ကြွေ အနားကပ်သွားပြီး သေချာကြည့်လိုက်တော့
တော်တော်လေး ရေချိန်လွန်ပြီး မှိန်းနေသည့်ပုံပင်..

ကြွေသက်ပြင်းလေးတစ်ချက်ချပြီး လှည့်ကြည့်လိုက်တော့
Fredy က sofa မှာထိုင်လျက်သား
ပခုံးတွန့်ပြနေလေသည်။

ကြွေ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ရင်း
စားပွဲခုံပေါ်က အရက်ပုလင်း ခွံတွေကို
တစ်ချက်ကြည့်လိုက်တော့ Fredy က အလိုက်သိစွာ
စကားစလေသည်။

" ရုတ်တရက်ကြီး ငါ့ဆီရောက်ချလာပြီး...
သောက်ပဲသောက်နေတာ... ဘာမှလည်း မေးလို့မရဘူး..
အဲ့တာနဲ့ ငါလည်း လွှတ်ထားလိုက်တာ..''

" ဘာလို့ကျွန်တော့်ဆီဆက်သွယ်တာလဲ?''

" ငါလည်း မဆက်သွယ်ချင်ပါဘူးကွာ... ဒီညနေ ငါ
Singapore သွားစရာရှိတယ်ကွ... အဲ့ဒါ ဒီအတိုင်း
ထားခဲ့ရင် မဖြစ်ဘူး ထင်လို့...''

" အရွယ်ရောက်ပြီးသား လူတစ်ယောက်ပဲ....
ကလေးမှ မဟုတ်တာ..''

" ငါ... ကိုမင်း နဲ့ သိလာတာ တော်တော်ကြာပြီ...
အခုလောက် သူဝမ်းနည်းနေတာ ငါမမြင်ဖူးဘူး''

" အရင်ကရော.... Daddy က
ဝမ်းနည်းတတ်လို့လား? ကျွန်တော်ကတော့ မထင်ဘူး..''

" ဒါဆိုရင်တော့ မင်းမှားနေပြီ ကောင်လေး...
ကိုမင်းက မင်းကို အမြဲ စိတ်ပူနေတာကွ...
မင်းအကြောင်းအမြဲပြောပြပြီး..
စိုးရိမ်ဝမ်းနည်းနေတတ်တာ..''

" အော်....''

ကြွေ တစ်ခါမှ မကြားဖူးတဲ့ စကား အသစ်လေးကြောင့်
အာမေဋိတ်သံလေး ခပ်ဟဟ ထွက်သွားမိလေသည်။

" ကဲပါ....မင်းDaddy ကို အိမ်ပြန်ခေါ်သွားလိုက်ပါ..
အသက်ကြီးကြီးငယ်ငယ်.. ဝမ်းနည်းလာတဲ့အခါ...
နှစ်သိမ့်မှု လိုချင်ကြတာချည်းပါပဲ...
ငါသွားပြီ...''

ကြွေ့ ပခုံးကို လက်လေးနဲ့ ပုတ်ပြီး နှစ်သိမ့်သလို ပြောသွား
တဲ့Fredy ရဲ့ စကားကြောင့် ကြွေ ခပ်တွေတွေလေး
ဖြစ်သွားရသည်။

ဝမ်းနည်းတဲ့အခါ.... နှစ်သိမ့်မှုလိုတယ်တဲ့လား....
နှစ်သိမ့်မှုကို တစ်ဘဝလုံးလိုအပ်နေရင်ရော...
ဘယ်သူကနှစ်သိမ့်နိုင်မှာလဲ...

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now