ဆရာ အိုပြီ (၅)

2.4K 398 16
                                    

ချင်းဟန်​ ငါ့တပည့်​ မဖြစ်​လေးခင်​မှာ ရန်​သူတွေ ရှိခဲ့တာကို ငါ မှတ်​မိသေးတယ်​။ အဲ့ဒီ့ရန်​သူတွေက သူ့ကို မြူတောင်​ပေါ်ရောက်​တဲ့ထိ နောက်​က လိုက်​ဖမ်းနေခဲ့တာ။
ဒါပေမယ့်​ ဒီကိစ္စကို ငါ သူ့ကို မမေးမိသလို၊ ထပ်​လည်း မသိချင်​ခဲ့ဘူး။

ငါ့အမြင်​မှာ၊ သူ ငါ့တပည့်​ဖြစ်​လာပြီးရင်​ အပြင်​လောကနဲ့ အဆက်​ဖြတ်​ရမှာပဲလို့ ထင်​ခဲ့တာ။ လူငယ်​တွေရဲ့ ချစ်​ခြင်းကြိုက်​ခြင်း၊ မုန်းခြင်းငြိုးခြင်း ကိစ္စ အရှုပ်​အထွေးတွေကို ငါ အရေးလုပ်​ဖို့လည်း စိတ်​မပါခဲ့ဘူးလေ။

ချင်းဟန်​ကလည်း ငါ့ကို ကတိအတန်​တန်​ပေးခဲ့တာပဲ။ ငါ့တပည့်​ဖြစ်​လာမှတော့ သူ့အတိတ်​ကို ထားရစ်​ခဲ့ပါ့မယ်​လို့လေ။ ငါလည်း ဆက်​ပြီး မေးမနေတော့ဘူး။ သူ အရင်​က လမ်းဘေးတေလေကြမ်းပိုးပဲ ဖြစ်​ဖြစ်​၊ မင်းမျိုးမင်းနွယ်​ပဲ ဖြစ်​ဖြစ်​ အကြောင်းမဟုတ်​ပါဘူး။ ငါ့အမြင်​မှာက သူ့ကို ငါ ကယ်​လိုက်​တဲ့ အချိန်​ကစပြီး သူ့အသက်​ကို ငါ ပိုင်​သွားပြီရယ်​ပေါ့။

ရယ်​စရာကောင်းတာက. . . ချင်းဟန်​က အဲ့သလို မတွေးဘူး. . .။

သူ့မှာလည်း သူ့လျို့ဝှက်​ချက်​နဲ့ သူ. . .

ဒီလိုဆိုတော့၊ သူ သိုင်းကွက်​တွေ သင်​ယူလို့ပြီး၊ ဂါထာမန္တာန်​တွေ တတ်​မြောက်​လို့ပြီးတာနဲ့ ငါ့ကို အကွက်​ဆင်​လုပ်​ကြံဖို့ ပြင်​တော့တာပဲ။

ခုလို အချိန်​တွေ အများကြီး နှောင်းပြီးတဲ့တိုင်​၊ ငါ အဲ့ဒီနေ့ကို မှတ်​မိနေသေးတယ်​။ အဲ့နေ့က နှင်းတွေ ကျတော့ မယောင်​ယောင်​။ ငါ့တန်​ခိုးအစွမ်းတွေကလည်း ရုတ်​လျော့ခမ်းခြောက်​စ ပြုနေတော့ ငါ တစ်​ချိန်လုံး ပင်​ပန်းနွမ်းလျ နေရတယ်။
ငါ အိမ်​ထဲမှာ တစ်​ရေးတမော အိပ်​မောကျနေတုန်း ချင်းဟန်​ရဲ့ မိုင်​တစ်​ထောင်​ အသံပို့မန္တာန်​ကို ကြားလိုက်​တာ။ "ဆရာ... ရေကန်​ထဲမှာ မကောင်းဆိုးဝါးတစ်​ကောင်​ရှိနေတယ်...!"
*မိုင်​တစ်​ထောင်​ အသံပို့လွှတ်​မန္တာန်​က ရှန်းရှ ဝတ္ထုတွေမှာ သုံးတဲ့ အင်းအိုင်​မန္တာန်​တစ်​မျိုးပါ။ သူ့ function က ဘိုပြောရမလဲ. . . Voice message လိုပဲ။*

ဆရာ ဝတ္ထုတိုများ (ဆရာ အိုပြီ)Where stories live. Discover now