35

2.1K 285 16
                                    

ပြတင်းတံခါးကြားက ကျူးကျော်ဝင်ရောက်လာတဲ့ မနက်ခင်းအလင်းရောင် မှုံဖျဖျနဲ့အတူ တစုံတခုက ခါးကိုရစ်ပတ်ဖက်တွယ်ထားတယ်ဟူတဲ့ အသိကြောင့်  မျက်လွှာတို့ကို တဖြည်းဖြည်း ဖွင့်ကြည့်လိုက်မိသည်။

နံဘေးတဖက်မှာ နေရာယူထားတဲ့  အသစ်စက်စက်ချစ်သူလေးကတော့ ကလေးလေးတယောက်ပမာ နှစ်ချိုက်စွာ အိပ်ပျော်နေဆဲ။

မြတ်နိုးရတဲ့မျက်နှာလေးကို ကြည်နူးစွာ ငေးကြည့်နေမိရင်း မျက်ရည်လေးတွေဝဲလာမိသည့် Saint။ 

သူ့တွက်အရာရာကို ပေးဆပ်ပြီး ချစ်နေပေးတဲ့ Perthဆိုတဲ့အမျိုးသားလေးအပေါ်မှာ ချစ်စိတ်တို့က အတိုင်းအဆမရှိမြင့်တက်လာတာကို ခံစားနေရသည်။

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေက အသွားအပြန်ရှိလေတာကြောင့် သူ့အပေါ်ထားတဲ့  Perthရဲ့ အချစ်တွေလောက်ပြန်မချစ်ပြနိုင်ရင်တောင် သူ့ထပ်မလျော့တဲ့ ချစ်ခြင်းမေတ္တာတွေကိုသာ perthအပေါ်ပေးချင်သည်။

အိပ်ပျော်နေတဲ့ perthမနိုးအောင် ခါးကိုဖက်ထားတဲ့လက်ကို ဖယ်လိုက်ကာ အိပ်ယာပေါ်မှ အသာအယာလေး ထလိုက်သည်။ သူ့လှုပ်ရှားမှုကြောင့် လူးလွန့်သွားတဲ့ Perthတယောက် နိုးများသွားပြီလားဟု လန့်သွားကာ ချက်ချင်းမထသွားဘဲ ပြန်လှည့်ကြည့်မိတော့ အိပ်နေဆဲဖြစ်တာကြောင့် နှစ်ခြိုက်စွာပြုံးလိုက်ပြီး နှာဖူးလေးကို နှုတ်ခမ်းလေးနဲ့ ဖိကပ်ကာ အနမ်းတပွင့်ခြွေချပေးခဲ့ပြီး အိပ်ခန်းအပြင်သို့ထွက်လာခဲ့သည်။

ထို့နောက်sketchbookတအုပ်နှင့်အတူ ပုံဆွဲရန် လိုအပ်တဲ့ ခဲတံခဲဖျက်တို့ကိုယူကာ အိပ်ခန်းထဲ ပြန်ဝင်လာခဲ့သည်။  ခုတင်ဘေး စာရေးစားပွဲခုံရှိ ထိုင်ခုံကို ခုတင်နားသို့ဆွဲယူထိုင်လိုက်ကာ ချစ်သူကောင်လေးရဲ့ အိပ်နေတဲ့ပုံလေးကို ပုံတူလေးပန်းချီကားလေးတခုအဖြစ် ကူးယူဆွဲနေမိသည်။

တိုးတက်နေတဲ့ ခေတ်ကာလတခုမှာ ဖုန်းနှင့်အလွယ်တကူ ဓာတ်ပုံရိုက်ယူထားလို့ရပေမဲ့ Saintကတော့ ပုံတူရေးဆွဲခြင်းဖြင့်သာ ချစ်သူရဲ့ပုံရိပ်တို့ကို သိမ်းဆည်းထားချင်မိသည်။

ခဲတံခြစ်ချက် စုပ်ချက်တချက်စီတိုင်းမှာ သူ့ကိုချစ်တဲ့ချစ်ခြင်းတရားတွေကို ခံစားစေချင်တာကြောင့် အပင်ပန်းခံကာ ကိုယ်တိုင်ပဲ ရေးဆွဲချင်သည်။

My Soulmate (Complete)Where stories live. Discover now