💖28💖

1K 108 10
                                    

Zawgyi....

ဆရာနှင့် Baek စကားပြောနေစဉ် အခန်းထဲဝင်လာသောအမျိုးသမီးတစ်ယောက်...

"Yi Fan oppa.."

"ဟင်..."

Baek ကြောင်သွားသည်...oppa တဲ့လား...

"O လေး.."

ဟင်...O လေး..ဘာတွေလဲဟ...

O လေးဆိုတဲ့အမျိုးသမီးက ကျွန်မကိုတွေ့တော့ ခုနက သူခေါ်လိုက်တဲ့အခေါ်အဝေါ်ကြောင့် ရှက်သွားပုံပင်...

"Yi Fan shi...သူက..."

"Aww...သူက Zhang Baekhyun...
မင်းသားရဲ့ချစ်သူလေ...."

မင်းသားဆိုတော့ သူက Chanyeol ရဲ့အမေလား...

"မင်္ဂလာပါ Zhang Baekhyun လို့ခေါ်ပါတယ်..."

"Aww...အေး...
အန်တီက Chanyeol အမေ Zi Tao ပါ...
သမီးကို မနေ့ကမတွေ့လိုက်ရဘူး...
အခုမှပဲတွေ့ရတော့တယ်...
သမီးလေးကချစ်စရာလေးပဲ..."

"ကျေးဇူးတင်ပါတယ်"

"Yeol လေးကသမီးကိုတော်တော်ချစ်တာပါ..
သမီးက Yeol လေးကိုဂရုစိုက်ပေးပါ"

Yifan ရဲ့အတွင်းရေးမှူးလေးလာချပေးတဲ့ ကော်ဖီကိုသောက်ပြီး ခွက်ကိုပြန်ချရင်း Tao ကစကားဆိုသည်...

"ဟုတ်ကဲ့...အန်တီ စိတ်မပူပါနဲ့...
သမီး Yeol ကိုဂရုစိုက်ပေးလိုက်ပါ့မယ်"

"Inn...Yeol မှာက အဖေနဲ့အမေ မရှိတော့ဘူးဆိုတော့ သူ့မှာမေတ္တာအပြည့်အဝမရခဲ့ဘူးလေ"

"nae???"

"မင်းက Chanyeol အမေ မဟုတ်ဘူးလား"

YiFan ရဲ့စကားကြောင့် Tao အသိစိတ်ဝင်လာပြီး..

"အာ...ဘာတွေပြောနေမိပါလိမ့်...
မထူးတော့ပါဘူးလေ...ပြောပြီးနေပြီပဲ...
နောက်လည်းသိရမယ့်အတူတူပြောပြလိုက်ပါ့မယ်..
ဒါပေမယ့် ကိုယ်ရေးကိုယ်တာဖြစ်နေလို့ သတင်းတော့မရေးလိုက်ပါနဲ့နော်...အန်တီတောင်းဆိုတာပါ"

"ဟုတ်ကဲ့...စိတ်ချပါ"

"အန်တီက Yeol အမေရင်းမဟုတ်ဘူး"

"Nae???"

"Yeol ကအန်တီ့အစ်မနဲ့ခဲအိုရဲ့သားပဲ"

Tao စကားကြောင့် YiFan ရော Baek ရောကြောင်ပြီး အံ့ဩသွားတယ်...

"အန်တီ့အစ်မနဲ့ခဲအိုက ကား accident ဖြစ်ပြီး Yeol အသက် 8နှစ်လောက်ကတည်းက ဆုံးသွားကြတာ...
အမှန်တော့ ဒါကလုပ်ကြံမှုပေါ့...
တရားခံက အန်တီ့သူငယ်ချင်းဖြစ်နေတယ်..
သူက Yeol အဖေကို ချစ်မိသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Yeol ကိုမိဘမဲ့ဖြစ်အောင်လုပ်လိုက်တယ်...
ဒါကြောင့် အန်တီ့ရဲ့တစ်ဦးတည်းသော တူလေးကို အန်တီကပဲ အန်တီ့သားအဖြစ်မွေးထားလိုက်တာ.."

💖Magical Love💖Where stories live. Discover now