အပိုင်း (၂၀) - Zawgyi + Unicode

1.2K 174 32
                                    

အပိုင်း (၂၀) - Zawgyi

ချုးပေ့ကျယ်နဲ့ သူ့ရဲ့တပ်ဟာ တောအုပ်ဆီကို ဦးတည်ကာ ချီတက်လာပြီး နေရာကောင်းကောင်းတစ်ခုမှာ စခန်းချလိုက်ကြတယ်။ နောက်တော့ သူ့တပ်ထဲက လက်ရွေးစင် သူလျှိုတစ်ချို့ကိုလွှတ်ပြီး ပေ့မော့တပ်အခြေနေကို စုံစမ်းဖို့ စေလွတ်လိုက်တယ်။


မို့ရန်ပါအပါအ၀င် အားလုံးအတူတကွ ယာယီစခန်းတွေ ချပြီးကြတာနဲ့ မြေပုံကို စပြီး လေ့လာဖို့ပြင်လိုက်တယ်။

"ဒီတောအုပ်က ခန့်ပုမြို့ဘေးပတ်လည်မှာ ၀န်းရံနေတဲ့အပြင် ဧကတော်တော်လေးကျယ်တယ်။ ပြီးတော့ တောအုပ်ကနက်ပြီး လူသူမပေါက်ရောက် မသိတဲ့နေရာတွေကအများကြီး။ ပေ့မော့တပ်က သိပ်ဝေးဝေးသွားနိုင်မှာမဟုတ်ဖူး။ သူတို့စခန်းချနိုင်ချေအများဆုံးနေရာတွေက ဒီနေရာ၊ ဟောဒီနေရာနဲ့ ဒီနေရာတွေပဲ" ချုးပေ့ကျယ်ရဲ့ လက်က မြေပုံပေါ်မှ တောင်တန်း၃ခု တည်ရှိတဲ့ နေရာတွေအသီးသီးကို ညွှန်ပြလိုက်တယ်။

မို့ရန်က သဘောတူတယ် "ပေ့မော့တပ်က ခန့်မှန်းခြေ ငါးသောင်းလောက် ရှိမယ်။ ဒါကြောင့်မို့ ဒီလူအင်အားနဲ့ ဒီတောအုပ်ကို ခနလေးဖြတ်ကျော်သွားနိုင်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ငါတို့လွတ်လိုက်တဲ့လူတွေ မကြာခင်သူတို့တည်နေရာကို ရှာတွေ့သွားကြမှာပဲ။ ဒါပေမယ့်လို့ သူတို့က တောင်အမြင့်ပေါ်ကနေ ခံတပ်ကောင်းကောင်းယူပြီး ပြန်တိုက်လာမယ်ဆိုရင်တော့ ဒီတိုက်ပွဲက ထင်တာထက် ပိုခက်ခဲသွားနိုင်မယ့် တိုက်ပွဲဖြစ်လာလိမ့်မယ်"

ချုးပေ့ကျယ်က ထိုစကားကို သဘောကျစွာပြုံးလိုက်ရင်း ပြန်မေးလိုက်တယ် "ငါဘာလို့ လက်ရွေးစင်တပ်သား ၁သိန်းကို ရွေးပြီး ခေါ်လာရသလဲကိုကော မင်းသိလား မို့ရန်?"

ထိုအခါကျမှ မို့ရန်က သဘောပေါက်သွားဟန်ဖြင့် "၀မ်ရယ်က ထိပ်တိုက်ရင်ဆိုင် တိုက်ဖို့ စဉ်းစားထားတာလား?"

"ပေ့မော့တပ်တွေနဲ့ ငါတို့တပ်တွေ တိုက်လာခဲ့တဲ့ အချိန်တွေလည်း ကြာခဲ့ပြီ။ ဒီအချိန်ထိ ရေရေရာရာ ဘာရလဒ်မှ မထွက်လာသေးဘူး။ အားလုံးတက်ကြွလာအောင် အောင်နိုင်မှုကြီးကြီးလေးတစ်ခု ယူလာပေးသင့်တယ်လို့ မထင်ဘူးလား?" ချုးပေ့ကျယ်က ခန့်မှန်းရခက်တဲ့ အပြုံးတစ်ခုနှင့်အတူ စကားကိုဆိုလေသည်။ ပြီးတော့ မြေပုံကို ကြည့်လိုက်ကာ တောင်ဘက်စွန်းစွန်းမှာတည်ရှိနေတဲ့ တောင်တန်းတစ်ခုကို ညွှန်ပြရင်း "ငါခန့်မှန်းတာ မမှားဘူးဆိုရင် ဖိန်းထင်နဲ့ သူ့တပ်တွေ ဒီမှာ စခန်းချဖို့ သေချာသလောက်ရှိတယ်။"

Gu Fang Bu Zi ShangWhere stories live. Discover now