"အကိုကြီး! ​ရောက်​​နေတာကြာပြီလား??"

"သိပ်​မကြာ​သေးပါဘူး"

ဆယ်​ဟွန်းလွတ်​အိတ်​ကိုအ​နောက်​ခန်း
ဘက်​ထဲပစ်​ထည့်​ပြီး အကိုကြီးပခုံး​ပေါ်
ခေါင်း​လေးတင်​လိုက်​သည်​....

"​နေမ​ကောင်းဘူးလား ဟွန်းနီး"

"မဟုတ်​ပါဘူး ဒီ​နေ့အခန်းထဲမှာ
စိတ်​မ​ကောင်းစရာသတင်းကြားလာလို့"

"ဘာဖြစ်​လို့လဲ??"

ဆယ်​ဟွန်းက​ခေါင်း​လေးဆတ်​ခနဲ
ပြန်​​ထောင်​လာပြီး...

"ဟို​နေ့ ဟွန်းကိုစာ​ပေးတဲ့​ကောင်​​လေး​လေ
အဲ့ဒါ မ​နေ့ညကကားနဲ့လိုက်​တိုက်​ခံကတယ်​တဲ့..."

"ဟင်​? ဟုတ်​လား?? အခုဘာဖြစ်
သွားတာတဲ့လဲ??"

"​ဆေးရုံမှာ ​အောက်​ပိုင်း​တော်​​တော်​ထိသွားတယ်​လို့​တော့​ပြောကြတယ်​ သတိက​တော့အခုထိမရ​သေးဘူးတဲ့​လေ"

"​အော်​~"

"​အော်​" ဆိုတဲ့စကားလုံး​နောက်​မှာ
ချန်း​ယောလ်​မဲ့ပြုံး​တွေကပ်​ပါ​နေတာဆယ်​ဟွန်းမရိပ်​မိ.....

"ကြည့်​မရ​ပေမဲ့ ကိုယ့်​အတန်းထဲကမို့လား
မသိဘူး ရင်​ထဲမ​ကောင်းဘူး"

"ဘာမှမ​ကောင်းဖြစ်​​မ​နေနဲ့ သူ့က
တစ်​ခုခုလုပ်​မိလို့​နေမှာ​ပေါ့"

"အင်း​ပေါ့ ရန်​ညိုးရှိလို့​နေမှာ​ပေါ့"

"ကဲပါ သူ့များအ​ကြောင်း​တွေ​ခေါင်းထဲ
ထည့်​မ​နေနဲ့ ဒီ​နေ့ဟွန်းနီးကို​ခေါ်သွားစရာ​နေရာရှိတယ်​"

"ဟင်​! ဘယ်​လဲ? ဘယ်​လဲ?"

"​ရောက်​​တော့ သိမှာ​ပေါ့"

"ဟုတ်​"

ချန်း​ယောလ်​ လိမ္မာလွန်းတဲ့​ကောင်​​လေး
နဖူးကိုခပ်​ဖွဖွနမ်း​ပေးပြီးမှ ကား​မောင်းခဲ့​တော့သည်​....

ကားကခြံထဲဝင်​လာတဲ့အချိန်​မှ...

"​ပြော​တော့ တစ်​​နေရာ​ခေါ်သွားမယ်​ဆို
အခုအိမ်​ကိုပြန်​​ခေါ်လာတယ်​"

"ဟက်​~ အဲ့တစ်​​နေရာကအိမ်​ထဲမှာပဲ​လေ"

"အကိုကြီးက​လေ ဘာ​တွေလျို​နေမှန်း
ကိုမသိ​တော့ဘူး တကယ်​ပဲ"

Infatuated LOVE [Completed]Where stories live. Discover now