အပိုင်း - ၁၆ : သူ့ BFF က သူ့ကို ဂရုစိုက်ပေးပါဆိုပြီး ငါ့ဆီ လာပြောတယ်...

1.4K 270 30
                                    

"မင်းနဲ့ အဲ့ဒီ Nong လေးနဲ့က တော်တော်ရင်းနှီးလား..."

Off ၏ မေးခွန်းကြောင့် Assignment ရိုက်နေသည့် Singto ၏ လက်တို့က တုံ့ခနဲရပ်သွားသလို New သည်လည်း ကြက်တူရွေးနှုတ်သီးကို သွားကိုင်နေရာမှ တခွိခွိ ရယ်လေတော့သည်။ Singto သူ့ကို မေးလာသည့် New ကို မျက်လုံးရွေ့ကြည့်တော့ သူ့ကို မေးသင့်မမေးသင့် စဉ်းစားနေပုံဖြင့် ကြည့်နေသည့် Off။ သူ Off ၏ ထူးဆန်းထွေလာ အမူအရာကြောင့် မမေးခင်ကတည်းက ပြောချင်နေမည့် New ဘက်သို့ ခေါင်းလှည့်ကြည့်သည်။ သူ့ကြက်တူရွေးလှောင်အိမ်က သူ့အခန်း၏ အနောက်တွင်ကိုး။

"သူက မင်းကို အဲ့ Nong လေးက ကြိုက်နေတယ်ထင်နေတာ... သူ့ကို အဲ့ကောင်လေးရဲ့ သူငယ်ချင်းက ကြိုက်နေလို့လေ... ပြောပြလိုက်စမ်းပါ မင်းတို့နှစ်ယောက် တွဲနေတဲ့အကြောင်း..."

ရယ်ကြဲကြဲဖြင့် New လှမ်းပြောတော့ Off သည် Singto ခုတင်ပေါ်တွင် ထိုင်နေရင်းဖြင့် New ကို မျက်စောင်းလှမ်းထိုးသည်။ Singto သူ့သူငယ်ချင်း ငမွှေနှစ်ကောင်နှင့်ပတ်သက်ပြီး သူ ထွေထွေထူးထူး သိပ်စဉ်းစားမနေ။ စာရိုက်စရာရှိသည်ကို ပြန်ရိုက်ရင်း...

"သူ့သူငယ်ချင်းက အဲ့လို ကြိုက်တတ်တဲ့သူဖြစ်တာနဲ့ပဲ သူက အဲ့လိုဖြစ်ရရောလား..."

သူ့မေးခွန်းကြောင့် Off က နဝေတိမ်တောင်နှင့်...

"မင်းကိုကြိုက်နေတာ မဟုတ်ဘဲနဲ့အဲ့ကောင်လေးက ဘာလို့ မင်းကို အရမ်းတွေ ဂရုစိုက်ပြနေရတာလဲ..."

Off ၏ စကားကြောင့် Singto စာရိုက်ခြင်းကို ပြန်ရပ်ကာ ကွန်ပျူတာနှင့်မျက်နှာချင်းဆိုင် ထိုင်နေရာမှ သူ့ခုတင်တွင်ထိုင်နေသည့် Off ဘက်သို့လှည့်၏။

"ငါ အရင်ဆုံးမေးပါဦးမယ်..."

သူ့စကားကြောင့် Off မျက်နှာသေလေးဖြင့် သူ့ကိုကြည့်သည်။

"ပထမဆုံး မင်းတို့နှစ်ယောက်က ဘာကိစ္စနဲ့ ငါ့အခန်းထဲကို ရောက်နေကြပြန်တာလဲ... ဒုတိယ... Assignment က ငါတစ်ယောက်တည်း ဘာလို့လုပ်နေရတာလဲ..."

"ဟီးဟီး ငါ မနှောင့်ယှက်တော့ဘူး... ငါ မင်းငှက်ကိုပဲ အစာကျွေးကူတော့မယ်..."

Unleash(fanfic)Onde histórias criam vida. Descubra agora