20

1.9K 247 11
                                    

"Hello!.... P' ကျွန်တော်လာခဲ့ရတော့မလား အတန်းလဲပြီးသွားပြီ"

"အင်း..... လာခဲ့လေPerth.... P'ပန်းချီခန်းထဲမှာရှိနေတယ်..."

ဖုန်းစပီကာပေါက်ကနေ ကြားလိုက်ရတဲ့ P'ရဲ့အသံလေးက ချိုချိုစူးစူးလေးနဲ့ ချစ်စရာကောင်းနေတာကြောင့် ဖုန်းလေးကို နားနားမှာကပ်ထားရင်း မျက်လုံးပေါက်လေးတွေ ပိတ်သွားတဲ့အထိ နှစ်နှစ်ချိုက်ချိုက်ပြုံးလိုက်မိသည်။

Saintစောင့်နေတယ်ဆိုတာကြောင့် အချိန်ထပ်မဆွဲတော့ဘဲ လွယ်အိတ်ကိုကောက်ယူကာ Artဌာနရဲ့ ပန်းချီခန်းဆီသို့ ဦးတည်ပြီးသွားလိုက်သည်။

ပန်းချီခန်းထဲ၌ တခြားဘယ်သူမှမရှိဘဲ Saintတယောက်ထဲသာ ပန်းချီဆွဲဖို့ဆေးတွေကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေလေသည်။ အခန်းဝမှာ Perthရောက်လာတာကိုသတိမပြုမိသေးသလို Perthကလဲအသံမပေးသေးဘဲ Saintရဲ့ လှုပ်ရှားမှုလေးတွေကို တိတ်တဆိတ်ငေးကြည့်နေမိသည်။

ထို့နောက် Saintကိုအသံပေးလိုက်ပြီး အခန်းထဲသို့ လှမ်းဝင်သွားလိုက်သည်။
"P'.... ကျွန်တော်ရောက်ပါပြီ"

"Awww.... Perth ရောက်လာပြီလား..... ဒီမှာထိုင်ဦး P'ဆွဲဖို့ပြင်ဆင်လိုက်ဦးမယ်.... အစာပြေရော စားလာခဲ့ပြီးပြီလား..... ပုံတူကူးဆွဲမှာဆိုတော့ နဲနဲလေးကြာမယ်.... မစားရသေးရင်P'မှာ မုန့်နဲနဲရှိတယ်.... စားမလား"

သူထိုင်ဖို့ ခုံလေးကိုအရှေ့မှာချပေးပြီး လုပ်စရာရှိတာလုပ်ရင်း သူ့ကိုမကြည့်ဘဲ စကားတလတ်စပ်ပြောနေတဲ့ သက်ရှိကြွေရုပ်လေးကို ကြည့်ရင်း Perthပါးစပ်ကိုစိကာ ကျိတ်ပြုံးလိုက်မိသည်။

ထိုစဉ် ရုတ်တရက်Saintမော့ကြည့်လာတာကြောင့် မျက်နှာပိုးအမြန်သတ်ကာ "ရပါတယ်P' Saintရဲ့..... ကျွန်တော်ဗိုက်မဆာပါဘူး.... ကြာလဲရတယ် ကိစ္စမရှိဘူး"

"အင်းပါ.... အဲ့ဒါဆိုလဲပြီးရော P'တို့ ပုံစဆွဲလိုက်ရအောင်.... Perthက ဒီစားပွဲလေးမှာ မှီထိုင်သလိုလေးနေပေးနော် P'ကကိုယ်တပိုင်းပုံပဲဆွဲမှာ..... ပြီးတော့လေ necktieလေး လျော့တိလျော့ရဲလေးဖြစ်အောင် ချွတ်ပေးပါလား....."

"krab....?"

"အော်... necktieလေး ဖြည်ပေးလို့ပြောတာ.... P'က sexyဆန်ပြီး handsomeဖြစ်တဲ့ပုံလေးဆွဲချင်တာလေ"

My Soulmate (Complete)Where stories live. Discover now