အပိုင်း - ၅၂ : ဘာလို့ ယောကျာ်းလေး RS တွေကြား လာလာညပ်နေရတာလဲ! (Z+U)

5.6K 903 81
                                    

Zawgyi

"ဘာလဲဗျာ... ခင်ဗျားနဲ့ကျွန်တော်က ကျောင်းလည်း တူတာမဟုတ်ဘူး..."

ဟန်မင်းပိုင်တစ်ယောက် တစ်ဖက်မှသူ့ကိုရစ်နေသူကို ပြန်ဘုတောတော့သည်။ ဒီလူကဘာဖြစ်ချင်နေတာလဲ! သူတို့ကကျောင်းမှမတူတာ။ သူလည်းသူ့ကျောင်းသူသွား ကိုယ်လည်းကိုယ့်ကျောင်းကိုယ်သွားပေါ့! ကိုယ့်ဘာသာ ဖယ်ရီစီးတာလေ... ဘာဖြစ်လို့လဲ! သူ လိုင်းကားတိုးမစီးနိုင်ဘူး!

"ငါတို့ဘယ်အချိန်သွားတွေ့ရမှာလဲ..."

တစ်ဖက်ဖုန်းထဲမှ အသံကြောင့် ဟန်မင်းပိုင်တခဏငြိမ်သွား၏။

"ကျောင်းပိတ်ရက်တုန်းက အများကြီးတွေ့ပြီးပြီလေ..."

ရှင်းသန့်မောင်၏ တိတ်သွားသည့်အသံကြောင့် သူ လေပြေလေးဖြင့် ဆက်ပြော၏။

"ခင်ဗျားလည်း project လုပ်ရတော့မှာ မဟုတ်လား... project တင်ရတော့မယ်ဆိုရင် အလုပ်များတော့မှာလေ... ကိုလင်းလုပ်တာ ကျွန်တော်တွေ့ဖူးတယ်..."

ရှင်းသန့်မောင်သည် အသံတိတ်ဆန္ဒပြနေဆဲ။ ဘယ်သူက အကြီးလဲ ဘယ်သူက အငယ်လဲ ဆိုသည့် အတွေးဝင်လာသော်လည်း သူ ဒီလူကိုတော့ ရန်လည်းမဖြစ်ရက် စိတ်ကောက်၊စိတ်ဆိုးခြင်းလည်း မပြုရက်ပါလေ။ သူ့နဂိုဗီဇလေးကိုက တစ်ဖက်လူမှ မိမိကို အရေးပေးလျှင် သူကလည်း သူ့စိတ်ထဲတွင် တစ် ဆိုသည့်နေရာကို ပြန်ပေးဖို့ ဝန်မလေးသည့် သူ။

"သင်တန်းတွေလည်းရှိတယ်... သင်တန်းကလည်း ပျက်လို့မရဘူး ပထမနှစ်ဝက် စာမေးပွဲဖြေရတော့မှာ..."

"အဲ့စာမေးပွဲစာတွေငါ ပြန်ပြလို့ရတာပဲ..."

"မရဘူး... Private Study ချိန်... Private Study ချိန် သူတို့တစ်ပတ်ပေးမယ်ပြောတယ်... အဲ့အခါကျရင်..."

"အဲ့ဒါက ကြားထဲမှာ နှစ်လလောက်လိုသေးတယ်လေ..."

"နှစ်လက ဘာကြာလို့လဲ..."

"မင်းနဲ့ငါ စတွဲတာမှ တစ်လကျော်လောက်ပဲရှိသေးတာလေ... ငါက နှစ်လလုံးမင်းနဲ့မတွေ့ဘဲ နေရမှာလဲ မနေနိုင်ဘူး..."

သူ မတွေ့ဘဲနေတုန်း ထိုကောင်လေး စိတ်ကပြန်တည့်မတ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒီကောင်လေးက သူ့လိုလူမျိုးမဟုတ်တာကို သူ ကောင်းကောင်းသိထားတာပဲဟာကို။ စိတ်ယိုင်ပြီး ပြန်တည့်သွားရင် သူ ဘယ်လိုလုပ်မှာလဲ။ သူ ထိုကောင်လေးနှင့် တွေ့နေဖို့ လိုအပ်တယ်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Onde histórias criam vida. Descubra agora