အပိုင်း - ၄၆ :Wish I were Gay (Z+U)...

5.3K 819 61
                                    

Zawgyi

ရှင်းသန့်မောင်၏ မျက်လုံးများသည် သူ့ထံသို့ ရောက်လာ၏။ သူ ချက်ချင်းမျက်လွှာချကာ မသိကျိုးကျွန်ပြုနေလိုက်သည်။ ဒါက သူ့ကိစ္စမှ မဟုတ်တာပဲ။ သူ ထပြန်လိုက်ရမလား။ ဟင့်အင်း အဲ့လိုကျတော့လည်း မပြန်ချင်ပါဘူး။ သူ ရှင်းသန့်မောင် ဘာပြောမလဲကြည့်ချင်သေးတယ်။ ချောင်ကျသည့် နေရာတစ်ခုမို့ ရိုးဂုဏ်သည် ရှင်းသန့်မောင် အနီးကိုယ်ကိုယိမ်း၏။

"အဲ့ဒါဆိုရင် ဟန်လေးလည်း စိတ်သက်သာသွားမယ်မဟုတ်လား..."

ဟန်မင်းပိုင် အာစေးကပ်နေသလို စကားတစ်ခွန်းမှ ထွက်မလာ။

"မင်း သူ့ကို ငြင်းလိုက်တာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေတယ်မဟုတ်ဘူးလား... သူ့ကို ပြန်မခေါ်ချင်တာ သူက မင်းကို စိတ်ထဲရှိနေဦးမှာစိုးလို့မလား..."

ရိုးဂုဏ်၏ စကားအခွန်းတိုင်းက သူ့ကို တစ်စုံတစ်ခုသော အကြောင်းတို့ကို တွေးနေစေသလို။ ဟုတ်လား... သူ တကယ်ပဲ အဲ့လိုတွေးခဲ့တာ မှန်လား။ သူဘာလို့ ရှင်းသန့်မောင်အနီးက ထွက်ပြေးသွားတာလဲ။ ငြင်းပြီးတာတောင်မှ ရှင်းသန့်မောင်က သူ့ကို စိတ်မပြတ်မှာစိုးရိမ်လို့လား။

"ငါ တကယ်အားနာပါတယ်..."

ရှင်းသန့်မောင်သည် သူ့ကိုကြည့်ကာ ပြောလာ၏။ ဟင့်အင်း.. မလိုပါဘူးဟုဆိုချင်သော်လည်း သူ ဘယ်အကြောင်းပြချက်နှင့် မလိုပါဘူးဟု ဆိုရမလဲ နားမလည်။

"ဒီနေ့ တကယ်တော့ ဟောပြောပွဲခေါ်လာတာက ငါတို့ community အကြောင်း မင်းကို နားလည်စေချင်တာ... နောက်ပြီး ကိုရှင်းသန့်နဲ့ပတ်သက်ပြီး မင်း စိတ်ထဲ burden မဖြစ်နေစေချင်လို့... ကိုရှင်းသန့်လိုမျိုး truma ကြောင့် sensitive ဖြစ်နေတဲ့ သူတွေလည်း ရှိတာပေါ့... ကားလမ်းက ပိတ်သွားတာနဲ့ပဲ အခုတော့ ငါတို့ စားပွဲသောက်ပွဲဖြစ်သွားတော့တယ်..."

"ဘာမှမဖြစ်ပါဘူး ငါလည်း တကယ်သိချင်တာပဲ... အခုကျတော့ မင်းတို့ ပေါ့ပေါ့ပါးပါးနေတဲ့ပုံကို တစ်ခါတည်း မြင်ဖူးသွားတာပေါ့..."

ဟန်ဆောင်ခြင်းနှင့်ပတ်သက်လာလျှင် မူကြိုကလေးလောက်တောင် မတတ်မြောက်သည့် ဟန်မင်းပိုင်၏ ရုပ်တည်နေမှုက အခြားသူနှစ်ဦးကို ဖုံးကွယ်၍မရ။ ရိုးဂုဏ် သူ ထိုကောင်လေးကို သနားပဲ သနားရမည်လား။ ညံ့တာကိုးဟုပဲ ပြောရမလား။ နားမလည်နိုင်သည့် ခံစားချက်ဖြင့် ဘေးထွက်နေလိုက်သည်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now