အပိုင်း (၁၂) - Zawgyi
ညဘက်ရောက်တော့ ဖိန်းထင်အခန်းကနေ အဆင်ချောချောနဲ့ ထွက်လာနိုင်ခဲ့တယ်။
သူမရဲ့လက်ထဲမှာတော့ အထုတ်တစ်ထုတ်ကိုဆွဲလျက်...ဘေးမှာတော့ တုန်းကျိုးက ကပ်လျက်လိုက်ပါလာတယ်။ တောင်ပေါ်ဘက်ကို တစ်ချက်ကြည့်လိုက်တော့ မီးရောင် မှိန်မှိန်လေးတွေ တွေ့နေရတယ်။
အဲ့ဒီထဲက တစ်ခုက သခင်လေးရဲ့ အခန်းပဲ မဟုတ်လား? တမဟုတ်ချင်းပဲ ၀မ်းနည်းမှုတို့ သူမရင်မှာ ခံစားလိုက်ရတယ်။
"ငါ့ကို အဖော်လိုက်ပေးဖို့ မလိုတော့ဘူး" ဖိန်းထင်က တုန်းကျိုးကို ပြောလိုက်တယ်။ "နင်ပြန်လို့ရပြီ"
"ငါ...." တုန်းကျိုးက တွန့်ဆုတ်နေဟန်နဲ့ မြင်းဇက်ကြိုးကို ဖိန်းထင်လက်ထဲ ကမ်းပေးလိုက်တယ် ပြီးတော့ လေသံတိုးတိုးလေးနဲ့ "ကိုယ့်ကိုယ်ကို ဂရုစိုက်"
ဖိန်းထင် မြင်းပေါ်ကို တက်လိုက်တာ ရုတ်တရက်ဆိုတော့ မြင်းကလန့်ပြီး အနည်းငယ်လှုပ်ယမ်းသွားတယ်။ နောက်ဆုံးအနေနဲ့ တုန်းကျိုးက ညင်သာစွာ ပြောလိုက်တယ် "သခင်မလေး....."
ဖိန်းထင် တုန်းကျိုးကို ခနတာ စူးစမ်းဟန်နဲ့ ကြည့်လိုက်ပြီး နောက်တော့ တိတ်ဆိတ်နေတဲ့ ကျင်းအန်းဝမ်အိမ်တော်သားတွေရှိရာ အခန်းငယ်တွေဆီ ထပ်ပြီး ငေးကြည့်နေမိပြန်တယ်။ သူတို့မနက်ဖြန်ကျငါမရှိတော့တာ သိသွားခဲ့ကြရင် ထပ်ပြီး နေရာရွေ့ဖို့လုပ်ကြမှာပဲ။ သူမ စိတ်မကောင်း ဖြစ်သွားမိတယ်။ "သခင်လေးက ဘာပြောလဲ?"
"သခင်လေးက နင်သာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆို နေဖို့ ဆုံးဖြတ်လိမ့်မယ်တဲ့...အကယ်လို့ အဲ့လိုမဟုတ်ခဲ့ဘူးဆိုရင်တော့ ထွက်သွားဖို့ လုပ်မယ့်အပြင် အဲ့ဒါကို ငါတို့တားဖို့လည်း တက်နိုင်မှာမဟုတ်ဘူးတဲ့"
"တခြားရော?"
တုန်းကျိုးက ခေါင်းငုံ့သွားပြီး "တခြားဘာမှမပြောဘူး"
ဖိန်းထင်ရဲ့ နှုတ်ခမ်းထောင့်တွေ ကွေးညွတ်သွားရာက ပေါ်လာတဲ့ အပြုံးတစ်ပွင့်နဲ့အတူ သက်ပြင်းချလိုက်ရင်း "တုန်းကျိုး နင်တောင် လိမ်တတ်လာပြီပဲ"
YOU ARE READING
Gu Fang Bu Zi Shang
Romance"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...