ဝဏ္ဏပိတ်ထားသော အခန်းတံခါးကို မှီလိုက်ပြီး တိုးတိုးလေးတစ်ဦးတည်းပြုံးပြုံးကြီးပြောလိုက်မိသည်...
"သူတော်တော် ချစ်ဖို့ကောင်းလာတာပဲ...."

"အကိုရေ ကျွန်တော့်ကို လိမ္မော်ရည်တစ်ခွက်"
Waiterကိုပြောရင်း ဘုန်းမိုးဘေးသို့ဝင်ထိုင်လိုက်သည်...
Canteenတွင်အအေးထိုင်သောက်နေသော ဘုန်းမိုးဘေးသို့ဝင်ထိုင်လိုက်သူက ဝဏ္ဏ
ဘုန်းမိုးအအေးပင် သီးသွားသည်
"ခင်ဗျားက ဘာလုပ်တာလဲ"
"အအေးလာသောက်တာလေ... ဘာလုပ်လို့လဲ" ဝဏ္ဏဘာမှမသိသလိုပင်ပြောလိုက်သည်
"ဒီဆိုင်ထဲမှာ ဝိုင်းတွေမှ အများကြီး ဘာလို့ကျွန်တော့် ဘေးနားမှလဲ"
"ဟိုး...မင်းနဲ့ ထိုင်ချင်လွန်းလို့မဟုတ်ဘူးနော် ဖြစ်ချင်တာတွေတွေးမနေနဲ့ ဒီဆိုင်ထဲမှာ ငါသိတာ မင်းပဲရှိတယ် ကျန်တဲ့လူတွေကို ငါတစ်ယောက်မှ မမြင်ဘူး
ငါမင်းကိုပဲမြင်တယ်"
Waiterလာချပေးသော အအေးခွက်ကို ဇိမ်နှင့်သောက်ကာပြောချင်ရာပြောနေသော ဝဏ္ဏကို ဘုန်းမိုးအံ့သြမိသည် ဘာမှတော့ပြန်မပြောချေ
"ကိုယ်တို့ Second yearဘက်ကို လာခဲ့ပါဦး
အမကြီးတွေ တော်တော်ချောတာနော်..." ဝဏ္ဏရုတ်တရက် အသံကိုတိုးပြီးပြောလိုက်သည်က
" ဟိုမှာလာနေတဲ့သူကလွဲလို့ပေါ့"
ဘုန်းမိုးကြည့်လိုက်သောအခါ မနေ့က မင်းခန့်မိတ်ဆက်ပေးသည့်
ဒါလီနွယ်ဖြစ်သည်...
"ဟင် ဘာဖြစ်လို့လဲ"
ဘုန်းမိုး ဝဏ္ဏ ကိုကြည့်ပြီးမေးလိုက်သည်
"ညီလေး မင်းသူ့အကြောင်းမသိသေးဘူးကွ"

ပြောရင်းဆိုရင်း ဒါလီ ဆိုင်ထဲဝင်လာသည်...
"ခေါက်ဆွဲပြုတ်ကိုဘူးနဲ့ပေးပါ... ပူပူလေးနော်"
မှာသည့် လေသံကိုက ခပ်မာမာ
ခဏကြာပြီးနောက် ဘူးကိုယူပြီးပြန်ထွက်သွားလေသည်...
ဘုန်းမိုးတို့ကိုမမြင်ချင်ယောင်ဆောင်သွားသေးသည်
"သူက တိုက်ကွမ်ဒိုမမ ကွ တိုက်ကွမ်ဒိုကစားတာ အရမ်းတော်တယ်
တော်ရုံယောက်ျားလေး သူ့အနားမကပ်ရဲဘူး"
"ဟုတ်လား အဲ့တာကြောင့် ခန္ဓာကိုယ်တော်တော်လှတာကို"
"မင်းဘယ်တွေလိုက်ကြည့်နေတာလဲ ညီလေး" ဝဏ္ဏ ရိသဲ့သဲ့ဖြင့်မေးလိုက်သည်...
"မဟုတ်ဘူးလေဗျာ ကျွန်တော့်ကိုသူသိပါတယ် မနေ့က အသိတစ်ယောက်မိတ်ဆက်ပေးထားတာ"
"အဲ့လိုကွ သူက အချေကြီး သူနဲ့တော့ ဝေးဝေးရှောင်"
"ဟုတ်ကဲ့ပါ"

သူသိစေ🍁[Completed]Where stories live. Discover now