ဆရာ အိုပြီ (၈)

313 45 0
                                    

သူ ပြုံးလိုက်တယ်။ "နတ်ဘုရားတွေရဲ့ သွေးက ပိုပြီး အစွမ်းအာနိသင်ရှိမှာပဲ..."

ငါ သူ့ကို ငါ့သွေးသောက်ခွင့်ပြုလို့ ဘယ်ဖြစ်မလဲ။ သူသာ ငါ့ အသွေးအသားကို စားနိုင်သွားရင် တကယ့်ကပ်ဘေးဆိုးတွေ ဖြစ်ကုန်တော့မှာပေါ့။

ငါက အိုနေတဲ့ စစ်နတ်ဘုရားဆိုရင်တောင်မှ စစ်နတ်ဘုရားတော့ စစ်နတ်ဘုရားပဲလေ။

ငါ့ရင်ထဲမှာ ရှုပ်ထွေးမှုတွေ နားမလည်နိုင်မှုတွေ ပြည့်နေပြီး... တစ်ယောက်သောသူကို မေးချင်တဲ့ မေးခွန်းတွေနဲ့ ပြည့်နှက်နေတယ်ဆိုပေမဲ့ ငါ့မှာ အခွင့်အရေးမရှိတော့ဘူးနဲ့ တူပါတယ်။
ဒါမှမဟုတ် အခုချိန်မှာ ဘာမှ မေးစရာ ပြောစရာ မလိုတော့ဘူးလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။

ငါက သေခါနီးနေပြီ။ စုတေတော့မယ်ဆိုတော့ ငါ မေးတော့ရော ဘာထူးမှာလဲ။
သူ အသက်ရှင်နေတယ်ဆိုတာကို သိရရုံနဲ့၊ သူ ဆက်ပြီး အသက်ရှင်နိုင်သွားမယ်ဆိုတာကို သိရရုံနဲ့ ငါ့ဆန္ဒတစ်ဝက်က ပြည့်သွားပါပြီ။
သူ မိစ္ဆာဘုရင် ခန္ဓာကိုယ်နဲ့ နေရမယ်ဆိုရင်တောင် ငါ ကျေနပ်နိုင်တယ်။

မိစ္ဆာဘုရင် ငါ့လည်မျိုကို မကိုက်လိုက်နိုင်သေးခင် ငါ ပြုံးလိုက်တယ်။ သူလည်း တဒင်္ဂတော့ မင်သက်ကြောင်အန်းသွားမိပုံပဲ။

သူက ချင်းဟန်ရဲ့ မျက်လုံးတွေကို သုံးလျက် ငါ့ကို ကြည့်တယ်။ ငါ့ကို ရက်စက်အေးစက်စွာ ကြည့်တယ်။ ငါ ဒီမျက်ဝန်းတွေကို နှစ်ပေါင်းများစွာ တမ်းတအမှတ်ရနေမိခဲ့တာ၊ ဒီတော့ အခုချိန်မှာ အကြည့်တွေက ငါ လိုချင်တဲ့ ခံစားချက်တွေ မပါတာတောင် ငါ ကျေနပ်နေမိတယ်။
ဒါ့ကြောင့်မို့ ငါ ပိုပြီး ပြုံးမိလိုက်တယ်ထင်တယ်။
"ငါ အတော်အိုနေပြီ... ငါ နင့်ကို ဟိုးအဝေးဆီ အတူ ခေါ်သွားပေးမယ်လေနော်"

မိစ္ဆာဘုရင် တောင့်တင်းသွားပြန်တယ်။ ဒါပေမဲ့ သိပ်မကြာလိုက်ဘူး။ သူ ချက်ချင်းအစွယ်တွေ ထုတ်လာတယ်။ သူ့သွား အစွယ်တွေ ငါ့လည်မျိုကို ထိသွားတာနဲ့ ငါ သူ့ကျောကို ဓားနဲ့ ထိုးလိုက်တယ်။ သူ့နှလုံးပါ ထုတ်ချင်းပေါက်သွားတဲ့ အထိ. . .

ဆရာ ဝတ္ထုတိုများ (ဆရာ အိုပြီ)Where stories live. Discover now