ဘုန်းမိုးအဆောင်မှ ထွက်လာခဲ့ပြီး မန္တလေးမြေပြင်ကို ခြေလှမ်းစလှမ်းလိုက်တော့သည်
သူ့ရဲ့Targetက ကျုံးမြို့ရိုးကို အရင်ဆုံးသွားရန်ဖြစ်သည်
ဆိုင်ကယ်ကယ်ရီ ငှါးပီး ဘုမသိဘမသိနှင့် ကျုံးမြို့ရိုးသို့ သွားရန်တက်လိုက်သည်
လမ်းတစ်လျှောက်တွင် မနက်စောစောဖြစ်နေသော်လည်း လူတွေ အများအပြားရှိနေသည်မှာ မန္တလေးမြို့ရဲ့ အစဉ်အလာပဲလား...

မီးပွိုင့်ခဏမိ၍ လမ်းဘေးမှ ထီသည် ဖွင့်သွားသောသီချင်းကို ဘုန်းမိုး နားစွင့်လိုက်မိသည်
"ရွှေမန်းဆီသို့...
တစ်ခါတစ်ခေါက်ဖြင့် ရောက်စေချင်သည်...
ကျုံးတော်ပတ်လည် မြမြို့ရိုး.......🎼"
"သီချင်းလေးက ကောင်းလိုက်တာ"ဟု တိုးတိုးလေးရေရွတ်မိသော်လည်း ကယ်ရီဦးလေးကြီးက နားပါးလှသည်... နောက်ကိုလှည့်ပီး
"မန္တလေးကို ခုမှရောက်ဖူးတာ မလားငါ့ ညီ
ငါတို့မြို့ဘယ်လောက်လှလဲ မင်းမကြာခင်သိမှာပါကွာ" ဆိုပြီး ဂုဏ်ဆာလိုက်သေးသည်...
တစ်လမ်းလုံး ကယ်ရီဦးလေးကြီးနဲ့ စကားဖောင်ဖွဲ့ပြောပီး ကျုံးတော်သို့ ရောက်လာခဲ့သည်...

"ဦးလေးကြီးပြောသွားတာ မှန်တာပဲ လှလိုက်တဲ့နေရာကြီး"
ဟုတ်သည်... သီချင်းထဲက အတိုင်း ကျုံးရေပြင်ကြီးကို မြို့ရိုးကြီးက ဝိုင်းရံထားပြီး စိမ်းစိုအုံ့မှိုင်းသော သစ်ပင်ကြီးများက ပန်းချီကားဆန်ဆန် လှနေခြင်းဖြစ်သည်
ကျုံးမြို့ရိုးရဲ့ အဆုံး၌ မန္တလေး တောင်ကြီးကိုပါမြင်နေရသည်
ဘုန်းမိုး ဆုံးဖြတ်ချက် ချလိုက်မိသည်
" တစ်ခါလောက်ပဲဖြစ်ဖြစ် ငါချစ်တဲ့သူနဲ့ အတူတူ သူ့လက်ကို ကိုင်ပြီး မန္တလေးတောင်ကို ရောက်အောင်သွားမယ်"

တစ်နေကုန် ဟိုမေးဒီမေးနှင့် တစ်မြို့လုံးကို ပတ်နေသော ဘုန်းမိုးတစ်ယောက် အဆောင်ကို ခြေကုန်လက်ပန်းကျစွာနှင့် ညနေလောက်မှပြန်ရောက်လာသည်...
စိတ်ထဲတွင်တေး ထားသည်က နာမည်ကြီးနေရာများကို
ရည်းစားရမှနှစ်ယောက်အတူတူသွားမည် ခဏအောင့်အည်းသည်းသည်းခံပြီး ရေချိုး ပြီးသကာလ အရမ်းစွဲလန်းရသော Coffeeတစ်ခွက်ဖျော်ကာ Facebookကောက်ဖွင့်ပီး Newfeedပွတ်နေရာမှ postတစ်ခုကိုဖတ်လိုက်မိသည်

သူသိစေ🍁[Completed]Where stories live. Discover now