ဆရာ အိုပြီ [ဇာတ်သိမ်း]

497 64 4
                                    

ငါနဲ့ ချင်းဟန်​ မိစ္ဆာချောက်​နက်​ထဲကနေ ပြန်​တက်​လာနိုင်​ခဲ့တာက သုံးလောကတစ်​ခွင်​ကို အံ့အားသင့်​သွားရစေခဲ့တယ်​။

အသက်​ရှင်​လျက်​ပြန်​တက်​လာနိုင်​တယ်​ဆိုတာနဲ့တင်​ အံ့သြဖွယ်​ရာကြီးတွေ ဖြစ်​နေပြီကို...
မရဏလှိုင်းစဉ်​တွေအကြားကနေ ငါ ငါ့ခန္ဓာကိုယ်​ကို အသစ်​ပြန်​တည်​ဆောက်​နိုင်​တော့ ပိုလို့ အံ့မခန်းတွေ ဖြစ်​ကုန်​ကြတာ။
ငါ့ခန္ဓာကိုယ်​က ဘယ်​တော့မှ အိုလာမှာ မဟုတ်​ဘူး။
ဆက်​ပြီးတော့ ယိုယွင်း အိုမင်းမနေတော့ဘူး။
အစွမ်းတန်​ခိုးတွေ တဖြည်းဖြည်းလျော့သွားတဲ့ စုတေခါနီး ငါ မဟုတ်​တော့ဘူး။
ငါ ငယ်​ရွယ်​နုပျိုစဉ်​က အစွမ်းတွေ ခွန်​အားတွေတောင်​ပြန်​ရလာတယ်​။ တစ်​ခုလေးပဲ. . . .

ငါက နတ်​ဘုရား မဟုတ်​တော့တာလေးပဲ။
ငါ မိစ္ဆာမျိုးနွယ်​တစ်​ယောက်​ဖြစ်​လာတယ်။ တကယ့်​နတ်​မိစ္ဆာစစ်​စစ်​ဖြစ်​သွားခဲ့တယ်။

ဒီလိုတွေ ဘာကြောင့်​ဘယ်​လို ဖြစ်​သွားမှန်း ဘယ်​သူမှ မသိဘူး။ ငါ အပါအဝင်​ပေါ့။
ကောင်းကင်​လောကက ပုဂ္ဂိုလ်​တွေ ရောက်​လာပြီး မြင့်​မြတ်​တဲ့ တောက်​တရားကို ဖောက်​ပြားလွဲမှားစွာ ကျင့်​ကြံလို့ဆိုကာ ငါ့ကို လာဝေဖန်​ပြစ်​တင်​တိုင်း... ငါကတော့ ချင်းဟန်​ရင်​ခွင်​ကို ကျောပေးမှီထားရင်း လက်​နှစ်​ဖက်​ကို ဆန့်​တန်း စီးကာလိုက်​ကာ ပြောမိတတ်​တယ်​။
"ဒါဆိုလည်း မင်းတို့တွေ မိစ္ဆာတောက်​ကို ကာကွယ်​ပေးနေသူကို ဖယ်​ရှားသုတ်​သင်​ကြည့်​ကြည့်​လေ..."

ချင်းဟန်​ကတော့ မျက်​ခုံးတစ်​ဖက်​ပင့်​လိုက်​တယ်။

အဲဒီ့နောက်​က စပြီး ထာဝရရှင်​သန်​ခြင်းကောင်းကင်​လောကသားတွေ ငါတို့ကို လာမနှောင့်​ယှက်​ကြတော့ဘူး။

ဆိုရိုးရှိတယ်​မဟုတ်လား...
သူများကို အနိုင်​မယူနိုင်​ရင်​အေးအေးဆေးဆေး ငြိမ်​ငြိမ်​ကုပ်​ကုပ်​နေပြီး ပြဿနာမရှာဘဲ နေတတ်​ရမယ်​ဆိုတာမျိုးလေ...

_______________

[ပြီးပါပြီ]

🎉 You've finished reading ဆရာ ဝတ္ထုတိုများ (ဆရာ အိုပြီ) 🎉
ဆရာ ဝတ္ထုတိုများ (ဆရာ အိုပြီ)Where stories live. Discover now