💖53💖

364 38 8
                                    

Unicode....

ဧည့်ခန်းထဲမှာထိုင်နေတဲ့ YiXing နဲ့ Jun Myeon

"Appa. ... Omma. ..."

"ဟင်... သမီး Lu... ပြန်လာပြီလား"

"Nae omma
Omma တို့ကိုမိတ်ဆက်ပေးမလို့ပါ
Hun လာလေ"

Lu က Sehun ကိုလက်လေးဆွဲပြီး ဧည့်ခန်းထဲဝင်လာသည်...

"ဟင်... Sehun ပါလား
ထိုင်ကြလေ"

"Nae"

"Appa. .. Omma. .
အခု Lu ပြောမှာကိုနားထောင်ပေးပါနော်"

"အင်း... ပြောလေ သမီး"

"သမီးနဲ့ Sehun ကလေ အခုတွဲနေကြပါတယ်"

"Borr!!!"

"တွဲနေတာကြာပါပြီ.. appa တို့ omma တို့ကိုကြိုပြီးအသိမပေးမိတဲ့အတွက်တောင်းပန်ပါတယ်"

YiXing နဲ့ Suho ကဘာမှတော့ပြန်မပြောတော့...

"အစောကတည်းကပြောမလို့ပါပဲ..
ဒါပေမယ့် baek တို့ကိစ္စနည်းနည်းရှုပ်ထွေးမှုဖြစ်နေတာကြောင့်အသိပေးဖို့နောက်ကျသွားတာပါ"

"အင်း... ထားပါတော့
အခုသိပြီးပြီပဲ.. မောင်ရင် Sehun"

"Nae arjushi"

"မောင်ရင်က လုပ်ငန်းတွေမှာ အသက်အငယ်ဆုံးအောင်မြင်နေတဲ့ဘုရင်တပါးဆိုတာဦးသိထားပါတယ်.. ဦးတို့ကလည်း အခုဆိုလုပ်ဖော်ကိုင်ဖက်တွေဖြစ်နေပြီ"

"Nae"

"သားက လူကောင်းဆိုတာလည်းယုံကြည်ပါတယ်"

"Nae"

"သမီးလေး Lu ကိုတကယ်ချစ်တာလား"

"ဟုတ်ကဲ့ ဦးလေး
ကျွန်တော် Lu ကိုတကယ်ချစ်တာပါ
Lu ကိုကျွန်တော်စောင့်ရှောက်ကာကွယ်ပေးချင်ပါတယ်"

Sehun စကားကြောင့် YiXing ခေါင်းညိတ်ကာ..

"အင်း.. ကြားရတာဝမ်းသာပါတယ်
ဦးတို့ဘက်က သဘောမတူစရာအကြောင်းမရှိပါဘူး.. ပွင့်ပွင့်လင်းလင်းပြောရရင် ဦးလည်းမင်းကိုသဘောကျပါတယ်.. သမီးလေး Lu အပေါ်မှာ သစ္စာရှိရှိနဲ့ကာကွယ်စောင့်ရှောက်ပေးပါ"

YiXing စကားကြောင့် Lu ရော Sehun ရော ပျော်သွားသည်...

"ကျေးဇူးတင်ပါတယ်.. တကယ်ကျေးဇူးတင်ပါတယ်.. ကျွန်တော် Lu ကိုသေချာကာကွယ်စောင့်ရှောက်ပါ့မယ်...
Lu အပေါ်မှာလည်းသစ္စာရှိပါ့မယ်။ စိတ်ချပါခင်ဗျ"

💖Magical Love💖Where stories live. Discover now