အပိုင်း - ၂၈ : Twin Flame

1.1K 187 3
                                    

လူတစ်ယောက်နှင့်တစ်ယောက် နားလည်နိုင်သည်၊ လူတစ်ယောက်နှင့်တစ်ယောက်က အရင်းနှီးဆုံး၊ တစ်ယောက်ကိုတစ်ယောက် ချစ်သည်ဆိုသည့် ကိစ္စရပ်တွင် လူတို့က၅၂၈ မေတ္တာနှင့် ၁၅၀၀ ကိလေသာတဏှာချစ်ခြင်းဟူသည့် ခေါင်းစဉ်အောက်တွင်ထည့်ကာ လူတို့သည် သတ်မှတ်တတ်ကြသည်။ ဒါဆို ခွေးလေးတွေကြောင်လေးတွေကို ချစ်သည်ဆိုလျှင် မေတ္တာတရားဟူသည် သေချာပါရဲ့လား။ သို့တည်းမဟုတ် သဘာဝတရားကို မြတ်နိုးခြင်းသည်ရော။

ချစ်မြတ်နိုးခြင်းသည်၊ ချစ်မြတ်နိုးခြင်းသာ ဖြစ်သည်။ အဖြူလည်းမဟုတ်အမည်းလည်းမဟုတ် မေတ္တာလည်းမဟုတ် တပ်မက်ချစ်ခြင်းလည်းမဟုတ်။ ထိုသူကို အလုံးစုံနားလည်ခြင်းနှင့် ထိုသူနှင့် အတူရှိနေရလျှင် မိမိတစ်ယောက်တည်းနေသည့် အချိန်တွင်ရှိသည့် သက်တောင့်သက်သာမှုရှိခြင်းမျိုးတွင် လူတို့သည် မည်သည့်ခေါင်းစဉ်အောက် ထည့်ချင်ပါသနည်း။

Singto သူ့ကို ခေါင်းစဉ်တစ်ခုပေးရန် လက်ပိုက်ကြည့်နေသည့် သူငယ်ချင်းနှစ်ယောက်ကိုကြည့်သည်။ လူနှစ်ယောက်၏ ပတ်သက်ဆက်နွယ်မှုနှင့်ပတ်သက်လာလျှင် မိမိတို့လိုချင်သည့် ခေါင်းစဉ်အောက်သို့ အတင်းဆွဲထည့်ရန် လူတို့သည် အဘယ်ကြောင့် အားသန်လွန်းနေရတာလဲ။

"ငါတို့က ဒီတိုင်းပဲ... ဘာမှ ထူးခြားပြောင်းလဲသွားတာမရှိဘူး..."

Off နှင့် New မျက်ခုံးတို့တွန့်ချိုးသွားသည်ကို ကြည့်ပြီး Singto ဟက်ခနဲရယ်သည်။ သူ့လက်ထဲတွင်တော့ အပြင်းစားအရက်တစ်မျိုးထည့်ထားသည့် ခွက်ငယ်တစ်ခုရှိနေ၏။ Bar Counter တွင် လက်ထောက်ပြီး သူ Stage စင်ပေါ်သို့ ကြည့်သည်။ ဘာရယ်မဟုတ် ကျောင်းတုန်းက သူတို့လာဖူးသည်ကို ပြန်သတိရသွားကာ သူပြုံးဖြစ်၏။

"ဘာလို့ ခေါင်းစဉ်တစ်ခုအောက် အတင်းထည့်စေချင်နေတာလဲ..."

သူ့နှုတ်ခမ်းနားတွင် ခွက်ကိုတေ့ပြီး တေမိလုပ်နေသူ သူငယ်ချင်းနှစ်ယောက်ကိုကြည့်သည်။ New သည် အလျင်စကားစ၏။

"မင်းတို့ရဲ့ တစ်ယောက်ကိုတစ်ယောက် အရမ်းအလိုက်အထိုက်နေနိုင်မှုက တခြားသူတွေနဲ့မတူဘူးလေ... ဘာလဲ သူငယ်ချင်းတွေကိုတောင် မင်းက မသွားခင် မပြောပြသွားနိုင်ဘူးလား..."

Unleash(fanfic)Where stories live. Discover now