အပိုင်း - ၅၇ : အတ္တတစ်ခုက ဘယ်လောက်ထိ သွားနိုင်မှာလဲ? (Z+U)

5.6K 880 140
                                    

Zawgyi

"မင်းတို့ တကယ်ပဲ ရေရှည်တွဲဖြစ်ကြမှာလား..."

အာကာမိုးထက်နှင့်အတူ ပစ္စည်းများအတူရွှေ့၊ အိမ်ဧည့်ခန်းကို ဖယောင်းပုဆိုးခင်းပြီးနောက် ခြေကုန်လက်ကမ်းကျကာ နှစ်ဦးသား ဖယောင်းပုဆိုးပေါ်တွင် ပက်လက်လှန်နေကြရာမှ အာကာမိုးထက်သည် မေးလာ၏။

"သူ မင်းကို တကယ်ချစ်နေတာမဟုတ်ဘူးမဟုတ်လား..."

"အင်း..."

"ဒီဟာက တစ်သက်လုံး အလုပ်ဖြစ်သွားမယ်ထင်လို့လား..."

"ငါ့မှာ လွတ်လမ်းရှိပါတယ်ဆို..."

ရှင်းသန့်မောင်သည် ခပ်အေးအေးဆိုသည်။

"တကယ်လို့ သူ ငါ့ကို မမြင်ချင်တော့ဘူးဆိုရင် ငါ ထွက်သွားလို့ရတယ်... ငါ့ လမ်းကိုငါ ရှာဖွေထားပြီးသား..."

"ဘာလို့ မသေချာတာကို လုပ်နေတာလဲ... မင်း မဆန်လိုက်တာ..."

"ချစ်တာပါဆိုကွာ... ငါလည်း သူ့ကို အဲ့လောက်ကြီး ချစ်မိသွားလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို တွေးတောင် မတွေးမိဘူး..."

အာကာမိုးထက်သည် မည်သည့်စကားကိုမှ မဆိုတော့။

"သူ စာလာလုပ်လိမ့်မယ်... သူတို့ Private Study ချိန်မှာ..."

"လုပ်ပေါ့ အိမ်မှာ ငါလည်း ရှိနေမှာမှ မဟုတ်တာ... ငါ အခု စာသင်ဝိုင်းထပ်တိုးထားတယ်..."

"မင်း ဘာလို့ ငါနဲ့အတူအလုပ်မလျှောက်တာလဲ..."

"ငါ စာသင်ရတာပဲ ကြိုက်တယ်... ကျောင်းပြီးရင်တော့ ငါ အပြင် institute မှာ နည်းပြ ပြန်လုပ်ဖို့စဉ်းစားနေတယ်... ကျောင်းဆရာထက်စာရင် အဲ့ဒါက ပိုရတယ်လေ..."

"နိုင်ငံတော်ကြီးအတွက် ရင်လေးပါတယ်ကွာ..."

"မင်း ပါးစပ်ကြီးကိုပဲ ပိတ်ထားလိုက်စမ်းပါ..."

အာကာမိုးထက်သည် ထသွားရင်းမှ...

"မင်းနဲ့ အတူတူ တစ်အိမ်တည်းနေဖြစ်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးဖူးဘူး... ဒါနဲ့ မင်း အိမ်ကိုလည်း မင်းပြောဖို့အတွက် စိတ်ကူးမရှိဘူးမဟုတ်လား..."

မတူညီမှုအကြောင်းကို ပြောပြရန် ရှင်းသန့်မောင်သည် ဘယ်တော့မှ စိတ်မကူး။ သူရဲဘောကြောင်သည်ပဲဆိုဆို ပြတ်တောက်မည့် ဆက်ဆံရေးတို့ကိုလက်ခံနိုင်သည့် ခံနိုင်ရည်မျိုး သူ့တွင် ရှိမနေ။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now