ထိုအခါမိုးရိပ်မှာ မျက်နှာငယ်လေးဖြင့် ဘုန်းမိုးကိုတစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲလိုက်ကာ
"ဟို....ဟိုဟာ"

"ပြောပါ အမ ကျွန်တော်စောင့်နေတယ်"
ပို၍ မာကြောသော လေသံဖြင့် ဘုန်းမိုးပြန်လည်တုံ့ပြန်လိုက်သည်မို့

"ပြီးခဲ့တဲ့ ဓားထိုးမှုကိစ္စက မင်းခန့်လုပ်တာလုံးဝမဟုတ်ပါဘူးမောင်လေးရယ်...
မောင်လေးအထင်မှား...."
မိုးရိပ် စကားမဆုံးခင် ထိုင်နေရာမှ ထထိုင်လိုက်သော ဘုန်းမိုးကြောင့်မိုးရိပ်လန့်သွားရသည်...

"အမ သူမလုပ်ဘူးဆိုတာပဲပြောမယ်ဆိုတာကို ကျွန်တော်ကလည်းသိသိကြီးနဲ့ကို ဘာလို့ဒီကိုလာခဲ့မိလည်းကိုယ့်ဘာသာကိုယ် စဉ်းစားလို့ကိုမရဘူး
ကျွန်တော့ကို သွားခွင့်ပြုပါဦး"

ဘုန်းမိုး လေသံမာမာနှင့်ပြောဆိုပြီး အပြင်သို့ထွက်ရန်ခြေလှမ်းတစ်လှမ်း လှမ်းပြီးသောအခါ
"ဒါလီနွယ်လုပ်တာပါ..."

ခပ်သွက်သွက်လျှောက်လှမ်းရမည့် ခြေလှမ်းတို့မှာ
ရုတ်တရက် တွန့်သွားပြီး ထိုနေရာမှာပင် ဘုန်းမိုးရပ်နေမိသည်
ထို့နောက် မိုးရိပ်ရှိသောဘက်သို့လှည့်လိုက်ပြီး

"အမ...သူ့ဘာသူနေနေတဲ့သူက ဒီကိစ္စထဲမှာဘာလို့ပါလာရတာလဲ"
ဘုန်းမိ တအံ့တသြဖြင့်သာ မေးမိလိုက်သည်

.....................................................

အချိန်အတော်ကြာ စကားမပြောဖြစ်ခဲ့စာမပို့ဖြစ်ခဲ့သော
ဖုန်းနံပါတ်လေး တစ်ခုကို ဘုန်းမိုးကြည့်ရင်း ချိတုံချတုံဖြစ်နေတော့သည်...

မင်း...မင်းအရမ်းမှားတယ် ဘုန်းမိုး
မင်းက တကယ်အသုံးမကျတဲ့ကောင်.....
မင်းမှာ စဉ်းစားဥာဏ်ကိုမရှိဘူး မင်းမှာ ဦးနှောက်မရှိဘူး ဘုန်းမိုးရ...
သူမင်းကို သိပ်ချစ်တာ မင်းသိရဲ့သားနဲ့ကွာ...
မင်းကသူ့ကို သတ်ပစ်မယ်လို့တောင်ပြောခဲ့တာလား...
သူအခု ဘယ်လိုခံစားနေရမလဲ မင်းသိတယ်မလား
မင်းအမှားကြီးမှားနေတယ်နော် ဘုန်းမိုး...
အမှားကိုသိရင် အမှန်ကိုပြင်ရမှာ မင်းတာဝန်နော်

လေတဖြူးဖြူးတိုက်နေသဖြင့် ယိမ်းနွဲ့လှုပ်ရှားနေသော မန္တလေးကျုံးမြို့ရိုး၏ ကန်ရေပြင်ကို တစိမ့်တစိမ့်ကြည့်ရင်း
ဘုန်းမိုး အတွေးများစွာဖြင့် တစ်ယောက်တည်းကမ္ဘာပျက်နေတော့သည်

သူသိစေ🍁[Completed]Where stories live. Discover now