" အသစ်တွေ ညနေ ၂ နာရီ အစည်းဝေးရှိတယ်နော်။ အားလုံး အစည်းဝေးခန်းထဲက စောင့်နေကြ "

အင်းပေါ့ ........... သူတို့အနေနဲ့ သူတို့ရဲ့အထက်လူကြီးတွေနဲ့ တွေ့ရဦးမှာလေ ။ ခိုင်မြဲ သူ့ရဲ့ပစ္စည်းတွေကို သေချာစီရင်း သူ လေ့လာရမည့် အချက်အလက်တွေကို လေ့လာနေလိုက်သည် ။

အစည်းဝေးခန်းမထဲ ရောက်တော့ သူတို့ဋ္ဌာနရဲ့ Head အပြင်၊ GM ကိုပါတွေ့ရပြီး အားလုံးက အသက်ငယ်ငယ်လေးပင် ရှိကြသေးသည်။ အားလုံးနီးပါးက သူ့ထက် နည်းနည်းပဲ အသက်ကြီးကြသည် ။ ခေါင်းဆောင်ပိုင်းတစ်ချို့ကလွဲရင် ၀န်ထမ်းအားလုံးနီးပါးက ငယ်ရွယ်ပြီး ချောမောကြလို့ ဒီကုမ္ပဏီမှာ သူ အလုပ်ရတာ ရုပ်ချောလို့လားတောင် တွေးမိသွားသည် ။ ပြီးတော့ GM ဆိုသူ ၊ သူ့ထက် နည်းနည်းပဲ အသက်ကြီးပုံပေါ်ပြီး အရမ်းစမတ်ကြသည် ။ တော်တဲ့သူတွေက ရုပ်ချောတော့ ပိုပြီးလူအထင်ကြီးခံရတာ မဆန်း ၊ ခိုင်မြဲတောင် GM ဖြစ်သူ ကိုနေနော် ကို ခဏအတွင်း အထင်ကြီးစိတ်ဝင်သွားသည် ။

***************

ခိုင်မြဲ အလုပ်ဝင်တာ ဒီနေ့နဲ့ဆို ၁၀ ရက်ရှိပြီ ။ ဒါကြောင့် အလုပ်မှာ နည်းနည်းရင်းနှီးလာပြီး ပိုပျော်ရွှင်လာသည် ။ မအားပေမယ့်လည်း ရာပြည့်ကို လိုက်ရှာဖို့က တစ်နေ့မှ မမေ့ခဲ့ ။ ဒန်နီရယ်ရဲ့ဆိုင်အနား မကြာခဏ ရောက်သွားသော်လည်း ရာပြည့်နဲ့တူတဲ့ အရိပ်အယောင်လုံးဝမတွေ့ ။

ကလေး တကယ့်ကို အပုန်းကောင်းလွန်းခဲ့သည် ။

" အားလုံး .... အစည်းဝေးခန်းထဲလာခဲ့ ။ အသစ်လေးတွေ မင်းတို့ပြင်ဆင်ထားတဲ့ X'mas အတွက် Event Program တွေပါ တစ်ခါတည်း ယူခဲ့ "

Head ၏ စကားကြောင့် လုပ်လက်စတွေ အကုန်ရပ်ထားကာ ဋ္ဌာနမှာရှိတဲ့ ၀န်ထမ်း ၁၅ ဦးလုံး အစည်းဝေးခန်းငယ်ထဲသို့ ၀င်လာကြသည် ။ သူတို့ကို ပညာစမ်းသည့်အနေနဲ့ လုပ်ခိုင်းထားတဲ့ လာမယ့် X'mas အတွက် ကုမ္ပဏီက ကျင်းပမယ့် Event Program နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတစ်ချို့ ကိုပါ တစ်ပါးတည်းယူပြီး သူ အစည်းဝေးခန်းထဲလာခဲ့လိုက်သည် ။

လစဉ်အစည်းအဝေးလည်း မဟုတ်ဘဲ GM ကပါ ဘာကြောင့် ဒီမှာရှိနေမှန်း သူတို့ မခန့်မှန်းတတ်ပေမယ့် စာရွက်ကို Head ဆီပေးပြီး နေရာလွတ်တစ်ခုမှာ ၀င်ထိုင်လိုက်သည် ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now