စပ်စုတတ်သော ဘုန်းမိုး ထိုနေရာသို့ မပြေးရုံတမယ် လမ်းလျှောက်ပြီး ကြည့်လိုက်သောအခါ...

"ဟာ.........."
ဘုန်းမိုးမျက်လုံးအပြူးသားဖြစ်သွားရသည်...
သူနှင့် တစ်ထေရာတည်းနီးပါးတူသော အကျီင်္နှင့်ဘောင်းဘီအမည်းကိုဝတ်ဆင်ကာ
ဘယ်ဘက်လက်မှာ အတော်ပင်ထိသွား၍ သွေးများမှာ မြင်မကောင်းအောင်ထွက်၍
သွေးအိုင်ထဲ၌လဲနေသောသူ...

ရုတ်တရက်လန့်၍ လွတ်သွားသော သတိများကို ဘုန်းမိုးပြန်လည်ရယူလိုက်သည်နှင့် လက်များမှာ ထိုလူကိုတစ်ခါတည်းပင် ပွေ့ဖက်မိလိုက်သည်...
"ကိုစိုင်း.... ကိုစိုင်း...
ကျွန်တော်ခေါ်နေတယ်လေ...ကြားလား...
ကိုစိုင်း....ထဦး...ကျွန်တော်ခေါ်နေတယ်လေ..."

"ညီလေး အသိလား...
အကိုတို့ လူနာတင်ယာဉ်ခေါ်ပေးထားတယ်နော်...
ဘာမှသိပ်စိတ်မပူနဲ့ မကြာခင်လာလိမ့်မယ်
စိတ်အေးအေးထားထားနော်"
လူသုံးလေးယောက်ထဲမှ အသက်ခပ်လတ်လတ်အကိုတစ်ယောက်မှစကားသံကို ဘုန်းမိုးမကြားနိုင်...
သူ့နာမည်ကိုသာ နှုတ်ဖျားမှ တတွတ်တွတ်နှင့် ခေါ်နေမိသည်...

ဟုတ်ပါသည်...ထိုလူမှာ စိုင်းဝဏ္ဏ ပင်ဖြစ်သည်

.............................................................................

"ငါ ဘာလို့စိတ်တွေလေးနေရတာလဲ...
ဘုန်းမိုးကို မင်းခန့်က ဘာလို့ညဘက်ကြီးမှ တွေ့ဖို့ချိန်းရတာလဲ"
ဝဏ္ဏ အခန်းထဲတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့်စိတ်တွေ ဂနာမငြိမ်ဖြစ်နေမိသည်

"ဒီကောင် ငါ့ကလေးကို မဟုတ်တာ ကြံမလို့တော့မဟုတ်လောက်ပါဘူးနော်...
ဟင့်အင်း...သူတို့ကဘာမှမဟုတ်လောက်သေးပါဘူး
ငါ့ကလေးကို လက်ဖျားနဲ့တောင်ထိလို့မရဘူး
ထိလိုက်လို့ကတော့လား... မင်းအသေပဲ ရှိုင်းမင်းခန့်"

မဖြစ်နိုင်သော ဖြစ်နိုင်သော အတွေးပေါင်းများစွာဖြင့် မယိုးမရွဖြစ်နေချိန်တွင် မျက်နှာချင်းဆိုင်ရှေ့ဘက်ခန်းမှ
တံခါးဖွင့်သံကိုကြားလိုက်ရသည်
ထို့ကြောင့် ဖြည်းဖြည်းချင်းတံခါးနားကပ်၍လျှောက်ပြီး
တံခါးကို အနည်းငယ်ဟကာ ခေါင်းပြူပြီးကြည့်လိုက်သည်
မောင်မင်းကြီးသား ဘုန်းမိုးမှာ Hoodieအမည်းရောင်ကိုခေါင်းစွပ်ပြီး
အမည်းရောင် ဘောင်းဘီရှည်ကို ဝတ်၍ထွက်သွားသည်ကိုမြင်သောအခါ

သူသိစေ🍁[Completed]Where stories live. Discover now