"ကိုယ် ညီလေးစားဖို့ တစ်ခုခုသွားဝယ်လိုက်ဦးမယ်
ဆေးမသောက်နဲ့ဦး စားပြီးမှသောက်ရမယ် ကြားလား"
ဘုန်းမိုး ဝဏ္ဏပြောသည်ကို ခေါင်းသာညိတ်ပြလိုက်တော့သည်
ဝဏ္ဏတစ်ယောက် စားစရာဝယ်ရန် ဘုန်းမိုးအခန်းထဲမှ ထွက်သွားတော့သည်...
ထိုစဉ်...
"တီ...တီ...တီ..."
အသံမြည် လာသည့်ဖုန်းကြောင့် ဘုန်းမိုးအကြည့်များစားပွဲပေါ်သို့ရောက်သွားသည်...
"ကိုကို"ဟူသော နာမည်နှင့်ဝင်လာသောဖုန်းကြောင့် ဝမ်းသာအားရဖြင့် မဆိုင်းမတွကောက်ကိုင်လိုက်သည်

"ဟဲလို...ကိုယ်ရဲ့အသည်းလေး
ထမင်းစားပြီးပြီလား "

"ဟင့်အင်း... မစားရသေးဘူးကိုကို"
ဝမ်းသာနေသော်လည်း နှုတ်မှထွက်လာသောအားမရှိသည့်အသံမှာထင်ရှားလှသဖြင့်

"ကလေး... အသံလည်းမကောင်းပါလား
ဘာဖြစ်တာလဲ ကိုယ့်ကိုပြောဦး နေမကောင်းဘူးလား"
မင်းခန့်လည်း စိုးရိမ်တကြီးဖြင့် ပျာပျာသလဲ မေးမိတော့သည်

"ကျွန်တော်ဒီနေ့ကျောင်းမတက်ဘူး"

"ဘာဖြစ်လို့လဲ ကလေး
ဖျားပြီမလား... ရေချိုးရင်အကြာကြီးချိုးတာကို...
ဒီကကိုကိုစကားကို ဘယ်တော့မှနားမထောင်ဘူး"

"ခဏနေပါဦးလားဗျာ.. ဘာမှန်းတောင်မသိသေးဘူး
အပြစ်တင်ဖို့ကအရင်"
ဘုန်းမိုးစိတ်တိုသွားသဖြင့် မင်းခန့်လည်းလေသံကိုပြန်၍လျှော့ရတော့သည်

"ဘာဖြစ်တာလဲ"

"မနက်က အိပ်ရာထတည်းက ခေါင်းတွေအရမ်းကိုက်နေတာ...
ကျောင်းသွားခါနီး မူးလဲသွားလို့"

"ဟင်... အခုအဆောင်မှာမလား ကိုယ်အခုလာခဲ့မယ်..."

"ရတယ်... အကိုဝဏ္ဏ ရှိတယ် သူလည်းကျောင်းမတက်ဘူး
ခင်ဗျားသာစာကို သေချာသင်... အတန်းမတက်ချင်တိုင်းကျွန်တော့်ကြောင့်ဆိုပြီး ခေါင်းစဉ်တပ်မနေနဲ့"

"ကလေးကလည်း... ကလေးအခုလိုမူးတောင်လဲတာ
အနားမှာ ကိုယ်ရှိနေမှပေါ့ အခုမလာခဲ့နဲ့ဆိုရင်တောင် ခဏနေကိုယ်ကျောင်းဆင်းတော့မှာ အ့ကျလာခဲ့မယ်နော်"

"အင်းပါ ရတယ်... စိတ်မပူနဲ့"

"ဒါဆိုကိုယ်ဖုန်းချလိုက်တော့မယ်နော်
အရမ်းချစ်တယ် ကလေးလေး...တာ့တာ"

သူသိစေ🍁[Completed]Where stories live. Discover now