ချစ်ချင်းမေတ္တာကို တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်သည့် အခါ
အချစ်လွန်ကြသူများ တစ်ဖက်သတ်ဆန်သူများမှာ
အချစ်များဖြင့် အနိုင်ရရှိသည်ဟု ထင်ရသည်
သို့သော်
"အတ္တ" ကို "အချစ်" ဟု ခေါင်းစဉ်တပ်ပြီး
ပိုင်ဆိုင်လိုစိတ်ပြင်းထန်လွန်းသော အခါ၌
ဖြူစင်သန့်ရှင်းသော ချစ်ခြင်းမေတ္တာမှာ
အရောင်အမျိုးမျိုးပြောင်းလဲသွားနိုင်ပြီး
နှစ်ဦးနှစ်ဖက်စလုံးအတွက် နစ်နာဆုံးရှူံးမှုများကိုသာ
တစ်သက်လုံး ဖြစ်တည်စေမည် ဖြစ်သည်...🍁

........................................................

"နင်ငါ့ကို ခွင့်မလွှတ်လည်းရပါတယ်
ဒါပေမဲ့ ငါမကူညီသင့်တာကို ကူညီမိတယ်ဆိုတာ ချက်ချင်းသိလို့
လိပ်ပြာမလုံဖြစ်ပြီး ငါ့ကိုယ်ငါ ရွံမိတယ် မင်းခန့်...
ငါတကယ် တောင်းပန်ပါတယ် ငါ့ကိုခွင့်လွှတ်ပါ"
မိုးရိပ် ကျုံးပြင်ကျယ်ကြီးကို မျက်နှာမူပြီးပြောလိုက်သည်

"ရပါတယ်...
အခုလို မကောင်းဘူးဆိုတာချက်ချင်းသိသွားလို့ နင့်ကိုကျေးဇူးတင်ပါတယ်"

"ဒီမှာကြည့်"
မိုးရိပ်မင်းခန့်ဘက်သို့ လှည့်ပြီးဖုန်းကိုပြလိုက်သည်

ဖုန်းထဲတွင် မင်းခန့်နှင့် ဒါလီ လမ်းမကြီးပေါ်တွင်စကားပြောနေကြသော ဗီဒီယိုဖိုင်ကို မိုးရိပ် သစ်ပင်တစ်ပင်၏ အနောက်မှ ကွယ်၍ရိုက်ထားခြင်းဖြစ်သည်
ဗီဒီယို ထဲတွင် မင်းခန့် ဆိုင်ကယ်ပေါ်တက်ရန် ဒါလီရှေ့မှ ထွက်သွားချိန်၌ ဒါလီသည် သူမ၏ဆံပင်များကိုဖွလိုက်ပြီး နှုတ်ခမ်းကိုလက်ဖမိုးနှင့် သုတ်လိုက်ပြီး အကျီင်္ကြယ်သီးနှစ်လုံးကိုချက်ချင်းဖြုတ်လိုက်သည်မှာ ထင်ရှားနေပေသည်...

"ဒါကြောင့် နင်ဘာမှစိတ်မပူပါနဲ့ မင်းခန့်"
"အေးပါဟာ..ကျေးဇူးပဲ"

...................................................

မည်မျှကြာအောင် အိပ်ပျော်သွားမှန်းမသိသောကြောင့်
ခေါင်းတစ်ခုလုံး အုံခဲနေရသည်
ပြတင်းပေါက်မှ လာသော နေရောင်ခြည်အလင်းတန်းတို့ကလည်း
မျက်လုံး နှစ်လုံးသို့ ဦးတည်နေသဖြင့် ဖွင့်ရန်အလွန်ခက်ခဲလှသည်
ခြောက်သွေ့နေသော နှုတ်ခမ်းများကလည်း ရေကိုအရေးတကြီးလိုအပ်နေပေသည်
ဘယ်ဘက်လက်မှ တဆစ်ဆစ်နှင့်ကိုက်ခဲမှုမှာလည်း
ပင်ပန်းလွန်းစေသည်

သူသိစေ🍁[Completed]Where stories live. Discover now