Words I Want To Hear Part-38

383 52 6
                                    

Unicode....

Minaဘာမှမဖြေကာနေနေတာကြောင့်momo minaအနားဖြေးညင်းစွာတိုးလာသည်။
momoရုတ်တရပ်သူမအနားတိုးလာတော့mina သူမရဲ့မျက်ဝန်းတစ်စုံကိုပိတ်မိသည်။

မျက်လုံးစုံမှိတ်လိုက်တဲ့minaကိုMomoကြည့်ပြိးတစ်ချက်ပြုံးကာထိုင်ခုံခါးပတ်ကိုဖြုတ်ပြိးကားထဲကနေထွက်လာသည်။ကားထဲကထွက်သွားသံကြာတော့minaမျက်ဝန်း တစ်စုံပြန်ဖွင့်ကြည့်လိုက်မိသည်။momoကားအနောက်ခန်းဖွင့်ကာသူမပန်းတွေကိုထုတ်ပေးနေသည်။

Minaလည်းကားခါးပတ်ဖြုတ်ပြိးကားထဲကထွက်လာကာmomoဆီလာခဲ့သည်။

''ကျွန်တော်ဘယ်မှာထားပေးရမလဲ?''

ခုဏကmina မျက်လုံးစုံမှိတ်တာကိုmomoမမြင်ချင်ယောင်ဆောင်ပေးပြိးပန်းတွေကိုသယ်ပေးကာ မေးလာသည်။

''တစ်ကယ်တော့ဒါတွေကဆိုင်မှာထားရမှာ။''

''အဲဒါဆို…''

Momoကြောင်တောင်တောင်ပုံစံဖြစ်သွားတော့ minaသွားဖုံးလေးတွေပေါ်အောင်ပြုံးလိုက်
မိသည်။Minaပြုံးတော့momoလည်းပြုံးမိပြိး

''အဲဒါဆိုကျွန်တော်ဆိုင်ကိုပဲလိုက်ပို့ပေးပါမယ်။''

''ရပါတယ်…အားနားစရာကြိး…''

''ကျွန်တော်အမှားကြောင့်ပဲရပါတယ်။''

Momoပန်းတွေကိုကားအနောက်ခန်းတွင်ပြန်ထည့်ရင်ပြောလာသည်။Momoကားအဖုံးကိုပိတ်လိုက်ချိန်မှာပဲ…

''miအိမ်ကိုဘယ်လိုသိတာလဲ?''

Minaအမေးကြောင့် ကားနောက်ဖုံးကိုကိုင်ထားတဲ့ momoလက်တစ်စုံရပ်တန့်သွားသည်။
သူminaအိမ်ကိုသိနေခဲ့တာပဲလေး။တစ်ခါမှမေ့မှမမေ့ခဲ့တာ။ဒါပေမဲ့သူmorganအဖြစ်နေရမှာကို မေ့နေခဲ့သည်။

''minaပဲမနေ့ကကျွန်တော်ကိုပြောခဲ့တာထင်တယ်။''

Momoမုသားဆိုလိုက်မိသည်။momoမုသားက minaအတွက်တော့တွေဝေသွားစေသည်။

*miတစ်ကယ်ပဲသူကိုပြောခဲ့မိတာလား?*

သူမစိတ်ထဲမှာတော့Mogranကိုမပြောခဲ့ဘူးလိုပဲထင်နေမိသည်။

''ကျွန်တော်ဆိုင်လိုက်ပို့ပေးပါမယ်။''

Momoပြောပြိးကားတံခါးဖွင့်ကာ ကားထဲဝင်သွားသည်။Minaလည်းသူအပေါ်ကခြုံ
ပေးထားတဲ့momo အပေါ်အကျီၤကိုယူကာကားထဲပြန်ဝင်လာသည်။

Words I Want To Hearजहाँ कहानियाँ रहती हैं। अभी खोजें