6

2.1K 254 8
                                    

ကျောင်းရောက်တော့ Saintကားပေါ်ကအမြန်ဆင်းလာပြီး ဘေးဘက်Lover seatနေရာကို သွားကာ တံခါးသွားဖွင့်ပေးပြီး လက်ကိုကမ်းပေးလိုက်သည်။ ဒီနေ့Ployက သူအလုပ်လုပ်တဲ့ကျောင်းကိုလိုက်ကြည့်ချင်တယ်ဆိုလို့ ခေါ်လာပေးခြင်းဖြစ်သည်။

Perth P' Saintကားပေါ်ကဆင်းလာတာကို ကြည့်ရင်း ဘေးကလူတယောက်ပါလာတာမြင်တော့ ဆက်ကြည့်နေမိသည်။
ကားပေါ်ကဆင်းလာသည်က အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်နှင့် Smartကျပြီး လှပတဲ့ မိန်းကလေးတယောက်။ Saintလက်ကို ထိုကောင်မလေးက လှမ်းကိုင်ကာ ထွက်လာတော့ Saintနှစ်နှစ်ချိုက်ချိုက်ပြုံးပြကာ တံခါးကိုပြန်ပိတ်လိုက်သည်။

Saintရဲ့ပြုံးလိုက်တဲ့ ပုံလေးကိုမြင်လိုက်ရတဲ့ Perthကတော့ ကမ္ဘာကြီးနှင့်အဆက်သွယ်ပျက်ကာ လေဟာနယ်ထဲရောက်သွားသလို ဖြစ်သွားသည်။ Saintကို လိုက်ကြည့်နေတဲ့ Perthတယောက် ကောင်မလေးနှင့်လက်ချင်းချိတ်ကာ တွေ့လိုက်ရတော့ ဘာလုပ်လိုက်မှန်းမသိခင်မှာပဲ ထိုင်နေရာမှ ဝုန်းကနဲထရပ်ကာ တဖက်ကားလမ်းကိုပြေးသွားမိလိုက်သည်။

သူသတိထားမိလိုက်သည့်အချိန်မှာတော့ သူရောက်နေသည်က P' Saintနှင့် ထိုကောင်မလေးတို့ရဲ့ အရှေ့တည့်တည့်။ သူကြောင်ကာ မျက်မှောင်ကျုတ်၍ ရပ်ကြည့်နေမိတာကြောင့် Saintနှင့် သူ့ဘေးက ကောင်မလေးကလဲ Perthကို စူးစမ်းသလို ပြန်ကြည့်နေကြသည်။

Perthခေါင်းတချက်ကုတ်လိုက်ကာ ယောင်တောင်တောင်နှင့် နောက်ပြန်လှည့်ပြီး ထိုနေရာမှထွက်လာခဲ့လိုက်သည်။ ရင်ထဲမှာတော့ အမျိုးအမည်မသိတဲ့ ခံစားချက်ပေါင်းများစွာနှင့်။

Saintလဲ ရုတ်တရက်ကြီးရှေ့ကိုဝုန်းကနဲရောက်လာကာ သူ့ကိုစိုက်ကြည့်နေသော ကောင်လေးကြောင့် ကြောင်တောင်တောင်ဖြစ်သွားမိသည်။ Ployကိုကြည့်နေသည်ဆိုရင်လဲ ဘာကြည့်တာလဲဟု မေးလို့ရသေးသည်။ အခုကြည့်နေတာက သူ့ကိုဖြစ်နေတာကြောင့် ဘာမှပြန်မပြောမိဘဲ သေချာသာပြန်စိုက်ကြည့်နေမိသည်။ ဘေးက Ployကိုကြည့်လိုက်မိတော့လဲ သူ့လိုပင် ထိုကောင်လေးကို တအံ့တသြကြည့်နေသည်လေ။

Saintမေးမလို့ ပါးစပ်ပြင်လိုက်ရုံရှိသေးသည် ထိုကောင်လေးက ခေါင်းကုတ်ကာ ပြန်လှည့်ထွက်သွားတာကြောင့် Ployနှင့်တယောက်ကိုတယောက်ကြည့်ကာ ရီလိုက်မိသည်။ ထို့နောက် Ployကိုခေါ်ကာ ပန်းချီဌာနထဲသို့ဝင်လာခဲ့လိုက်သည်။

My Soulmate (Complete)Where stories live. Discover now