37

2.5K 251 17
                                    

စားသောက်ပြီးချိန် သန့်ရှင်းရေးလုပ်နေသည်ကို လိုက်နှောက်ယှက်နေသည့် ကိုကိုကလေးဆိုးကြီးကြောင့် Perthတယောက် လုပ်လက်စများကို အမြန်သိမ်းဆဲပြီး အိမ်ရှေ့ခန်းသို့ထွက်ခဲ့ရသည်။

Perthဆိုဖာပေါ်ထိုင်လိုက်သည်နှင့် နဘေးကကပ်ပါးကောင်လေးက ပုခုံးပေါ်မှီကာ ခါးကိုဖက်ထားပြန်သည်။

အချွဲပိုကာကပ်ထားတဲ့ ကိုကို့မျက်နှာလေးကို ငုံ့ကြည့်လိုက်ရင်း ပြုံးကြည့်လိုက်ရင်း
'ဖြစ်ချင်တာက အကြီး ခေါ်စေချင်တာ ကိုကို အခုကျတော့လဲ ကလေးပိစိလေးကျနေတာပဲ... ကပ်ထားလိုက်တာ ခွာမရတော့ဘူး'ဟု စိတ်ထဲမှာတွေးမိရင်း "ခွီး.."ခနဲအသံထွက်အောင်ပင် ရီလိုက်မိသည်။

ရီသံကြားတော့ ရင်ခွင်ထဲခေါင်းထိုးထားရမှ မော့ကြည့်မိတော့ ပြုံးဖြီးဖြီးနဲ့ ရီနေတဲ့ ကလေးကြောင့် မျက်စောင်းတချက်ထိုးလိုက်ကာ ကိုယ်ကိုမတ်ပြီး ထိုင်လိုက်သည်။

"ဘာရီနေတာလဲ... ပြော.."

"ဟင်.... ဘာမှမဟုပု... ဟီးဟီး..."

"ဘာဟီးဟီးလဲ... အဲ့လိုရီနေကတည်းက ကိုကို့အကြောင်းတခုခုတွေးနေလို့နေမှာပေါ့.... ဘာတွေမဟုတ်ကဟုတ်ကတွေးနေတာလဲ... ပြောစမ်း..."

နှုတ်ခမ်းလေးကို တတောင်လောက်ဆူကာ သူ့ကိုတရားခံစစ်သလို စစ်မေးနေတဲ့ကိုကို့ကို အူယားစွာကြည့်နေရင်းပင် ခေါင်းခါပြနေမိသည့်Perth။

စောစောက သူတွေးနေသည်များကို ပြောပြ၍မဖြစ်။ တော်ကြာစိတ်ဆိုးသွားကာ မနေ့ကမှရရှိထားတဲ့ တူတူအိပ်ဖို့ပါမစ်ပြန်သိမ်းခံရကာ ဧည့်ခန်း၌ပင်ခြင်တွေနှင့် နပန်းလုံးနေရလိမ့်မည်။

အတင်းလိုက်မေးနေတဲ့ ကလေးဆိုးကြီးကိုတော့ စိတ်ကျေနပ်အောင် အဖြေတခုခုတော့ပေးဖို့လိုသည်။

Perthလည်း ခေါင်းထဲရှိသမျှ ဥာဏ်နီဥာဏ်နက် ဥာဏ်ရောင်စုံတို့ကို ဖြစ်ညှစ်ထုတ်ရင်း နောက်ဆုံးလုပ်လိုက်သည်က Saintရင်ခွင်ထဲသို့ခေါင်းတိုးဝင်လိုက်ကာ

"ဟိုလေ.... စဉ်းစားနေတာ.... ကိုကိုကပန်းချီဆရာလေ...."

"အင့်လေ... အာ့အခုမှသိတာလား...."

My Soulmate (Complete)Where stories live. Discover now