အပိုင်း (၁၃) Part 1 - Zawgyi + Unicode

Start from the beginning
                                    

တဖြည်းဖြည်းနီးလာတဲ့ နေရာလောက်ရောက်တဲ့အချိန်မှာ သူမအတွေးထဲမှာ ကျန်ခဲ့တဲ့ အိမ်တော်ကလူတစ်ချို့ကို ပြန်သတိရမိသွားသေးတယ်။ နဲနဲလည်း ပင်ပန်းနေပြီဖြစ်တာမို့ သစ်ပင်ကောင်းတစ်ပင်အောက်ကိုအရောက်မှာပဲ မြင်းကိုရပ်ကာ ခနနားဖို့ ပြင်လိုက်တယ်။

ရန်ဖန်းကတော့ အရာအားလုံးကို စွန့်လွတ်ပြီး ထွက်သွားခဲ့တာ အရင်က ဒါဟာ မှန်ကန်တဲ့ရွေးချယ်မှုဟုတ်ရဲ့လားလို့တောင် သူမသံသယဖြစ်မိသေးတယ်။ အခုတော့ မြင်နေရတဲ့ ရှုခင်းတဆုံးကပဲ သူမရဲ့ သံသယတွေအကုန် ရှင်းသွားစေခဲ့ပြီ။

ဖိန်းထင်ရဲ့ ရွေးချယ်မှုကရောဘာလဲ? ပေ့မော့ကိုလာခဲ့တာတော့ အချည်းနှီးတော့ မဖြစ်ပါဘူး ဘာလို့ဆိုတော့ မြင်နေရတဲ့ ကောင်းကင်ပြာကြီးရယ် မြက်ခင်းစိမ်းလွင်ပြင်ကျယ်ကြီးက သက်သေပဲလေ။ ဒါမှမဟုတ် သူမက ဒီလိုနေရာမျိုးနဲ့ ပိုပြီးသင့်တော်တာများလား...ဒီလို ပွင့်လင်းရိုးသားပြီး ဟန်ဆောင်မှုကင်းတဲ့ မြောက်ပိုင်းဒေသလိုအရပ်မှာရှင်သန်သွားဖို့လေ။

တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းငယ်လေးရယ်၊ အံ့သြမှင်သက်စရာကောင်းတဲ့ တောင်တန်းအသွယ်သွယ်တွေလည်း အပါအ၀င်ပေါ့။

သူမမျက်လုံးတွေမှေးစင်းလျက်ပဲ နားနေနေတယ်....အနားကိုရောက်လာတဲ့ ခြေလှမ်းသံတစ်ချို့ကို မကြားခင် အချိန်ထိပေါ့။

တယောက်ယောက်လာတာလား? ဖိန်းထင် မျက်လုံးတွေ ဖွင့်ကြည့်ကြည့်လိုက်တယ်။ တခြားခရီးသွားတစ်ဦးက သူမလိုပဲ ရှုခင်းတွေကို မှင်သက်စွာကြည့်နေလေရဲ့။ သူ့ရဲ့လက်ထဲမှာတော့ မြင်းဇက်ကြိုးကို ဆွဲလျက်သား ရပ်နေတယ်။

သူ့ပုံစံက ပုခုံးကျယ်ကျယ်နဲ့ ခါးထက်မှာ ဓားတစ်လက်ချိတ်ကာ၊ ကျောထက်မှာတော့ လေးကိုဆွဲထားတယ်။ ကြည့်ရတာ သူ့အတွက် အရေးပါတဲ့ အရာတွေဖြစ်မယ့်ပုံပဲ။ သူ့မျက်နှာပေါ်က မုတ်ဆိတ်မွှေးတွေကြောင့် အသက်ကိုတော့ ခန့်မှန်းရအခက်ရယ် ဒါပေမယ့် သူ့မျက်လုံးတွေကတော့ တောက်ပနေတယ်။

အနားမှာ သူ့လိုပဲလူတစ်ယောက်ရှိသေးမှန်း သတိထားမိပြီး ကြည့်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကလေးမကိုလည်းတွေ့ရော နဲနဲတော့ အံ့သြတဲ့ဟန်ဖြစ်သွားတယ်။

Gu Fang Bu Zi ShangWhere stories live. Discover now