Part 7

1.4K 79 0
                                    

#Zawgyi

"အမ... ကိုရှိုင်းမင်းခန့်ရှိလား"
"မင်းခန့် ဒီညမကဘူး မောင်လေး...
အမက သူ့အမတစ်ဝမ်းကွဲပါ...
ဘာပြောပေးရမလဲ"
ထိုအခါ ဘုန်းမိုးမျက်နှာညှိုးသွားပြီး
"ဪ ဟုတ်လား...ရတယ်အမ ကျေးဇူးပါနော်..."
"ဒါနဲ့ မောင်လေးက ဘုန်းမိုးသွင်များလား..."
တစ်ဖက်မှ မေးလာသံကြောင့် ဘုန်းမိုးအံ့သြစွာဖြေလိုက်သည်...
"ဟုတ်ပါတယ်ခင်ဗျ..."
"သူ့ကိုတွေ့ချင်ရင် ဆိုင်ကိုသွားလိုက်လေ...
သူ အဲ့မှာ ကူလုပ်နေတယ်...
အမကတော့ ခဏနေ ကရဦးမှာမို့လို့...
မောင်လေးကို လိုက်ပို့မပေးနိုင်ဘူးဖြစ်နေလို့ပါ"
"အာ....ရတယ်အမ ဆိုင်လိပ်စာသာပြောပါ...
ကျွန်တော်သွားလိုက်ပါ့မယ်..."

မင်းခန့်တို့ ကော်ဖီဆိုင်မှာ သိပ်ပြီးမကျယ်လှသော်လည်း
အပြင်အဆင်ကောင်းကောင်း ရွှေရောင်မီးလုံးများဖြင့် အလင်းရောင်ကိုစနစ်တကျ ပြင်ဆင်ထားသည်မှာ ဂန္တာဝင်ဆန်လှသည်
အညိုရောင်ရင့်ရင့် နံရံများပေါ်တွင် ဆေးရောင်စုံဖြင့် လှပနေသောပန်းချီကားများက နေရာယူ၍ထားသည်...
ကောင်တာတွင်မူ နှင်းဆီပန်းအနီရင့် သုံးလေးပွင့်ထိုးထားသော ပန်းအိုးတစ်လုံးနှင့် menu စာအုပ်များသာရှိသည်...
အနောက်တိုင်း သီချင်းတစ်ပုဒ်ကို အသံတိုးကာ ဖွင့်ထားသည်

ဘုန်းမိုးအပြင်ဘက် မှန်တံခါးအမည်းရောင်ကို ဆွဲဖွင့်လိုက်သောအခါကောင်တာတွင် ငိုင်ငိုင်နှင့်ခေါင်းစိုက်ကာထိုင်နေသော မင်းခန့်ကိုတွေ့လိုက်ရသည်
ဆိုင်ထဲတွင် လူမရှိသည်ကိုလည်းတွေ့ရသည်

"ဒီမှာ...."
မင်းခန့် မော့ကြည့်လိုက်သောအခါ သူအရမ်းတွေ့ချင်နေသော ဘုန်းမိုးသည် ကောင်တာအရှေ့တွင် သူ့ကိုစူးစိုက်စွာကြည့်နေသည်

"ညီ...ဒီကိုဘယ်လိုလုပ်ပြီး"
"အကျင့်မကောင်းတဲ့လူ...
ကျွန်တော့်ကို စာလေးတစ်စောင်မပို့
ဖုန်းလေးတစ်ချက် မဆက်နိုင်ရလောက်အောင် ခင်ဗျားကဘာဖြစ်နေတာလဲ...
နေနိုင်လိုက်တာဗျာ..."

မင်းခန့်စကားမဆုံးသေးခင် ဖြတ်၍ပြောသောဘုန်းမိုး၏စကားသံများမှာ တုန်ယင်နေသည်ကို မင်းခန့်သတိထားမိသည်
မင်းခန့်မတ်တပ်ထရပ်လိုက်ပြီး ကောင်တာအရှေ့ ဘုန်းမိုးဘေးနားသို့လာရပ်လိုက်သည်...

သူသိစေ🍁[Completed]Where stories live. Discover now