အပိုင်း - ၅၁ : ချစ်ပါ့မလားစဉ်းစားနေချိန်မှာ ချစ်နေတာရောမဖြစ်နိုင်ဘူးလား? (Z+U)

5.6K 911 91
                                    

Zawgyi

ဟန်မင်းပိုင်တစ်ယောက် ပူစပ်ပူလောင် မုန့်တီသောက်ပြီးနောက် ကျေနပ်ကာ ကန်ဘောင်တစ်လျှောက် လမ်းလျှောက်နေပေ၏။ ညနေခင်းမို့ တံတားဖြူကန်ဘောင်ဘက်သည် အတွဲများ၏ ပျော်စံရာ။ သြော်... သူ ဒီနေရာမှာ ဒီလူနဲ့တစ်ခါနမ်းဖူးသေးတာပဲ။ အမ်း... အဲ့တုန်းကတော့ ခဏပဲ။ နောက်ပြီးတော့ ရိုးဂုဏ်ကို စဉ်းစားနေခဲ့တာမို့ သူ မသိ။ ဟန်မင်းပိုင် သတိရကာ လမ်းလျှောက်နေရင်းမှ...

"ဒါနဲ့ ရိုးဂုဏ်က ဘာဖြစ်သွားပြီလဲ..."

ရိုးဂုဏ်က လွယ်လွယ်ပဲ အလျှော့ပေးလိုက်တာလား? ရိုးဂုဏ်က ခင်ဗျားကို မဆက်သွယ်တော့ဘူးလား? ဘာဖြစ်သွားပြီလဲဆိုသည့် မေးခွန်းနောက်မှ ကပ်လာသည့် မျက်လုံးကြောင့် ရှင်းသန့်မောင် အအေးဘူးကို မပြတ် စုပ်နေရာမှ ရပ်ကာ ဟန်မင်းပိုင်ကို ပြုံးပြသည်။ တစ်နေရာငြိမ်ငြိမ်လေး မထိုင်သေးဘဲနဲ့ ဒီကောင်လေးခေါင်းကိုသာ ကိုင်လိုက်ရင် သူ့ကို ဟန်မင်းပိုင်သည် ရေထဲသို့ ကန်ချလိုက်လိမ့်မည်။ ယခုတောင် သူတို့နှစ်ယောက်ကြားမှာ နောက်ထပ်တစ်ယောက်လောက် လျှောက်နိုင်သည့် အကွာအဝေးရှိနေတာမဟုတ်လား။

"ရိုးဂုဏ်နဲ့ မင်းနဲ့ကျောင်းမှာတွေ့တာပဲမဟုတ်ဘူးလား..."

ဟုတ်သည်လေ။ တစ်ရက်ကျောင်းပျက်ပြီးနောက်နှစ်ရက်တက်တုန်းက ဟန်မင်းပိုင်နှင့်ရိုးဂုဏ်တွေ့မည်ပဲကို။

"ထွန်းထွန်းရှိနေတော့ ဘယ်လိုမှ မေးလို့မကောင်းဘူး..."

ဟန်မင်းပိုင်၏ မျက်နှာငယ်လေးကြောင့် ရှင်းသန့်မောင် ရယ်သည်။ အအေးသောက်မပျက်သည့် ရှင်းသန့်မောင်ကို ကြည့်ပြီး ဟန်မင်းပိုင် မျက်မှောင်ကြုတ်ကာ...

"စပ်နေသေးလို့လား?"

ငရုတ်သီးအများကြီးပယ်ပယ်နယ်နယ် သူ ထည့်ပစ်လိုက်ခဲ့သည်ကို မသိလိုက်သည့်အလား ရှင်းသန့်မောင်ကို ဟန်မင်းပိုင်မေး၏။ စိတ်ထဲတွင်သွေးအန်နေရသော်လည်း ရှင်းသန့်မောင် မချိပြုံးပြုံးကာ...

"ကိုယ် အစပ်လုံးဝမစားနိုင်ဘူး..."

မျက်နှာတစ်ခုလုံး မအီမသာဖြစ်နေသည့် ရှင်းသန့်မောင်ကို ကြည့်ပြီး ဟန်မင်းပိုင် ခေါင်းညိတ်သည်။ ဒီလူစကားက သုံးခွက်တစ်ခွက်တင်ကြိုမှ ယုံရသည့်အမျိုးမို့ မယုံကြည်မှုဖြင့် ရှင်းသန့်မောင် ပန်းကန်ထဲ သူ ငရုတ်သီးများထည့်ပစ်ခဲ့သည်။ နှစ်ဇွန်းလောက်လေး ထည့်လိုက်တာကို ဒီလူအဲ့လောက်ကြီး စပ်သွားလိမ့်မည်ဟု သူ မထင်ခဲ့။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now