ဦးကျော်နိုင်က  မကျေနပ်သောအကြည့်တို့ဖြင့်ပြန်၍ကြည့်နေသောကြောင့်

"နင်ငါ့ကို 10နှစ်လုံးလုံး အိမ်ထဲမှာ ပိတ်လှောင်ထားပြီးတော့
ငါ့ကိုအထင်မသေးလိုက်နဲ့နော် ကျော်နိုင်...
နင့်ထက်ရော နင့်ကောင်မထက်ရော ငါသာတယ်...
ငါဘယ်လိုမိန်းမဆိုတာ.....
ငါသက်သေပြမယ်... ငါ့သားကိုလည်း ငါရှာကျွေးနိုင်တယ်
ငါငတ်နေပါစေ... ငါ့သားမငတ်စေရဘူး
နင့်လို ဖအေစိတ်မရှိတဲ့ ကောင်မျိုးရဲ့လက်ထဲမှာတော့
ငါဘယ်လိုမှမထားခဲ့နိုင်ဘူးကျော်နိုင်..."

ဒေါ်မိမိဦးစိတ်ထဲ၌ ဝမ်းနည်းမှုများ ဒေါသများဖြင့်ပြည့်နှက်နေသောကြောင့် ပြောလိုက်သောအသံများမှာ တုန်ယင်နေတော့သည်...
ကျမှန်းမသိကျလာသော မျက်ရည်စများက
မိန်းမသားတစ်ဦး၏ မာနကိုဖော်ပြနေသည်
မိခင်စိတ်အပြည့်ရှိမှုသော မိန်းမသားတစ်ဦး၏စိတ်ကိုဖော်ပြနေသည်

...............................................

သဘာဝတရားကြီးက သတ္တဝါတိုင်းကို (လူအပါအဝင်)
မတူညီတဲ့ ကိုယ်ပိုင်ဗီဇတွေ ထူးခြားမှုတွေကိုဖန်တီးပေးထားတာပဲ
ကောင်းကင်ပေါ်မှာ  တောင်ပံတွေကိုဖြန့်ကျက်ပြီးတော့
အလှဆုံးပျံသန်းနေနိုင်တဲ့ ငှက်ကလေးတစ်ကောင်ကို လှောင်အိမ်ထဲ၌ပိတ်ထားလိုက်တဲ့အခါ
အဲ့ဒီ့ငှက်ငယ်ကလေးက သူ့ရဲ့တောင်ပံလှလှလေးတွေကိုသုံးပြီး
အလှဆုံးအမြင့်ဆုံးပျံသန်းလို့မရနိုင်တော့ဘူး

အကယ်၍ ကိုယ်ကအဲ့ဒီငှက်လေးကိုမပြုစုမစောင့်ရှောက်နိုင်တော့အခါ
ဆက်ပြီး ပိတ်လှောင်မထားသင့်တော့ဘူး...
သူလည်းသူ့ဘဝနဲ့သူလေ သူလည်းလွတ်လွတ်လပ်လပ်နေချင်ရှာမှာပေါ့
လွတ်လွတ်လပ်လပ်ပျံသန်းစေပြီးသူ့ကိုယ်သူစောင့်ရှောက်ပါစေ......

...............................................

"ဟားဟား... အပိုတွေသိပ်မပြောစမ်းပါနဲ့ကွာ
ဘာမှမလုပ်တတ်မကိုင်တတ်ဘဲနဲ့ အဖြစ်ရှိတာမဟုတ်ဘူး"

"ဟီး...ဟီး...
ဖေဖေနဲ့မေမေ တော်ကြပါတော့...သားတောင်းပန်ပါတယ်နော်
ရန်မဖြစ်ကြပါနဲ့တော့နော်....သားတောင်းပန်ပါတယ်"
အခန်းထောင့်၌ ပြောနေသမျှကိုနားထောင်ပြီး ကြိတ်ငိုနေသော ဘုန်းမိုးမှာ လက်အုပ်လေးနှစ်ဖက်ချီကာ ရန်မဖြစ်ရန်တားနေသောလည်း အရာမထင်ခဲ့ပါ

သူသိစေ🍁[Completed]Where stories live. Discover now