15

2.1K 231 12
                                    

Singaporeနိုင်ငံရဲ့ လမ်းမထက်မှာ ကျောပိုးအိတ်လေးနှင့် ကောင်လေးတယောက် လမ်းလျှောက်သွားနေသည်။ သူ့လက်ထဲမှာက ပန်းချီဆွဲဖို့ ပစ္စည်းအစုံအလင်နှင့် ဦးတည်ရာခြေလှမ်းများက Santosa aeraသို့။

Saintတယောက် စင်္ကာပူကိုရောက်တာ တလကျော်ခန့် ရှိနေပြီဖြစ်သည်။ ချစ်သူနားမှာနေချင်လို့သာ အရာရာကိုစွန့်လွှတ်ပြီးလိုက်လာခဲ့ပေမဲ့ တကယ်တမ်းကျတော့ ဒီနိုင်ငံမှာ လူပိုကြီးတယောက်လို ခံစားနေရသည်။ Ployက သူ့မိသားစုအရေးကိစ္စ companyကိစ္စများနှင့်အလုပ်ရှုပ်နေတာကြောင့် တပတ်နေလို့မှ တကြိမ်တွေ့ရဖို့ မနည်းကြိုးစားအချိန်ယူနေရသည်လေ။

Saintကတော့ဘာအလုပ်မှမရှိ တနေ့တနေ့ Ployပေးထားတဲ့ တိုက်ခန်းမှာ နေရင်နေ မနေချင်ရင် အပြင်ထွက်လည် ပန်းချီဆွဲ။ ဒီလိုမျိုးနှင့်သာ အချိန်ကုန်နေရတာကြောင့် ကြာတော့ ကိုယ့်ကိုကိုယ်စိတ်ပျက်အားငယ်လာမိသည်။

ပိုဆိုးသည်က Ployက အလုပ်နှင့်ပက်သက်သည့် ပွဲများ Partyများသွားလို့ Saintကို ခေါ်သွားလျှင် သူ့ရဲ့ချစ်သူတယောက်အနေနဲ့ မိတ်ဆက်မပေးဘဲ သူငယ်ချင်းအနေနဲ့သာ မိတ်ဆက်ပေးတာတွေကြောင့် စိတ်ထဲမှာ ခံရခက်သည်။ Ployတွက် သူက ဝန်ထုတ်ဝန်ပိုးဖြစ်နေတာလားဟု တခါတခါတွေးနေမိသည်။ ချစ်ရသူနားမှာရှိနေရတာ ပျော်ပေမဲ့ ကိုယ့်ကြောင့်သူတာဝန်တခုပိုနေရင်လဲ ဒီအချစ်ခရီးလမ်းက မပျော်ရွှင်နိုင်ဘူးမဟုတ်ပါလား။

Perthအခုဆိုရင် ဆေးရုံကဆင်းပြီး ကျောင်းပြန်တက်နေနိုင်ပြီဖြစ်သည်။ P' Saintကို လွမ်းတာမှအပ ကျန်တဲ့ ရောဂါတွေမရှိ။ လွမ်းတဲ့ဒဏ်ကသာ တဖြေးဖြေးချင်း နှလုံးသားကို တတိတိတိုက်စားနေသည်လေ။

အရင်က P' Saintမျက်နှာ မြင်လိုက်ရုံနဲ့ ရင်ခုန်မိတာ P' Siantကို မြင်ချင်တွေ့ချင်တာ P' Saintနားနေချင်တဲ့စိတ်တွေက ဘာမှန်းမသိခဲ့ပေမဲ့ အခုအချိန်မှာ သူရှင်းရှင်းလင်းလင်း သိနေပြီ။ P' Saintက သူဟိုးအရင်ဘဝထဲက ချစ်ခဲ့ရတဲ့ Pete။ တယောက်နဲ့တယောက်အရမ်းကိုချစ်ပြီး အေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်ထားတဲ့ လူသား၂ယောက်ဟာ ကံကြမ္မာဆိုးတခုကြောင့် သေကွဲကွဲခဲ့ရသည်။ ထိုမြင်ကွင်းတို့က သူမျက်လုံးမှိတ်လိုက်တိုင်း ပြန်မြင်ယောင်နေတာကြောင့် ချစ်တဲ့သူကိုဆုံးရှုံးရတဲ့ ခံစားချက်ကြီးက Perthနှလုံးသားကို ဓားနဲ့ အစိမ်းလိုက်ခွဲနေသလို ခံစားနေရသည်။

My Soulmate (Complete)Where stories live. Discover now