ်​​လေ
ဟွန်းနီးဒုက္ခ​ရောက်​​လေပဲ "

"အကို ဘာသ​ဘော​ပြောတာလဲ?"

"ပြန်​လိုက်​​တော့ ​နောက်​ဘယ်​​တော့မှမလာနဲ့
ပတ်​ချန်း​ယောလ်​ကအရမ်း​ကြောက်​စရာ​ကောင်းတာ​နော်​"

"ကျ​တော်​မ​ကြောက်​တက်​ဘူး!"

"ကျစ်​! ​တော်​​တော်​​ပြောဆိုရ
ခက်​တဲ့ဟာ​လေး​တွေပဲ!"

မင်​​ဆော့မ​နေသာ​တော့ပဲ ရီဖန်​လက်​ကို
အသာဆုပ်​ကိုင်​ကာ....

"ရီဖန် ဒီအကို​ပြောသလိုပြန်​ရ​အောင်​​နော်​"

"မင်းဘာဖြစ်​နေတာလဲ မင်​​ဆော့
ဆယ်​ဟွန်းကိုမ​တွေ့​တော့ဘူးလား?"

"​တွေ့ချင်​ပါတယ်​ ဒါမဲ့ မင်းမသိ​သေးဘူး​နော်
အကိုချန်း​ယောလ်​​ဒေါသထွက်​ရင်​မလွယ်​ဘူး"

"................."

"လာပါကွာ​နော်​ ​နော်​ အကိုကျွန်​​တော်​တို့ကို
သွားခွင့်​ပြုပါအုံး​နော်​"

မင်​​ဆော့တစ်​​ယောက်​ ရီဖန်​လက်​ကို
အတင်းဆွဲကာပြန်​သွား​မှ ရီရှင်းတံခါး​သေချာပိတ်​ကာအိမ်​ကြီးဆီပြန်​လာခဲ့၏..

ချန်း​ယောလ်​ပြန်​မလာခင်​ ရှင်းထုတ်​ထားမှ
သူတို့ဒုက္ခ​ရောက်​မှာဆိုးလို့ပြန်​ခိုင်းရတာပါ...

ချန်း​ယောလ်​လက်​စ​တွေကိုသူခံထားရလို့
သိ​နေတာမို့ပါ...​ဒေါသထွက်​ရင်​လည်းမလွယ်​ဘူး​လေ....



"လွှတ်​ကွာ လွှတ်​!!!"

ရီဖန်​တစ်​​ယောက်​ မင်​​ဆော့ဆုပ်​ကိုင်​ထားတဲ့လက်​​တွေကြားမှအတင်းရုန်းထွက်​လိုက်​သည်​ မျက်​နှာကြီးကလည်းဆူပူတ်​လို့....

"ရီဖန်​ကလည်းကွာ မင်းကိုဒုက္ခ​ရောက်​မှာ
စိုးရိမ်​လို့ပါကွ!!"

"သူတို့ ဆယ်​ဟွန်းကို တစ်​ခုခုလုပ်
ထားကြတာ​သေချာ​နေပြီ"

Infatuated LOVE [Completed]Where stories live. Discover now