Part 3

2.3K 128 1
                                    

#Zawgyi

"ညီက ဒီUniမှာတက်တာလား" မင်းခန့်ဘက်မှ စတင်၍စကားစလိုက်သည်
"ဟုတ်ကျွန်တော်က ဒီမှာပါ အကိုက ဒီကို ဘာကိစ္စရှိလို့လဲ"
"ကိုယ့် သူငယ်ချင်းတစ်ယောက်နဲ့လာတွေ့တာပါ ဪ ဟိုမှာပြောရင်းဆိုရင်းလာနေပြီ"
ဘုန်းမိုးနောက်ကိုလှည့်ကြည့်လိုက်သည်...
မြန်မာရင်ဖုံးနှင့်ထဘီတို့က လှပသောခန္ဓာကိုယ်ကောက်ကြောင်းကို ပိုမိုပေါ်လွင်စေသည်... အသားဖြူဖြူနှင့် မည်းနက်သောဆံနွယ်အရှည်တို့က အမျိုးသမီးတစ်ဦး၏ဂုဏ်ကိုထင်ရှားစေသည်
ရုပ်ရည်သွင်ပြင်တော်တော်လှတဲ့ အမျိုးသမီးပေါ့ဗျာ...

ထိုအမျိုးသမီးမှာ ရှိုင်းမင်းခန့်အနားသို့ ချက်ချင်းကပ်သွားပြီး
"ဒါ ကိုယ့်သူငယ်ချင်း ဒါလီနွယ်လေ Second yearက ညီ့ရဲ့ Seniorမမ" မင်းခန့် ဘုန်းမိုးကိုမိတ်ဆက်ပေးလိုက်သည်
ထိုအခါ ဒါလီမှာ မနှစ်မြို့စရာကောင်းသော အပြုံးတစ်ချက်ဖြင့်
"မောင်လေးက Fresherထင်တယ် တစ်ခါမှမတွေ့ဖူးဘူး မင်းခန့်ကိုဘယ်လိုသိတာလဲ" လေသံမာမာဖြင့် ဘုန်းမိုးကိုမေးလိုက်သည်...
"ဒါလီ..." မင်းခန့် ဒါလီ့ကိုအရိပ်အယောင်ပြလိုက်သည်...
ဒါလီလည်း မင်းခန့်ကို မျက်မှောင်ကြုံ့ပြလိုက်သေးသည်
"ဟုတ်ပါတယ် ကျွန်တော်က Fresherပါ ပြီးတော့ကျွန်တော်က
မန္တလေးက မဟုတ်ပါဘူး" ထို့နောက် ဘုန်းမိုး မင်းခန့်ကို တစ်ချက်ကြည့်လိုက်ပြီး
"ကို ရှိုင်းမင်းခန့်နဲ့ ဘယ်လိုသိလဲဆိုတာကတော့..." ဒါလီ့ဆီသို့ ဘုန်းမိုးအကြည့်များပြန်ရောက်လာသည်...
"အမ အနေနဲ့ သိစရာမလိုဘူး ထင်ပါတယ်" ဘုန်းမိုးလည်းစကားကိုခပ်ပြတ်ပြတ်သာပြောလိုက်သည်...
ထိုအခါ ဒါလီမှာ မနှစ်မြို့စရာအပြုံးကို နောက်ထပ် ပြုံးပြလိုက်ပြီး
"ကောင်းပြီလေ... တို့ သိစရာ မလိုဘူးဆိုတော့လည်း မမေးတော့ဘူး မင်းခန့် ဟိုမှာ သူများတွေစောင့်နေကြတယ် လာ...သွားရအောင်" ဟုဆိုကာ မင်းခန့်လက်ကိုအတင်းဆွဲပြီးခေါ်သွားလေသည်.....

မင်းခန့်လှည့်မကြည့်ခဲ့ပါ...
ဒါလီနွယ်ရဲ့ နောက်သို့ မင်းခန့်တကောက်ကောက်ပါအောင်လိုက်သွားခဲ့ပြီ.....
ကံ့ကော်ပင်ကြီးအောက်၌ ဘုန်းမိုးတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီ...
"ဟင် ကံ့ကော်ပန်းလေး" မြေပြင်ပေါ်သို့ သက်လျှောကြွေကျထားသော ကံ့ကော်ပန်းတစ်ပွင့်ကို ကောက်ယူပြီး
ကံ့ကော်ပင်ကြီးကိုမော့ကြည့်လိုက်သည် နှင်းရည်စိုစိုစွတ်စွတ်တို့ဖြင့် လန်းဆန်းနေသာ အစိမ်းနုနုသစ်ရွက်လေးများပေါ်တွင် သူမတူလှပစွာပွင့်ဖူးနေသော ကံ့ကော်ပန်းလေးများကြားမှ
ဆောင်းရာသီ၏ နေရောင်ခြည်နုနုမှာ တောက်ပလွန်းပြီး ဘုန်းမိုး၏မျက်နှာပေါ်သို့ တိုက်ရိုက်ကျရောက်နေတော့သည်...

သူသိစေ🍁[Completed]Where stories live. Discover now