အပိုင်း - ၁၃ : နေရောင်ခြည်ရဲ့အလင်းက အမှောင်မိုက်ဆုံးနေရာထိ ဝင်ရောက်နိုင်တယ်

1.5K 263 22
                                    

သူ ရေအောက်ထဲရောက်နေသလိုပဲ။ ရေခဲချပ်တွေရှိနေတဲ့ ပင်လယ်ပြင်တစ်ခုအောက်။ အသက်ရှူမဝဘူး။ သူ အသက်ရှူကြည့်ချင်တယ်။ သူ့အသက်ရှူမှုကြောင့် ရေအောက်ထဲမှာမို့ ပူစီပေါင်းတွေ ထသွားလေရဲ့။ အမြဲတမ်းရေအောက်ထဲမှာ မျက်လုံးမှိတ်ထားရာကနေ သူ မျက်လုံးဖွင့်ကြည့်ကြည့်တယ်။ နေရောင်... နေရောင်ခြည်က ရေပြင်ကို ဖြတ်ပြီး သူ့မျက်နှာပေါ်ကို ကျလာတယ်။ အာ သူ ဒီနေရောင်ကို ဖမ်းဆုတ်ချင်တယ်။

"P' Singto..."

သူ့ဘေးမှ အသံကြောင့် Singto ကျောင်းခုံတန်းလျားတစ်ခုတွင် နေ့ခင်းဘက် သီချင်းနားထောင်ရင်း ငိုက်မြည်းနေရာမှ မျက်လုံးများဖွင့်ကာ အသံပိုင်ရှင်ကိုကြည့်တော့ သူ့ကိုရပ်ကြည့်နေသည့် Krist...

"မင်း ဘာလာလုပ်တာလဲ..."

Krist သူ့ကို မကြည်သလိုပြောလာသည့် Singto ကို မျက်မှောင်ကြုတ်ကာပြန်ကြည့်သည်။ ဒီလူဟာ သူတို့နှစ်ယောက်အကြားမှာ လျှို့ဝှက်ချက်သေးသေးလေးတစ်ခုထားပြီး နောက်ရက်များတွင် သူ့ကို မသိသလို နေပြန်ပါရောလား။ ထိုသူသည် ကောင်လေးများကို ကြိုးရှည်ရှည်ဖြင့် လှန်သည့် မိန်းကလေးကျနေတာပါပဲ။

"P' တစ်ယောက်တည်း ဒီမှာထိုင်နေတာတွေ့လို့..."

တကယ်လည်း သူ စာကြည့်တိုက်တွင် စာမေးပွဲအတွက်လိုအပ်သည့် မေးခွန်းဟောင်းများကို သွားရှာဖွေပြီးပြန်အလာတွင် အနီးရှိခုံတန်းလျားတစ်ခုတွင် Headphone တပ်ကာ ငိုက်မြည်းနေသည့် Singto ကိုတွေ့ခြင်း။ သူ့မျက်လုံးများက အမြဲထိုသူရှိတတ်သည့် နေရာကို ရှာတွေ့နိုင်လွန်းသည်ဆိုသည်ကိုတော့ သူ အသိအမှတ်ပြုရလိမ့်မည်။

"ငါ New တို့ကိုစောင့်နေတာ..."

"သြော်... သူတို့ကို ကျွန်တော် စာကြည့်တိုက်ထဲမှာ တွေ့ခဲ့တယ်... ထူးထူးဆန်းဆန်း P' က သူတို့နဲ့ ပါမလာပါလားတောင်တွေးမိသေးတယ်..."

ဘာကြောင့်သူတို့နှစ်ယောက် ယခုလို စကားစမြည်းပြောနေမိကြမှန်း သူတို့လည်းမသိ။ ပုံမှန်အားဖြင့်ဆိုလျှင် Singto သည် သူ့ထက်အငယ်တစ်ယောက်နှင့် ထိုသို့ပြောမည့်သူမဟုတ်။ သို့သော်လည်း သူသည် ယခု ထိုကောင်လေးနှင့် စကားပြောနေသည်။ Hazing နှင့်မသက်ဆိုင်သော၊ ကျောင်းဖြင့်မသက်ဆိုင်သော ကိစ္စတို့ကို သူတို့ပြောနေပြီ။ ဒါ သူတို့အကြားတွင် သူတို့နှစ်ဦးသာ သိသည့် လျှို့ဝှက်ချက်လေးတစ်ခုရှိသွားလို့လား။

Unleash(fanfic)Where stories live. Discover now