အပိုင်း (နှစ်ဆယ်) ( ဇာတ်သိမ်းပိုင်း)(Zaw+Uni)

Start from the beginning
                                    

ကြည်တောက်တောက် မျက်ဝန်းလေးတွေက သူ့အား ချစ်ခြင်းအပြည့်ဖြင့် ငေးကြည့်လာသည် ။

နဖူးပြင်ထက် ခပ်ဖွဖွနမ်းလိုက်ရင်း....

" ချစ်တယ် ''

နှုတ်ခမ်းစုလုံးလုံးလေးတွေ ပြုံးသည် ။

" ချစ်တယ် ငယ် ''

မျက်နှာလေးတွေရဲကာ ထပ်မံပြုံးသည် ။ သို့သော် အကြည့်မလွှဲသွား ။

" ကိုယ့်ကိုလက်ထပ်ပါ ကလေးငယ် ''

အပြုံးလေးတွေ ပျောက်ကွယ်လို့ မျက်ဝန်းငယ်တွေက ဝိုင်းစက်သွားသည် ။ တဖြေးဖြေးအရည်ကြည်တွေက မျက်ဝန်းအိမ်ထဲ လဲ့လာသည် ။

" အစ်ကို ''

ရင်ခွင်ထဲ တိုးဝင်လာသော ငယ့်ကြောင့် ရီရှင်းကျေနပ်စွာပြုံးလိုက်မိသည် ။

ကလေးငယ်၏ မျက်ရည်တွေသည် ဘာအတွက်ကျလဲ သူသိနေလေပြီလေ ။

" သိပ်ချစ်တယ် အစ်ကို ''

" အစ်ကို့ကို လက်ထပ်ပါ ကလေးငယ် ''

ထိုင်နေတဲ့ ခုံတန်းလေးပေါ်က ဆင်းကာ ကလေးငယ်ရှေ့ ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်သည် ။

ဘောင်းဘီအိပ်ကပ်ထဲမှ လက်ထပ်ဘူးလေးဖွင့်ကာ လက်ထပ်ခွင့်ထပ်မံတောင်းခံတော့ ဖြေးညှင်းစွာ ခေါင်းလေးအားငြိမ့်ပြသည် ။

လက်စွပ်ငွေရောင်လေးပေါ်၌ XH စာလုံးပါသော လက်စွပ်လေးက လက်ဖောင်းဖောင်းအိအိလေး၏ လက်သူကြွယ်၌ နေရာယူသွားလေသည် ။

ထိုလက်ဖောင်းဖောင်းလေးအား တစ်ချက်နမ်းရှိုက်မိတော့ လက်ကလေးတွေက သူ့မျက်နှာအား ထိကပ်လာသည် ။

ဖြေးညှင်းစွာဆွဲယူခံရခြင်းနောက် နဖူးပြင်ထက်နှုတ်ခမ်းဖူးဖူးလေးကနေရာယူသွားသည် ။

ခါးသွယ်သွယ်ကို ယှက်ကာဖက်လို့ ရင်ခွင်ထဲထွေးပွေ့လိုက်သည် ။

မြတ်နိုးရာ...သူWhere stories live. Discover now