ဆရာ အိုပြီ (၇)

2.2K 388 7
                                    

အမှောင်​ထဲမှာ ငါ အတိတ်​တုန်းက အကြောင်းအရာတွေကို အိပ်​မက်​မက်​နေမိတယ်။
အကုန်​လုံးက ချင်းဟန်​ အကြောင်းတွေချည်းပဲ။ တကယ်​တော့လေ... ငါသာ သူ့ကို ဆက်​တွေ့နေ မြင်​နေခွင့်​ရမဟ်​ဆိုရင်​ ထာဝရဆိုလည်း အိပ်​မက်​ထဲမှာ ငါ ဆက်​နေချင်​ပါတယ်​...
ငါ အမှုပါဘူး။

အတိတ်​တစ်​ချိန်​ကို အိပ်​မက်​တွေ ဆက်​ကာ ဆက်​ကာ ပြန်​မက်​နေမိတယ်။ ကြာလာတော့ တကယ်​လိုလိုတောင်​ ဖြစ်​လာကိုး။ တစ်​စုံတစ်​ယောက်​ ငါ့လက်​ကို ကိုင်​ထားကာ ငါ့ဘေးနားမှာ ထိုင်​ရင်း ငါ့ကို တကျော်​ကျော်​ခေါ်နေသလိုတောင်​ ငါ ထင်​မိလာတယ်။ "ဆရာ..." တဲ့လေ။
ခေါ်သံမှာ နောင်​တတွေ၊ ကြေကွဲမှုတွေ၊ သောကတွေ အပြည့်​နဲ့...

ရက်​ပေါင်းများစွာ အိပ်​ပျော်​နေပြီးတဲ့နောက်​ ငါ တဖြည်းဖြည်းနဲ့ ပြန်​သတိရလာတယ်။ ငါ မျက်​လုံးဖွင့်​လိုက်​တာနဲ့၊ အပြင်​ဘက်​က ဝင်​လာတဲ့ အသံတွေကို ကြားလိုက်​ရတယ်။ "မိစ္ဆာဘုရင်​ တစ်​ယောက်​အနေနဲ့... မိစ္ဆာချောက်​နက်​ကနေတောင်​ ပြန်​တက်​လာနိုင်​ပြီး သုံးလောကမှာ ခြေပြန်​ချနိုင်​ခဲ့တာပဲ... ဘုရင်​တစ်​ပါးရဲ့ တာဝန်​ကို ယူပေးရမှာပေါ့... ရှင်​ ကျမကို လက်​ထပ်​ပြီး ကျမတို့ရဲ့ မိစ္ဆာမျိုးနွယ်​ကို အမြင့်​ဆုံးနေရာရောက်​အောင်​ လုပ်​ပေးရမယ်​... ကျမတို့ရဲ့ နယ်​မြေကို ပြန်​ရေအောင်​ ယူရမယ်​... နှစ်​ပေါင်းများစွာ ကောင်းကင်​လောကသား အမျိုးယုတ်​တွေ ချိုးနှိမ်​ထားခဲ့တဲ့ ကျမတို့ရဲ့ မိစ္ဆာချီစွမ်းအားတွေ ပြန်​လည်​ အုံကြွနိုင်​အောင်​ လုပ်​ပေးသင့်​တယ်​... ဒါကိုတောင်​ ရှင်​က ဘာမှ အသိပေးခြင်းမရှိ ထွက်​သွားပြီး ဒီတောင်​ပေါ်မှာ လာနေတယ်​... ပြီးတော့ သေခါနီး ခြေတစ်​လှမ်းဘဲလိုတော့တဲ့ နတ်​ဒေဝါကို လာ အဖော်​ပြုပေးနေတယ်​ပေါ့လေ...!"

အသံကို ကြားရသလောက်​ နတ်​မိမယ်​ သခင်​မ ပြန်​ရောက်​လာတယ်​ဆိုတာ ငါသိလိုက်​ရတယ်။
ဒီတစ်​ခါတော့ သူ ဘာမှ ပြဿနာရှာ ရမ်းကားမနေတော့ဘူး။ ငါလည်း မျက်​လုံးအသာမှိတ်​လိုက်​ပြီး အိပ်​ရာထဲ ပြန်​လှဲနေလိုက်​တယ်​။ ဒီကိစ္စကို မသိချင်​ယောင်​ဆောင်​နေလိုက်​တော့ မလို့ဘဲ...

ဆရာ ဝတ္ထုတိုများ (ဆရာ အိုပြီ)Where stories live. Discover now