" မောင်တကယ်တောင်းပန်ပါတယ် "

မောင်သူ့ကိုပွေ့ဖက်လာတော့ သူ့ရဲ့စိတ်တွေယိုင်လဲကျတော့မလိုဖြစ်သွားသည် ။ မောင်ဟာ ဒီလောက်အထိသူ့အပေါ်လွှမ်းမိုးနိုင်ပါသည် ။ ပြီးတော့ကြည့်ပါဦး မောင့်မျက်နှာက မကြာခင်ပြိုတော့မယ့်မိုးလိုပဲ ။ မောင့်ရဲ့စိုးရိမ်စိတ်ကို သူဘယ်လိုလျော့ချပေးရမှန်းမသိတော့ ။

" မောင် ငါ့ကိုကြည့် ၊ ငါ မောင့်ကို ဘယ်လောက်ထိချစ်လဲဆိုတာ မောင်သိမှာပါ ။ ပြီးတော့ မောင်ကလည်း ငါ့ကိုဘယ်လောက်ထိ ချစ်ခဲ့လဲဆိုတာသိတာမလို့ ဒီကိစ္စနဲ့ပက်သက်ပြီး ငါ့ကိုအားနာတာမျိုးမလုပ်ပါနဲ့ ။ အကုန်နားလည်ပေးတာမို့ ငါ့အတွက် မောင်ပျော်ရွှင်နေရင်ရပါပြီ ''

" ကလေး...... ကလေး မောင့်ကို သ၀န်မတိုဘူးလားဟင် ။ ကလေးမောင့်ကိုသ၀န်တိုပြီး ပြသနာရှာ ထုရိုက်ပစ်မယ်ဆိုရင်တောင် မောင်က ကျေကျေနပ်နပ်ကြီး ခံယူမှာမလို့ ကျေးဇူးပြုပြီး အဆင်ပြေတဲ့ပုံစံနဲ့ဟန်ဆောင်ပြီး မောင့်ရှေ့မှာမပြုံးပြပါနဲ့ကွာ ။ ကလေးက အဆင်ပြေတယ်လို့ဆိုလေ မောင်ကကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ပိုခံစားရလေပဲ ။ ဟင့်အင်း..... မောင်က ဒီထက်အများကြီး ပိုဆိုးတယ် ။ ဒီနှစ်တွေမှာ ကလေးကို ဂရုစိုက်ဖို့မေ့နေခဲ့တဲ့အပြင် ကလေးရဲ့ဖြစ်တည်မှုကိုပါ မေ့ပစ်ဖို့ကြိုးစားခဲ့မိတယ် ။ ဒီထက်ဆိုးတာက ကလေးအပေါ်မှာ သစ္စာဖောက်မိခဲ့တယ် ။ ဒါတောင် အရှက်မရှိ မောင်တို့ကြားက တတိယလူကို မိတ်ဆက်ပေးမိခဲ့တယ် ။ ကလေး မောင့်ကိုအသိစိတ်ဝင်အောင် နာနာလေး ရိုက်ပေးစမ်းပါ ''

ခိုင်မြဲပြောရင်းဆိုရင်း ရာပြည့်လက်ကိုဆွဲယူပြီး သူ့ခေါင်းကိုပြန်ရိုက်လေရာ ရာပြည့်သည် သူ့လက်ကိုသူပြန်ရုတ်ကာ ခိုင်မြဲ ကို တင်းကျပ်နေအောင်ပြန်ပွေ့ဖက်လိုက်သည် ။ ခုချိန်မှာ သူ့မျက်လုံးထဲမှာမြင်နေရတာက မောင့်ကို သနားစရာကောင်းလွန်းသည်ဟု ။ အမှန်တကယ်ပင်နာကျင်ရလို့ မျက်ရည်ကျတာလား မသိပေမယ့် မောင့်မျက်ဝန်းထောင့်က မျက်ရည်စတွေကို သူ့လက်နုနုထွေးထွေးနဲ့ အသာအယာဖွသုတ်ရင်း ခိုင်မြဲကိုရဲ့လက်ဖမိုးကို အကြင်နာအနမ်းတစ်ပွင့်ချွေလိုက်၏ ။

If only we breakup .. (Z+U) ( Completed)Where stories live. Discover now